Connect with us

Europe

ယူကရိန်းနိုင်ငံတွင် စစ်ဆင်ရေး ပထမအဆင့်ပြီးဆုံးကြောင်း ရုရှားနိုင်ငံ ကြေညာ

ယူကရိန်းနိုင်ငံ မာရီယူပိုးလ်မြို့တွင် ပျက်စီးနေသောကားများအား မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး အဓိကတာဝန်မှာ ယေဘူယျအားဖြင့် ပြီးစီးသွားပြီဖြစ်ကြောင်း ရုရှား စစ်တပ်က မတ် ၂၅ ရက်၌ ပြောကြားခဲ့သည်။“ယူကရိန်းစစ်တပ်ကို တိုက်ခိုက်ရေးအလားအလာကို သိသိသာသာ လျှော့ချလိုက်ပါပြီ” ဟု ရုရှား စစ်တပ် ပထမ လက်ထောက် စစ်ဦးစီးအရာရှိချုပ် Sergei Rudskoy က ပြောခဲ့သည်။

“ကျွန်တော်တို့ တပ်ဖွဲ့တွေနဲ့ ရည်ရွယ်ချက်တွေကတော့ ဒွန်ဘတ်စ်ဒေသ အပြည့်အဝလွတ်မြောက်ရေး ဆိုတဲ့ အဓိကအချက်ကို အာရုံစိုက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယူကရိန်းနိုင်ငံရှိ ကရှာဆွန်နှင့် ဇာပိုရေဇီးယား ဒေသအများစုမှာ ရုရှား၏ အပြည့်အဝထိန်းချုပ်မှုအောက် ရောက်ရှိနေပြီဖြစ်သလို ကိဗ်၊ ခွာကစ်ဗ်၊ ဆူးမီနှင့် မာလ်ကိုလိုင်ဗ် စသည့်မြို့များကိုလည်း ရုရှား တပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားကြောင်း Rudskoy က ဆိုသည်။

လွန်ခဲ့သည့်တစ်လအကြာ စစ်ဆင်ရေးစတင်ချိန်မှစ၍ ယူကရိန်း စစ်သား ၁၄,၀၀၀ ကျော် သေဆုံးခဲ့ပြီး ၁၆,၀၀၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း Rudskoy က ပြောခဲ့သည်။“ယူကရိန်း လေတပ်နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ လုံးဝနီးပါး ပျက်စီးသွားပါပြီ။ ရေတပ်ကလည်း ရပ်တည်ဖို့အတွက် အပစ်အခတ်ရပ်စဲထားတာပါ” ဟု Rudskoy က သတင်းထောက်များကို ပြောကြားခဲ့သည်။

ရုရှားနိုင်ငံဘက်တွင်မူ စစ်သား ၁,၃၅၁ ဦး သေဆုံးပြီး ၃,၈၂၅ ဦး ဒဏ်ရာရှိခဲ့ကြောင်း ၎င်းက ဆိုသည်။“ကျွန်တော် အလေးထားပြောလိုတာကတော့ အထူးစစ်ဆင်ရေးက ခွင့်ပြုထားတဲ့ အစီအစဉ်အတိုင်း တင်းတင်ကျပ်ကျပ် လုပ်ဆောင်နေတာပဲဖြစ်ပါတယ်” ဟု ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ပြောကြားခဲ့သည်။ (Xinhua)

………………………………………………
(English Version)
Russia announces completion of 1st stage of military operation in Ukraine
Source: Xinhua| 2022-03-26 00:00:31|Editor: huaxia
MOSCOW, March 25 (Xinhua) — The main tasks of the first stage of Russia’s special military operation in Ukraine have been completed in general, the Russian military said Friday.
“The combat potential of the Ukrainian Armed Forces has been significantly reduced,” said Sergei Rudskoy, first deputy chief of the General Staff of the Russian Armed Forces.
“Our forces and means will concentrate on the main thing — the complete liberation of Donbass,” he said.
The Ukrainian cities of Kiev, Kharkov, Chernihiv, Sumy and Nikolaev are blocked by Russian troops, while Kherson and most of the Zaporozhye region are under Russia’s full control, Rudskoy said.
Since the start of the military operation a month ago, more than 14,000 Ukrainian troops have been killed and about 16,000 others wounded, said Rudskoy.
“The Ukrainian air forces and air defense systems have been almost completely destroyed. The country’s naval forces have ceased to exist,” Rudskoy told reporters.
As for the Russian side, 1,351 servicemen have been killed and 3,825 others injured, he said.
“I want to emphasize that the special military operation is being carried out strictly according to the approved plan,” Russian Defense Ministry spokesman Igor Konashenkov said. ■

Photo : Photo taken on March 23, 2022 shows damaged cars in Mariupol, Ukraine. (Photo by Victor/Xinhua)