Connect with us

Europe

ရုရှားအနေဖြင့် “ချစ်ကြည်ရင်းနှီးမှုမရှိသော” နိုင်ငံနှင့် ဒေသများသို့ ငွေကြေးစီးဆင်းမှု ကန့်သတ်

ရုရှား ရူဘယ်ငွေစက္ကူများအား အမေရိကန်ဒေါ်လာများနှင့်အတူ ၂၀၂၁ ခုနှစ်၊ မတ် ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံအနေဖြင့် “ချစ်ကြည်ရင်းနှီးမှုမရှိသော နိုင်ငံနှင့် ဒေသများထံသို့ လွှဲပြောင်းနိုင်သည့် ငွေကြေးစီးဆင်းမှုအပေါ် ကန့်သတ်မှုများ ပြဋ္ဌာန်းလိုက်ကြောင်း ဗဟိုဘဏ်က မတ်၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။နိုင်ငံအချို့တွင် ရုရှားနိုင်ငံ၏ ရွှေ၊ နိုင်ငံခြားငွေနှင့် အရန်ငွေအချို့ ရပ်တန့်ထားမှုအား တုံ့ပြန်သည့်အနေဖြင့် ထိုသို့ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က Telegram တွင် ရေးသားခဲ့သည်။

ငွေကြေးများ၏ “နှိုင်းယှဉ်သောမာဏတစ်ခု” ကို သက်ရောက်မှုရှိကြောင်း၊ တိကျသောပမာဏာကို အသေးစိတ်ဖော်ပြထားခြင်းမရှိကြောင်း ဗဟိုဘဏ်က ဆိုသည်။
ရုရှားနိုင်ငံတွင် ရွှေနှင့် နိုင်ငံခြားအရန်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၄၀ ဘီလီယံရှိကြောင်းနှင့် ၎င်းတို့အနက်မှ ဘီလီယံ ၃၀၀ ခန့်မှာ ယူကရိန်းနိုင်ငံ၌ ရုရှားဘက်မှ အထူးစစ်ဆင်ရေးတစ်ရပ်အား စတင်လုပ်ဆောင်ပြီးနောက် ရပ်တန့်ခြင်း ခံထားရကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီး Anton Siluanov က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။ (Xinhua)
————————————-
(English Version)

Russia restricts flow of funds to “unfriendly” countries, regions
MOSCOW, March 25 (Xinhua) — Russia has imposed restrictions on the movement of funds that could be transferred to “unfriendly” countries and regions, its central bank said on Friday.
The measure was taken in response to the freezing of part of Russia’s gold and foreign currency reserves in some countries, the central bank said on Telegram.
“A comparable amount” of funds are affected, it said, without specifying the exact sum.
Russia has a total of about 640 billion U.S. dollars of gold and foreign currency reserves, and some 300 billion of them are frozen after Moscow launched a special military operation in Ukraine, Russian Finance Minister Anton Siluanov said earlier this month. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.