Connect with us

Europe

ပူတင်နှင့် Lavrov အပေါ် ဗြိတိန်၏ ပိတ်ဆို့အရေးယူမှုများက ထိခိုက်မှုမရှိကြောင်း ကရင်မလင်နန်းတော်မှ ပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်က ၂၀၂၀ ပြည့်နှစ် ၊ မေလ ၁၁ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့ပြင်ရှိ Novo-Ogaryovo ပြည်နယ်နေအိမ်မှ တယ်လီကွန်ဖရင့်အား တက်ရောက်ခဲ့စဉ် (ဓာတ်ပုံ- Sputnik via Xinhua)

မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင် (Vladimir Putin) နှင့် နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov တို့အပေါ် ဗြိတိန်နိုင်ငံ၏ ပိတ်ဆို့အရေးယူမှုများက ရုရှားထိပ်တန်းခေါင်းဆောင်များအတွက် ထိခိုက်မှုမရှိကြောင်း ကရင်မလင်နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် Dmitry Peskov က ဖေဖော်ဝါရီ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ငံ့အကြီးအကဲများသည် ပိတ်ဆို့အရေးယူထားပြီးဖြစ်သော Rossiya ဘဏ်တွင် ငွေများအပ်နှံထားလေ့ရှိကြောင်း၊ အသစ်မွမ်းမံထားသော ပိတ်ဆို့အရေးယူမှုများသည် ရုရှားနိုင်ငံ၏ ထိပ်တန်းခေါင်းဆောင်ပိုင်း မည်သူ့ကိုမျှ ထိခိုက်မှုမရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံသည် ရုရှားအပေါ် ပိုင်ဆိုင်မှု ရပ်ဆိုင်းခြင်းနှင့် အခြားသော ပိတ်ဆို့အရေးယူမှုများ ဆောင်ရွက်ခဲ့ပြီး၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပူတင်နှင့် ပူတင်နှင့် Lavrov တို့အပေါ် ပိတ်ဆို့မှုများတွင်လည်း ပါဝင်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

…………………..
(English Version)
British sanctions on Putin, Lavrov not painful, says Kremlin
MOSCOW, Feb. 26 (Xinhua) — The British sanctions on Russian President Vladimir Putin and Foreign Minister Sergey Lavrov were not painful for top Russian officials, said Kremlin spokesman Dmitry Peskov Friday.
The head of state used to keep money in the Rossiya Bank, which had already been sanctioned, said Peskov, adding that the updated sanctions were not painful for any representative of Russia’s top leadership.
Britain has slapped asset freezes and other sanctions against Russia, and has joined the United States and the European Union in imposing sanctions on Putin and Lavrov. Enditem
Photo-Russian President Vladimir Putin attends a teleconference at Novo-Ogaryovo state residence outside Moscow, Russia, on May 11, 2020. (Sputnik via Xinhua)