Connect with us

Europe

အနောက်နိုင်ငံများမှ ယူကရိန်းနိုင်ငံသို့ ထောက်ပံ့ပေးထားသည့် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနပြော

အမေရိကန်မှ ထောက်ပံ့သည့် Javelin တင့်ဖျက်ဒုံးကျည်စနစ်ကို တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး လှုပ်ရှားမှုတွင် အနောက်နိုင်ငံများမှ လွန်ခဲ့သည့်လပိုင်းက ယူကရိန်းသို့ ထောက်ပံ့ပေးသည့် လက်နက်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်က ဖေဖော်ဝါရီ ၂၅ ရက်ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ရုရှားမှ သိမ်းဆည်းရမိသော လက်နက်များတွင် အမေရိကန်မှ ထောက်ပံ့သည့် Javelin တင့်ဖျက်ဒုံးကျည်စနစ်နှင့် ဗြိတိန်မှ ပံ့ပိုးပေးသည့် အပေါ့စား တင့်ကားဖျက်လက်နက် (NLAW) တို့ ပါဝင်ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Igor Konashenkov က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးစစ်ဆင်ရေးအတွင်း ရုရှားစစ်တပ်သည် ယူကရိန်းစစ်တပ်၏ ကွပ်ကဲမှုစခန်းနှင့် ဆက်သွယ်ရေးစခန်း ၁၇ ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးစနစ် ၁၉ ခုနှင့် ရေဒါစခန်း ၃၉ ခုတို့အပါအဝင် ယူကရိန်းစစ်တပ်အခြေခံအဆောက်အအုံ ၂၁၁ ခုကို ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ရုရှားစစ်တပ်က တိုက်လေယာဉ် ၆ စင်း၊ ရဟတ်ယာဉ် ၁ စင်း၊ ဒရုန်း ၅ စင်း၊ တင့်ကား ၆၇ စင်းနှင့် အခြားသံချပ်ကာယာဉ်များ၊ ဒုံးပစ်လောင်ချာ ၁၆ စင်း၊ စစ်ဘက်ဆိုင်ရာ အထူးယာဉ် ၈၇ စင်းနှင့် စစ်သင်္ဘော ၅ စင်းတို့ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရုရှားစစ်တပ်က ယူကရိန်းရှိ Sumy နှင့် Konotop မြို့များကို ပိတ်ဆို့ထားသည်ဟု ဆိုသည်။ (Xinhua)

…………………………………………
(Chinese Version)
乌克兰局势)俄国防部称俄方缴获大量西方提供给乌克兰的武器
新华社莫斯科2月25日电(记者黄河)俄罗斯国防部官网25日晚间再次发布通报说,俄方在特别军事行动中,缴获西方国家过去几个月向乌克兰运送的大量武器。
俄国防部发言人科纳申科夫在通报中说,俄方缴获的武器装备包括美国的“标枪”反坦克导弹系统和英国提供的下一代轻型反坦克武器(NLAW)。
通报说,俄军在特别军事行动期间摧毁211处乌克兰军事基础设施,包括17个乌武装部队指挥所和通信中心、19个防空导弹系统、39个雷达站等。另外,俄军已击落6架战斗机、1架直升机、5架无人机,击毁67辆坦克及其他装甲车、16台多管火箭炮、87辆军用特种车辆,击沉5艘军用船只。
通报说,目前,俄武装部队封锁了乌克兰苏梅市和科诺托普市。(完)