Connect with us

Europe

တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ သမ္မတတို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြား

ရုရှားနိုင်ငံ မော်စကိုမြို့ပြမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်တို့သည် ဖေဖော်ဝါရီ ၂၅ ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ပြောကြားရာတွင် ရှီက ပေကျင်းဆောင်းရာသီအိုလံပစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ရန် တရုတ်နိုင်ငံသို့လာရောက်ခဲ့သည့် ပူတင်အား ကျေးဇူးတင်ကြောင်းနှင့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ဆုတန်းစီဇယားတွင် ဒုတိယနေရာ၌ရှိနေသော ရုရှားအားကစားသမားများအတွက်လည်း ဂုဏ်ပြုစကားပြောကြားခဲ့သည်။

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ အမျိုးသားအားကစားရုံတွင် ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားအား ဖေဖော်ဝါရီ ၂၀ ရက်က ညဘက်မြင်ကွင်းဖြင့် တွေ့ရစဉ် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ ကိဗ်မြို့ရှိ လူသူကင်းမဲ့နေသောလမ်းမတစ်နေရာအား ဖေဖော်ဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ပူတင်က ပေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပွဲ အောင်မြင်စွာကျင်းပပြီးခြင်းနှင့် တရုတ်နိုင်ငံ ကိုယ်စားပြုအဖွဲ့၏ ထူးချွန်စွာ စွမ်းဆောင်နိုင်ခြင်းအတွက် တရုတ် ပြည်သူများအားလုံးကို နွေးထွေးစွာ ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

ထို့ပြင် နှစ်ဖက်စလုံးက လက်ရှိဖြစ်ပွားနေသော ယူကရိန်းနိုင်ငံအခြေအနေနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ပူတင်က ယူကရိန်းအရေးကိစ္စ၏ သမိုင်းကြောင်း ဆက်စပ်အကြောင်းအရာများနှင့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေးနှင့် ၎င်း၏ရပ်တည်ချက်ကို ပြောကြားခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံနှင့် မြောက်အတ္တလန္တိတ်စာချုပ်ဝင်နိုင်ငံများအဖွဲ့(NATO) တို့က ကတိကဝတ်ကို ချိုးဖောက်လျက် ရုရှားနိုင်ငံ၏ မဟာဗျူဟာမြောက် အခြေခံမျဉ်းကို စိန်ခေါ်မှုဖြစ်စေခဲ့သည့် အရှေ့ဘက်သို့ စစ်အင်အားတပ်ဖြန့်မှုများကို စဉ်ဆက်မပြတ် တွန်းအားပေးလုပ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ယူကရိန်းနိုင်ငံနှင့် အဆင့်မြင့် ညှိနှိုင်းမှု ပြုလုပ်ရန် အသင့်ရှိကြောင်းလည်း ပူတင်က ဆိုသည်။

မကြာသေးမီက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် သိသိသာသာပြောင်းလဲလာသော အခြေအနေသည် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ အာရုံစိုက်ခြင်းခံခဲ့ရကြောင်း ရှီက ထောက်ပြခဲ့ကာ ယူကရိန်းပြဿနာ၏ အကျိုးများအပေါ် အခြေခံ၍ တရုတ်နိုင်ငံက ၎င်း၏ရပ်တည်ချက်ကို ဆုံးဖြတ်ထားကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် စစ်အေးတိုက်ပွဲ စိတ်ဓာတ်ကို လျှော့ချခြင်း၊ နိုင်ငံများစွာ၏ တရားဝင်လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို လေးစားလိုက်နာခြင်းနှင့် ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် မျှတ၍ ထိရောက်မှုရှိပြီး ရေရှည်တည်တံ့သော ဥရောပလုံခြုံရေး ယန္တရားတစ်ရပ် ဖွဲ့စည်းရန် ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံနှင့် ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ပြဿနာဖြေရှင်းရာတွင် ရုရှားအား ထောက်ခံကြောင်း၊ နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအား လေးစားလျက်ရှိကြောင်းနှင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ အဆိုပြုချက်များနှင့် စည်းမျဉ်းများကို စောင့်ထိန်းလိုက်နာလျက်ရှိကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဘုံ၊ ဘက်စုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသော လုံခြုံရေးသဘောတရားကို လက်ခံကျင့်သုံးရန် နိုင်ငံတကာအသိုက်အဝန်းအဖွဲ့ဝင်များနှင့် လက်တွဲလုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း၊ ကုလသမဂ္ဂနှင့်အတူ နိုင်ငံတကာဥပဒေအား အခြေခံထားသော ဗဟိုပြုချက်နှင့် နိုင်ငံတကာ အစီအစဉ်အား အခိုင်အမာစောင့်ထိန်းလျက်ရှိကြောင်း ရှီက ဆိုသည်။ (Xinhua)

…………………………………………
(English Version)
Chinese, Russian presidents hold phone conversation
Source: Xinhua
Editor: huaxia
2022-02-26 00:52:15
BEIJING, Feb. 25 (Xinhua) — Chinese President Xi Jinping and his Russian counterpart, Vladimir Putin, on Friday held a phone conversation.
During the phone conversation, Xi thanked Putin again for coming to China to attend the opening ceremony of the Beijing Winter Olympics, and congratulated the Russian athletes on finishing second in the Winter Olympics medal table.
Putin extended warm congratulations to all the Chinese people for the complete success of the Beijing Winter Olympics and for the outstanding performance of the Chinese delegation.
The two sides mainly exchanged views on the current Ukrainian situation.
Putin introduced the historical context of the Ukraine issue as well as Russia’s special military operation in eastern Ukraine and its position.
He said that the United States and the North Atlantic Treaty Organization have long ignored Russia’s legitimate security concerns, repeatedly broken their commitments and continuously pushed their military deployment eastwards, which challenged Russia’s strategic bottom line.
Russia is ready to hold high-level negotiation with Ukraine, said Putin.
Xi pointed out that recent dramatic changes in the situation in eastern Ukraine have drawn great attention from the international community, adding that China decides on its position based on the merits of the Ukrainian issue itself.
He called on dropping the Cold War mentality, attaching importance and respecting the legitimate security concerns of various countries and forming a balanced, effective and sustainable European security mechanism through negotiation.
The Chinese side supports the Russian side in solving the issue through negotiation with the Ukrainian side, Xi said, adding that China has been consistent in its basic position on respecting the sovereignty and territorial integrity of all countries and abiding by the purposes and principles of the UN Charter.
China is ready to work with members of the international community to embrace the concept of common, comprehensive, cooperative and sustainable security, and firmly uphold the international system with the United Nations at its core and the international order based on international law, Xi said. ■
Photo 1 : Photo taken on Feb. 12, 2022 shows the cityscape of Moscow, Russia. (Xinhua/Bai Xueqi)
Photo 2 : Fireworks illuminate the night sky during the closing ceremony of the Beijing 2022 Olympic Winter Games at the National Stadium in Beijing, capital of China, Feb. 20, 2022. (Xinhua/Xiong Qi)
Photo 3 : Photo taken on Feb. 25, 2022 shows an empty street in Kiev, capital of Ukraine. (Xinhua/Lu Jinbo)