Connect with us

Europe

သမ္မတ နှစ်ဦးတွေ့ဆုံဆွေးနွေးရန်အတွက် စာရွက်စာတမ်း မူကြမ်းအဆင်သင့်ဖြစ်နေပြီဟု ယူကရိန်းညှိနှိုင်းရေးမှူးချုပ် ပြောကြား

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ မတ် ၂၉ ရက်တွင် ရုရှား နှင့် ယူကရိန်း ကိုယ်စားလှယ်များတွေ့ဆုံဆွေးနွေးပွဲ မစတင်မီ တူရကီသမ္မတအာဒိုဂန်(လယ်) က အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

ယခုရက်သတ္တပတ်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပပြုလုပ်သော ယူကရိန်း – ရုရှား အစီးအဝေးပွဲအတွင်း ညှိနှိုင်းဆွေးနွေးခဲ့သော သဘောတူညီချက်မူကြမ်းများသည် ယူကရိန်းသမ္မတ နှင့် ရုရှားသမ္မတတို့ တွေ့ဆုံဆွေးနွေးရန်အတွက် ယခုအခါ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယူကရိန်းကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် David Arakhamia က ဧပြီ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။သဘောတူညီချက်မူကြမ်းများက “ နှစ်နိုင်ငံ ခေါင်းဆောင်တွေအကြား တိုက်ရိုက်တွေ့ဆုံဆွေးနွေးဖို့ လုံလောက်မှုရှိပါတယ်” ဟု ညှိနှိုင်းရေးမှူးချုပ် Arakhamia ၏ ပြောကြားချက်ကိုကိုးကား၍ Interfax-Ukraine သတင်းဌာနက ဖော်ပြခဲ့သည်။

“ ကျွန်တော်တို့ရဲ့ အလုပ်က စာရွက်စာတမ်း မူကြမ်းကို အပြီးသတ်ပြင်ဆင်ဆောင်ရွက်ပေးရုံသာမကပါဘူး ၊ သမ္မတနှစ်ဦးရဲ့ လာမယ့်ဆွေးနွေးပွဲအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ဖို့ နဲ့ အဲဒီကိစ္စရပ်တွေအပေါ်မှာ ထိတွေ့ညှိနှိုင်းဆောင်ရွက်တာတွေလည်း လုပ်ရပါပါတယ် ” ဟု ၎င်းက ဆိုသည်။

လာမည့်ဆွေးနွေးပွဲကို ဗီဒီယိုလင့်ခ်မှတဆင့်ပြုလုပ်ရန် နှစ်ဖက်စလုံးက စတင်လုပ်ဆောင်နေပြီးဖြစ်ကြောင်း ယူကရိန်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ဝင် Mykhailo Podolyak ၏ ပြောကြားချက်ကို ကိုးကား၍ ယူကရိန်းအစိုးရပိုင် Ukrinform သတင်းဌာနက ဧပြီ ၁ ရက်တွင် အတည်ပြု ဖော်ပြခဲ့သည်။
ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့သည် ၎င်းတို့၏ နောက်ဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးပွဲကို မတ် ၂၉ ရက်တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲသည် အချိန် ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။(Xinhua)

————————–
(English Version)

Draft documents ready for discussion by presidents: Ukrainian chief negotiator

KIEV, April 2 (Xinhua) — The draft agreements that were discussed during the meeting in Istanbul this week are now ready for discussion by the presidents of Ukraine and Russia, head of the Ukrainian delegation David Arakhamia said Saturday.

The draft has been “developed enough to conduct direct consultations between the two leaders of the countries,” Arakhamia was quoted by Interfax-Ukraine news agency as saying.

“Our task is to prepare the final stage not of the document itself, but of those issues that we touched upon, and to prepare the future meeting of the presidents,” he said.

Ukraine’s government-run Ukrinform news agency confirmed on Friday that the two sides have started the next round of peace talks via video, citing a member of the Ukrainian delegation Mykhailo Podolyak.

Russia and Ukraine held their latest round of face-to-face peace talks in Turkey’s Istanbul on Tuesday, which lasted for about three hours.

Turkish President Recep Tayyip Erdogan (C) meets with Russian and Ukrainian delegations before a fresh round of face-to-face peace talks in Istanbul, Turkey, March 29, 2022. (Xinhua)