Connect with us

Europe

ရုရှားနှင့်ပဋိပက္ခတွင် ယူကရိန်းက တစ်လ စစ်အသုံးစရိတ် ဒေါ်လာ ၁၀ ဘီလီယံအထိရှိခဲ့

ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ယူကရိန်းအရှေ့ပိုင်း၊ Donbass ဒေသရှိ ရှေ့တန်းကာကွယ်ရေးစခန်းရှိ တပ်ဖွဲ့ဝင်များအား ၂၀၂၁ခုနှစ်၊ ဧပြီ ၈ ရက်တွင် ကြည့်ရှုစစ်ဆေးစဉ် (ဓာတ်ပုံ-- Ukrainian Presidential Office/Handout via Xinhua)

ကိဗ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံသည် ရုရှားနိုင်ငံနှင့် ပဋိပက္ခတိုက်ပွဲတွင် တစ်လ စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာဘီလီယံ ၁၀ ခန့် သုံးစွဲခဲ့ကြောင်း သမ္မတရုံး ပြန်ကြားရေးဌာနက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။“ စစ်မက်ဖြစ်ပွားမှုကြောင့် ယူကရိန်းနိုင်ငံဟာ တစ်လကို ဒေါ်လာဘီလီယံ ၁၀ ခန့် သုံးစွဲခဲ့ရတယ်။”ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၏ အချက်အလက်ကို ကိုးကား၍ ယူကရိန်းသမ္မတရုံးဝက်ဆိုဒ်စာမျက်နှာပေါ်တွင် ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။
ယူကရိန်းနိုင်ငံ၏ သုံးစွဲကုန်ကျသည့်ဘဏ္ဍာရေးအရင်းအမြစ်များအနက် ယင်းကြေညာချက်တွင် ယူကရိန်းနိုင်ငံပိုင် အခွန်ဝင်ငွေများ နှင့် ယူကရိန်းနိုင်ငံ၏ နိုင်ငံတကာမိတ်ဖက်များမှ အကူအညီများဟူ၍ ဖော်ပြထားသည်။ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား စစ်ရေးပဋိပက္ခသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။ (Xinhua)
————————–
(English Version)
Ukraine spends 10 bln USD a month on conflict with Russia
KIEV, April 2 (Xinhua) — Ukraine spends about 10 billion U.S. dollars per month on the conflict with Russia, the presidential press service said Saturday.
“The Ukrainian state spends about 10 billion dollars a month on hostilities,” said a statement on the Ukrainian presidential website, citing data from the Ministry of Finance.
Among Ukraine’s sources of expenditure financing, the statement named the country’s own tax revenues and assistance from Ukraine’s international partners.
The military conflict between Ukraine and Russia started on Feb. 24. Enditem
Photo – Ukrainian President Volodymyr Zelensky inspects the positions of the Armed Forces of Ukraine at the frontline of defense in Donbass, eastern Ukraine, April 8, 2021. (Ukrainian Presidential Office/Handout via Xinhua)