Connect with us

Asia

ပါကစ္စတန်ဝန်ကြီးချုပ်အပေါ် အတိုက်အခံ၏ အယုံအကြည်မရှိအဆိုမှာ ပြည်ပဝင်ရောက်စွက်ဖက်မှုရှိဟုဆိုကာ ပယ်ချခံရ

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့၌ တရုတ်မီဒီယာနှင့်တွေ့ဆုံမေးမြန်းခန်းပြုလုပ်နေသော ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် အင်မရန်ခန်း အား တွေ့ရစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် အင်မရန်ခန်းအပေါ် အတိုက်အခံမဟာမိတ်များက တင်သွင်းလာသော အယုံအကြည်မရှိအဆိုသည် ဝန်ကြီးချုပ်အား ဆန့်ကျင်သည့်လှုပ်ရှားမှုတွင် နိုင်ငံခြားသားခြေရာလက်ရာများ ပါဝင်ပတ်သက်နေသည်ဟုဆိုကာ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌက ပယ်ချလိုက်ကြောင်း သိရသည်။ပါကစ္စတန်အမျိုးသားလွှတ်တော်(သို့မဟုတ်) အောက်လွှတ်တော် ဒုတိယဥက္ကဌ Qasim Khan Suri က ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆိုကို ပယ်ချလိုက်ကြောင်း ၊ အဘယ်ကြောင့်ဆိုသော အတိုက်အခံဘက်က တင်သွင်းလာသောအဆိုတွင် ပြည်ပမှ ပါဝင်ပတ်သက်နေသည့် အထောက်အထားများကို တွေ့ရှိခဲ့ရပြီး ယင်းမှာ ပါကစ္စတန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်နေသောကြောင့် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မတ် ၈ ရက်အစောပိုင်းတွင် ပါကစ္စတန်မွတ်စလင်အဖွဲ့ချုပ်-Nawaz ၊ ပါကစ္စတန်ပြည်သူ့ပါတီ နှင့် Muttahida Majlis-e-Amal တို့အပါအဝင် အတိုက်အခံမဟာမိတ်ပါတီများက ဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆိုအတွက် မဲခွဲဆုံးဖြတ်ရန် အမျိုးသားလွှတ်တော်ဥက္ကဌရုံးသို့ မေတ္တာရပ်ခံစာတစ်စောင်ရေးသားတင်သွင်းခဲ့သည်။မတ် ၂၈ ရက်တွင် မဟာမိတ်အတိုက်အခံအဖွဲ့က လွှတ်တော်၌ အယုံအကြည်မရှိအဆိုတင်သွင်းပြီး ယင်းအဆိုအနိုင်ရရန် ၎င်းတို့ထံတွင် လိုအပ်သောမဲအရေအတွက်ရှိကြောင်းဆိုသည်။

မတ် ၂၇ ရက်က အစ္စလာမ်မာဘတ်မြို့တော်၌ ပြုလုပ်သည့် လူထုထောက်ခံပွဲတစ်ခုတွင် ဝန်ကြီးချုပ်ခန်းက ၎င်းအစိုးရအဖွဲ့အနေဖြင့် နိုင်ငံခြားတိုင်းပြည်တစ်ခုမှ သံတမန်မှတ်တမ်းတစ်ခုကို လက်ခံရရှိခဲ့ကြောင်း ၊ ယင်းမှတ်တမ်းထဲတွင် “ အကယ်၍ ခန်းကို ရာထူးက ဖယ်ရှားလိုက်မယ်ဆိုရင် ပါကစ္စတန်ရဲ့ အမှားအယွင်းတွေအားလုံးကို ခွင့်လွှတ်ပေးမယ် ၊ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် နိုင်ငံဟာ ကမ္ဘာနဲ့အဝှမ်း အလွန်ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားသွားရမယ် ” ဟု ဖော်ပြထားကြောင်း ၎င်းက ဖတ်ကြားပြောပြခဲ့သည်။

နောက်ပိုင်းတွင် အမျိုးသားလုံခြုံရေးကော်မတီ(NSC) အစည်းအဝေးတစ်ရပ်ကို ဝန်ကြီးချုပ်က ဥက္ကဌအဖြစ်တာဝန်ယူ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားသားအရာရှိ၏ မှတ်ချက်စကားမှာ သံတမန်မဆန်ကြောင်း နှင့် ယင်းမှာ ပါကစ္စတန်နိုင်ငံ၏ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်းဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း ၊ မည်သည့်အခြေအနေမျိုးတွင်မဆို လက်ခံနိုင်စရာမရှိကြောင်း ၎င်းက အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ခန်းသည် ဧပြီ ၁ ရက်က ပါကစ္စတန်ပြည်တွင်း Urdu TV ရုပ်သံလိုင်းနှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းမှုတွင် ပါကစ္စတန်နိုင်ငံ၏ ပြည်တွင်းရေးများ၌ ဝင်ရောက်စွက်ဖက်ခဲ့ခြင်းအပေါ် ကန့်ကွက်လွှာတစ်စောင်ကို အစ္စလာမ်မာဘတ်မြို့ရှိ အမေရိကန်သံရုံးမှ အရာရှိတစ်ဦးထံ ၎င်း၏ အစိုးရအဖွဲ့က တရားဝင်ပေးအပ်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

“ ကျွန်တော်တို့က အစ္စလာမ်မာဘတ်မှာရှိတဲ့ အမေရိကန်သံရုံးကို ကန့်ကွက်လွှာ(demarche) တစ်စောင်ကို ပေးအပ်ခဲ့ပါတယ်။ ဒီလိုဝင်ရောက်စွက်ဖက်မှုကို သူတို့ဘာကြောင့်လုပ်ခဲ့လဲဆိုတာ မေးမြန်းခဲ့ပါတယ်” ဟု သံတမန်မှတ်တမ်းအား ရည်ညွှန်း၍ ခန်းက ဆိုသည်။
၎င်းအစိုးရအဖွဲ့ပြုတ်ကျစေရန် ပြည်ပမှ ကြိုးကိုင်စီမံဆောင်ရွက်နေသည့် ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်သည်မှာ ထင်ရှားနေကြောင်း နှင့် ပါကစ္စတန်လွှတ်တော်အမတ်များ၏ ထောက်ခံမှုကို ငွေပေး၍ ဝယ်ယူခြင်း နှင့် အတိုက်အခံမဟာမိတ်အဖွဲ့တစ်ခုဖွဲ့စည်းခြင်း နည်းလမ်းတို့ဖြင့် ၎င်းအစိုးရအဖွဲ့ ပြုတ်ကျသွားရန် အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်၏ပြောကြားချက်အရ သိရသည်။ ( Xinhua)

—————————-
(English Version)
Opposition’s no-confidence motion against Pakistani PM rejected over foreign interference

ISLAMABAD, April 3 (Xinhua) — Deputy Speaker of the National Assembly of Pakistan rejected here on Sunday a no-confidence motion filed by an opposition alliance against Pakistani Prime Minister Imran Khan over alleged involvement of foreign hands in the move aimed at ousting the incumbent government.

Deputy speaker of the lower house of parliament Qasim Khan Suri rejected the no-confidence motion, saying that foreign involvement was found in the opposition’s move aiming to oust the incumbent government, which is against the Constitution of Pakistan.
Earlier on March 8, the alliance of opposition parties including Pakistan Muslim League-Nawaz, Pakistan Peoples Party and Muttahida Majlis-e-Amal submitted a requisition to the office of the Speaker of the National Assembly to summon a house session for voting on the no-confidence motion. On March 28, the opposition alliance presented the no-confidence motion in the house claiming that they had the required votes to make it successful.

The prime minister told a public rally in Islamabad on March 27 that his government had received a diplomatic note from a foreign country, which read that “if Imran Khan is ousted from power, Pakistan’s all mistakes would be forgiven, otherwise, the country would face dire consequences across the world.”
Later, the prime minister chaired a meeting of the National Security Committee (NSC) which termed the language in the note used by the foreign official as undiplomatic and as a blatant interference in the internal affairs of Pakistan, which is unacceptable under any circumstances.
On Friday, Khan said in an exclusive interview with local Urdu TV channel that his government had sent an official message to the United States embassy in Islamabad to protest the above-mentioned interference in Pakistan’s political affairs.
“We gave a demarche to the American embassy in Islamabad and asked why did they do this interference,” said Khan, referring to the diplomatic note.
According to the prime minister, it is obvious that the conspiracy to oust his government was planned abroad and is being implemented through purchasing the support of Pakistani parliamentarians and forming an opposition alliance. Enditem

Photo – Pakistani Prime Minister Imran Khan speaks during an interview with Chinese media in Islamabad, capital of Pakistan, on Jan. 27, 2022.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.