Connect with us

Europe

ရုရှားနိုင်ငံ၏ ပြည်ပကုန်သွယ်မှုများတွင် ရူဘယ်ငွေပေးချေမှုများကို ပိုမိုအသုံးပြုသွားမည်

ရုရှားရူဘယ်ငွေစက္ကူများအား အမေရိကန်ဒေါ်လာများနှင့်အတူ တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဧပြီ ၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ၏ ပြည်ပကုန်သွယ်မှုများတွင် ရူဘယ်ငွေပေးချေမှုများကို ပိုမိုအသုံးပြုသွားမည် ဖြစ်ကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဧပြီ ၃ ရက်တွင် ပြောကြားခဲ့သည်။
“ဒါက ငွေပေးချေမှုတွေရဲ့ ရှေ့ပြေးပုံစံစနစ် တစ်ခု ဖြစ်နေဆဲပါပဲ ။ ဒါပေမယ့် ဒါက ကုန်ပစ္စည်းအုပ်စုအသစ်တွေဆီကို ဖြန့်ကျက်သွားနိုင်ပြီးတော့ ကျွန်တော်တို့ရဲ့ပြည်ပကုန်သွယ်မှုတွေမှာ ကြီးမားတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နိုင်မယ်လို့ ယုံကြည်ပါတယ်။”ဟု ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က Russia 1 TV ချန်နယ်နှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။

ရုရှားဓာတ်ငွေ့အတွက် ရူဘယ်ငွေပေးချေမှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဝယ်လက်များအနေဖြင့် သဘောတူညီချက်ထဲတွင် ဖော်ပြထားသည့်အတိုင်း စံနှုန်းအတွင်း ပေးချေသွားရမည် ဖြစ်သော်လည်း နောက်ဆုံးငွေပေးချေမှုတွင် ရုရှားရူဘယ်ငွေများကို ယူရို သို့မဟုတ် အမေရိကန်ဒေါ်လာများဖြင့် ဝယ်ယူကာ ယင်းရူဘယ်ငွေကို ရောင်းချသူ ရုရှားဓာတ်ငွေ့လုပ်ငန်းကြီး Gazprom ထံသို့ ပေးသွင်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားဓာတ်ငွေ့အတွက် ရူဘယ်ငွေပေးချေမှုများသည် ရုရှားနိုင်ငံ၏ ကုန်သွယ်မှုလုံခြုံရေးကို သေချာစေရန် ဖြစ်ပြီး မည်သူကိုမျှ မလိုမုန်းထားစိတ်ဖြင့် တမင်တကာလုပ်ရန် မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(English Version)
Ruble payments to be used more in Russia’s foreign trade: Kremlin
MOSCOW, April 3 (Xinhua) — Ruble payments will be used more in Russia’s foreign trade, Kremlin Spokesman Dmitry Peskov said Sunday.
“It is still a prototype system (of payments), but I’m confident that it will spread to new groups of goods as well, and it will play a larger role in our foreign trade,” Peskov said in an interview with Russia 1 TV channel.
When talking about ruble payments for Russian gas, Peskov said that buyers will pay in units “indicated in agreements,” but the final payment will be submitted to the seller, Russia’s gas industry giant Gazprom, in rubles by buying Russian rubles with these euros or U.S. dollars.
The ruble payments for Russian gas mean to ensure the security of Russia’s trade and not to spite anyone, he added. Enditem
Photo – Russian ruble banknotes are seen with the U.S. dollars in the backdrop on March 2, 2021. (Xinhua/Shi Hao)