Connect with us

Europe

ကုန်တင်ယာဉ်မောင်းများဆန္ဒပြနေစဉ်အတွင်း အော့တဝါမြို့၌ အရေးပေါ်အခြေအနေကြေညာ

အော့တဝါ ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

ကနေဒါနိုင်ငံ၏ အဓိကမြို့ကြီးဖြစ်သည့် အော့တဝါမြို့၌ ကုန်တင်ယာဉ်မောင်းများ၏ ၉ ရက်ကြာ ဆန္ဒပြပွဲအား ထိန်းသိမ်းဆောင်ရွက်ရန် အော့တဝါမြို့တော်ဝန်က ဖေဖော်ဝါရီ ၆ ရက်တွင် အရေးပေါ်အခြေအနေကြေညာခဲ့သည်။ယင်းကြေညာချက်သည် “ လက်ရှိဖြစ်ပွားလျက်ရှိတဲ့ ဆန္ဒပြပွဲတွေဟာ ဒေသခံတွေရဲ့ ဘေးကင်းလုံခြုံမှုကို ကြီးကြီးမားမား ခြိမ်းခြောက်မှုဖြစ်နေတာ ထင်ဟပ်စေသလို အစိုးရဌာနအဆင့်ဆင့်နဲ့ တရားစီရင်ရေးကို ထောက်ခံအားပေးဖို့လိုအပ်တဲ့အကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ပါတယ်” ဟု မြို့တော်ဝန်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကနေဒါနိုင်ငံ အော့တဝါမြို့ပေါ်၌ ကုန်တင်ကားများဖြင့် လမ်းပိတ်ဆို့ဆန္ဒပြနေသည်ကို ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အော့တဝါရဲတပ်ဖွဲ့အကြီးအကဲ Peter Sloly က ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်သော ရဲတပ်ဖွဲ့အထူးအစည်းအဝေးတစ်ခု၌ ပြောကြားရာတွင် ၎င်း၏ တပ်ဖွဲ့ဝင်များသည် “ဒီမြို့မှာရှိတဲ့ ရဲလုပ်ငန်းစဉ်အတွက် အရည်အသွေးပြည့်မီပြီး ထိရောက်မှုရှိတဲ့ အစီအမံတွေ လုပ်ပေးနေချိန်မှာပဲ အရည်အသွေးပြည့်မီပြီး ထိရောက်မှုရှိတဲ့အရင်းအမြစ်တွေ လုံလုံလောက်လောက် မရရှိဘူးဖြစ်နေတယ် ” ဟု ဆိုသည်။

ကနေဒါနိုင်ငံ အော့တဝါမြို့ပေါ်၌ ကုန်တင်ကားများဖြင့် လမ်းပိတ်ဆို့ဆန္ဒပြနေသည်ကို ဇန်နဝါရီ ၂၈ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် “ ပစ်ခတ်ဖို့ပြောနေကြကြောင်း” ၊ အဆိုပါ ကုန်တင်ယာဉ်မောင်းများသည် ၎င်းတို့၏ ကုန်ကားများကို လူသွားလူလာလမ်းများပေါ်တွင် ရပ်တံ့ကာ ညပိုင်းရောက်သည်အထိ ကားဟွန်းသံများကို အဆက်မပြတ်တီးနေကြသဖြင့် “ ထိန်းမနိုင်သိမ်းမရ” အခြေအနေကို ဖန်တီး လုပ်ဆောင်နေကြကြောင်း မြို့တော်ဝန် Watson က ဆိုသည်။

“ ကျွန်တော်တို့ရဲတပ်ဖွဲ့ လူအင်အားထက် သူတို့လူတွေက ပိုများနေတယ် ၊ ဒီလှုပ်ရှားမှုတွေ ဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ ပိုပြီးတက်ကြွ သွက်လက်နေဖို့ ရဲတပ်ဖွဲ့အကြီးအကဲကို ကျွန်တော် ညွှန်ကြားထားပါတယ်” ဟု မြို့တော်ဝန်က အော့တဝါမြို့တော်အသံလွှင့်ဌာနသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သော စနေနေ့တွင် လူပေါင်း ၅,၀၀၀ ခန့် နှင့် နောက်တွဲယာဉ် နှင့် အိမ်စီးကား အစီးပေါင်း ၁,၀၀၀ ခန့်ပူးပေါင်း၍ ဒုတိယမြောက်ရက်သတ္တပတ်အဖြစ် အော့တဝါမြို့တွင်း လှည့်လည်မောင်းနှင်ကာ ကနေဒါ-အမေရိကန် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကုန်တင်ယာဉ်မောင်းများအတွက် ကနေဒါစိုးရ၏ ကာကွယ်ဆေးထိုးနှံရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်ကို ဝိုင်းဝန်းကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ဆန္ဒပြသူများသည် ဝိုင်းဝန်းပိတ်ဆို့မှုတစ်ခုပြုလုပ်ခဲ့သလို ဆိုင်ခန်းများဖျက်ဆီးခြင်း ပရမ်းဗတာပြုမူခြင်းများ လုပ်ဆောင်ခဲ့သဖြင့် ထိုလုပ်ရပ်ကို “အကြမ်းဖက်ဝါဒ” အပြုအမူတစ်ခုဟု မြို့တော်တာဝန်ရှိသူက ထုတ်ဖော်ပြောကြားလိုက်ပြီး ၎င်းအား “ပိတ်ဆို့သည့်လုပ်ရပ်” အဖြစ် Sloly ကသတ်မှတ်ခဲ့သည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးမှုအချို့ပြုလုပ်ခဲ့ပြီး လက်မှတ်များ ၄၅၀ ကျော်ကို ထုတ်ပြန်ခဲ့သည်။ သို့သော် အော့တဝါဒေသခံများက ယင်းလုပ်ရပ်များ အရေးယူမှုပြုလုပ်ပေးရန် ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျက်စတင်းထရုးဒေါ့ထံ တောင်းဆိုခဲ့ကြသည်။

ယခုအချိန်ထိ ၎င်းတို့သဘောမတူသေးသော အဓိကအချက်တစ်ခုမှာလူအုပ်ကြီး နှင့် သူတို့၏ မော်တော်ယာဉ်များကို လူစုခွဲရန်အတွက် ကနေဒါစစ်တပ် စေလွှတ်ရေး တောင်းဆိုချက်ပင် ဖြစ်ကြောင်း သိရသည်။(Xinhua)

—————————————–
(English Version)

Ottawa declares state of emergency amid truckers’ protest

OTTAWA, Feb. 6 (Xinhua) — Ottawa Mayor Jim Watson on Sunday declared a state of emergency to deal with a nine-day protest that has disrupted the core of the Canadian capital.

The declaration “reflects the serious danger and threat to the safety and security of residents posed by the ongoing demonstrations and highlights the need for support from other jurisdictions and levels of government,” said a statement issued by the city.

Peter Sloly, the chief of the Ottawa Police Service, told a special meeting of the police board on Saturday that his force does not “have sufficient resources to adequately and effectively address this situation while adequately and effectively providing policing in this city.”

Watson said that the thousands of protesters “are calling the shots” and have made the situation — where trucks have clogged residential streets and have kept their horns honking well into the night — “out of control.”
“They have far more people than we have police officers and I’ve indicated to the chief that we have to be much more nimble and proactive when it comes to these activities,” the mayor told an Ottawa radio station.

On Saturday, about 5,000 people and 1,000 tractor-trailers and personal vehicles squeezed into downtown Ottawa to join in on the second week of a protest, which was initially intended to voice opposition to the Canadian government’s vaccine requirement for truckers crossing the Canada-United States border.

Over the past week, the protest morphed into an occupation, and this weekend, Sloly characterized it as a “siege,” while a city councilor called it an act of “terrorism,” following reports of protesters involved in assaults and acts of vandalism.

Police have made a few arrests and issued more than 450 tickets. But Ottawa residents want tougher action taken and have called on Canadian Prime Minister Justin Trudeau to take action.

One major ask he has declined to agree to, thus far, is calling on the Canadian Armed Forces to disperse the crowds and their vehicles.

Trucks block Wellington Street in Ottawa, Canada, on Jan. 28, 2022. (Xinhua/Lin Wei)