Connect with us

Europe

ပိုလန်နိုင်ငံသို့ ထပ်မံစေလွှတ်သည့် အမေရိကန် တပ်ဖွဲ့ဝင်များ ရောက်ရှိ

ဝါဆော ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံအကြား တင်းမာမှုများမြင့်တက်နေချိန်တွင် ယခုသီတင်းပတ်အတွင်း ပိုလန် ၊ ရိုမေးနီးယား နှင့် ဂျာမနီနိုင်ငံများသို့ အမေရိကန်တပ်ဖွဲ့ဝင်များ ထပ်မံ၍ တပ်ဖြန့်ချထားရန် အမေရိကန် နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်၏ အမိန့်အရ ဖေဖော်ဝါရီ ၆ ရက်တွင် ပိုလန်နိုင်ငံတောင်ပိုင်းသို့ အမေရိကန်စစ်သားများအား သယ်ဆောင်လာသည့် လေယာဉ်တစ်စင်း ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။ပိုလန်နိုင်ငံသို့ စေလွှတ်သည့် အမေရိကန်စစ်သား ၁,၇၀၀ ဦးသည် ပိုလန်နိုင်ငံ၏ အရှေ့-တောင်ဘက်အပိုင်းတွင် လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့ ၊ ပစ္စည်းကိရိယာ နှင့် စစ်သားတစ်ချို့သည် ဖေဖော်ဝါရီ ၄ ရက် နှင့် ၅ ရက်တို့တွင် အခြားလေယာဉ်များဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အနောက်နိုင်ငံများက ရုရှားနယ်စပ်အနီးတွင် စစ်ရေးလှုပ်ရှားဆောင်ရွက်မှုများ အရှိန်အဟုန်မြှင့်တင်လာသည့်နှင့်အမျှ ရုရှားနိုင်ငံ နှင့် ယူကရိန်းနိုင်ငံတို့အကြား တင်းမာမှုများဆက်လက် ကြီးထွားလာခဲ့သည်။

ယူကရိန်းနိုင်ငံ နှင့် ၎င်းတို့၏ မဟာမိတ်များသည် ရုရှားနိုင်ငံသည် ယူကရိန်းနယ်စပ်အနီးတွင် တပ်ဖွဲ့ဝင်များ စုဆောင်းနေကြောင်း စွပ်စွဲထားပြီး ကျူးကျော်ထိပါးခြင်း ဖြစ်နိုင်ခြေအား ထပ်မံထောက်ပြနေသည်။ ရုရှားနိုင်ငံက ထိုကဲ့သို့သော ပြောဆိုချက်များအား မဟုတ်မှန်ကြောင်း ငြင်းပယ်ခဲ့ပြီး အမျိုးသားလုံခြုံရေး ကာကွယ်ရန် နှင့် ၎င်း၏ ပိုင်နက်နယ်မြေအတွင်း တပ်ဖွဲ့ဝင်များ လှုပ်ရှားရန် အခွင့်အရေးအပြည့်အဝရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(English Version)

Additional U.S. troops arrive in Poland

WARSAW, Feb. 6 (Xinhua) — A plane carrying U.S. soldiers landed in southern Poland on Sunday, on U.S. President Joe Biden’s order to deploy additional U.S. troops to Poland, Romania and Germany this week, amid rising tensions between Russia and Ukraine.

The 1,700 U.S. soldiers sent to Poland will operate in the country’s eastern-southern part, according to the Polish Defense Ministry.

Logistics, equipment and a handful of soldiers arrived on other planes on Friday and Saturday.
Tensions between Russia and Ukraine are growing as the Western countries are stepping up military maneuvers near the Russian borders.

Kiev and its Western allies have accused Russia of amassing troops near the Ukrainian border, further pointing to the possibility of an “invasion.” Moscow has denied such claims, adding that it had every right to mobilize troops within its borders and defend its national security. ■

Photo – U.S. soldiers stand guard at the site of car bombing in Nangarhar Province, east Afghanistan, Jan. 5, 2015. (Xinhua/Tahir Safi)