Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ သမ္မတက ရထူးသက်တမ်းကုန်ဆုံးရန် နီးကပ်လာသဖြင့် ထုပ်ပိုးခြင်းလုပ်ငန်းစတင်

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂိုဒူတာတေးအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ သမ္မတ ရိုဒရီဂိုဒူတာတေးသည် ဇွန်လတွင် သမ္မတရာထူးသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သလို ၎င်း၏နေရာတွင် ဆက်ခံမည့်သူအား တာဝန်လွှဲပြောင်းမပေးမီ လေးလသာလိုတော့သဖြင့် ပိုင်ဆိုင်ပစ္စည်းများအား စတင်ထုပ်ပိုးနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော့်ပစ္စည်းတွေကို ထုပ်ပိုးပြီးတော့ (Davao မြို့) ဆီကို ပို့နေပါပြီ” ဟု ဒူတာတေးက ဖေဖော်ဝါရီ ၇ ရက်ညပိုင်းက ပြည်သူသို့ ထုတ်လွှင့်သောမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

“သေးငယ်တဲ့ပစ္စည်းတွေ၊ အထိမ်းအမှတ်ပစ္စည်းတွေနဲ့ လေးလံတဲ့ ကြေးနီပစ္စည်းတွေကိုတော့ စပြီးတင်ပို့နေပါပြီ” ဟု ၎င်းက ဆိုသည်။ အသက် ၇၆ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံ သမ္မတသည် Davao မြို့တွင် မိသားစုနှင့်အတူနေထိုင်ခဲ့သည်။ ၎င်းသည် သမ္မတသက်တမ်း ခြောက်နှစ်အတွင်း မနီလာမြို့တော်နှင့် ဇာတိမြို့အကြား သွားလာနေထိုင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော့်ကို သမ္မတတစ်ဦးအဖြစ် တာဝန်ပေးအပ်ထားတဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ဒီရက်ပိုင်းတွေမှာ မိန့်ခွန်းပြောမှာပါ” ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဒူတာတေးသည် မနီလာမြို့တော်သို့ လာရောက်သည့်အခါ နေထိုင်ရန်အတွက် အိပ်ခန်းနှစ်ခန်းပါ ဈေးနှုန်းသင့်တင့်သော ကွန်ဒိုမီနီယံတစ်ခု ဝယ်ယူရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် သမ္မတအဖြစ် ရွေးချယ်ခြင်းမခံရမီက ဒူတာတေးသည် Davao မြို့တော်ဝန်အဖြစ် ၂၃ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

ယခုနှစ် မဲဆွယ်စည်းရုံးမှုများတွင် သမ္မတလောင်းမျှော်မှန်းထားသူ ၁၀ ဦးရှိကြောင်း၊ စစ်တမ်းများအရ သမ္မတဟောင်း ဖာဒီနန်မားကို့စ်၏ သား အသက် ၆၄ နှစ်အရွယ်ရှိသော ဖာဒီနန်မားကို့စ်ဂျူနီယာက မဲရလဒ်ထင်မြင်ချက်တွင် ဦးဆောင်လျက်ရှိသည်။ ၎င်း၏ နောက်တွင် အသက် ၅၆ နှစ်အရွယ် လက်ရှိ ဒုတိယ သမ္မတ Maria Leonor Robredo ၊ မနီလာမြို့တော်ဝန် Francisco Domagoso အထက်လွှတ်တော်အမတ် Manny Pacquiao, အထက်လွှတ်တော်အမတ် Panfilo Lacson နှင့် အခြားသူ ၅ ဦးတို့ အသီးသီးရပ်တည်လျက် ရှိသည်။

ဖိလစ်ပိုင်နိုင်ငံတွင် သမ္မတနှင့် ဒုတိယသမ္မတတို့အား သီးခြားစီရွေးကောက်ခြင်းဖြစ်သည်။ ဒူတာတေး၏ သမီး အသက် ၄၃ နှစ်အရွယ် Sara Duterte-Carpio သည်လည်း မားကို့စ် ဂျူနီယာ၏ ရွေးကောက်ပွဲမိတ်ဖက်အဖြစ် ဒုတိယသမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ (Xinhua)
……………………………
(English Version)
Philippine president starts to pack as term draws near
2022-02-08 17:04:36 Category:Politics, Law
MANILA, Feb. 8 (Xinhua) — Philippine President Rodrigo Duterte, whose term ends in June, has said that he started packing his things barely four months before he hands over the presidency to the successor.
“I have started packing and shipping my things (to Davao City),” Duterte said in a taped public address aired late Monday night.
“I started shipping the small things, the tokens, the bronze ones which are heavy,” he said. The 76-year-old leader lived in Davao City with his family. He commuted between Metro Manila and his hometown during his six-year presidency.
“I will make a speech one of these days thanking the people for the distinct honor of giving me the position as president,” he added.
Duterte also said he plans to buy an affordable two-bedroom condominium unit in Metro Manila to hang out whenever he is in town for a visit.
Before being elected president in 2016, Duterte had served as the Davao City mayor for 23 years.
There are 10 presidential aspirants on the campaign trails. According to surveys, Ferdinand Marcos Jr., 64, son of former President Ferdinand Marcos, is leading in the opinion polls. Trailing behind him are 56-year-old incumbent Vice President Maria Leonor Robredo, Manila City Mayor Francisco Domagoso, Senator Manny Pacquiao, Senator Panfilo Lacson, and five others.
In the Philippines, the president and vice president are elected separately. Duterte’s daughter Sara Duterte-Carpio, 43, will run for vice president as the running mate of Marcos Jr. Enditem

Photo : File picture shows Philippine President Rodrigo Duterte speaks during the celebration of the 84th anniversary of the Armed Forces of the Philippines (AFP) inside Camp Aguinaldo in Quezon City, the Philippines, Dec. 17, 2019. (Xinhua/Rouelle Umali)