Connect with us

China

တရုတ်နိုင်ငံ၏ အနုမြူဓာတ်ပေါင်းဖိုကို ဗြိတိန်နိုင်ငံ၌ အသုံးပြုရန် အတည်ပြုချက်ရရှိ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့၌ ဟွာလုံဝမ်း ZH-65 ရေနွေးငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ကို တင်ပို့ရန် သင်္ဘောပေါ်သို့ တင်ဆောင်နေစဉ်(ဆင်ဟွာ)

ဆန်းကျန့် ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ထုတ်လုပ်ထားသော တတိယမျိုးဆက် အနုမြူဓာတ်ပေါင်းဖို ဟွာလုံဝမ်း (Hualong One)ကို ဗြိတိန်နိုင်ငံ၌ အသုံးပြုရန် ပြည်စုံလုံလောက်ကြောင်း အတည်ပြုချက်ရရှိခဲ့သည်ဟု တရုတ်နိုင်ငံ အထွေထွေ နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း(CGN) မှ ဒီဇိုင်းပညာရှင်က ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။

ယင်းအနုမြူဓာတ်ပေါင်းဖိုသည် ယေဘုယျဒီဇိုင်းအကဲဖြတ်ခြင်း(GDA) ၏ စံနှုန်းနှင့် ကိုက်ညီခဲ့ကြောင်း ဗြိတိန်နျူကလီးယားစည်းမျဉ်းဥပဒေရုံး (ONR) နှင့် သဘာဝပတ်ဝန်းကျင်အေဂျင်စီ (EA) တို့က ဖေဖော်ဝါရီ ၇ ရက်တွင် ထုတ်ပြန်သည့် ပူးတွဲ ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။

အဆိုပါ နည်းပညာသစ်အား ထည့်သွင်းအသုံးမပြုမီ ဘေးကင်းရေး နှင့် သဘာဝပတ်ဝန်းကျင် အကျိုးသက်ရောက်မှုအတွက် ONR နှင့် EA တို့မှ ဦးဆောင်အကဲဖြတ် စိစစ်မှုကို ခံယူရမည် ဖြစ်ကြောင်း သိရသည်။

ဟွာလုံဝမ်း (Hualong One) အတွက် ဗြိတိန်နျူကလီးယားစည်းမျဉ်းဥပဒေရုံး (ONR) သည် ဒီဇိုင်းလက်ခံအတည်ပြုချက်(DAC) တစ်ခုအား ထုတ်ပြန်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်အေဂျင်စီ (EA)သည် ဒီဇိုင်းလက်ခံနိုင်မှု၏ ကြေညာချက် (SoDA) တစ်ရပ်အား ထုတ်ပြန်ခဲ့ကြောင်း သိရသည် ။

တရုတ်နိုင်ငံ အထွေထွေ နျူကလီးယားစွမ်းအင်ကော်ပိုရေးရှင်း(CGN) နှင့် ပြင်သစ်နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီကြီး EDF တို့သည် ဗြိတိန်နိုင်ငံ၌ စီမံကိန်း သုံးခု တည်ဆောက်ရေးအတွက် ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဗြိတိန်အစိုးရနှင့် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။ ဗြိတိန်နိုင်ငံ Bradwell နှင့် Essex ဒေသတို့၌ အခြေပြုသည့် စီမံကိန်းသည် ဟွာလုံဝမ်း နည်းပညာအား အသုံးပြုဖွယ် ရှိကြောင်း သိရသည်။ (Xinhua)

——————————-
(English Version)
China’s nuclear reactor wins approval for use in Britain

SHENZHEN, Feb. 7 (Xinhua) — China’s Hualong One, a domestically designed third-generation nuclear reactor, has been confirmed adequate for use in Britain, said the designer, China General Nuclear Power Corporation (CGN), on Monday.
The reactor has met the standard of the Generic Design Assessment (GDA), according to a joint statement issued on Monday by the British Office for Nuclear Regulation (ONR) and the Environment Agency (EA).
Before being put into use, the new technology must pass the assessment led by the ONR and the EA to determine its safety and environmental impact.
ONR has issued a Design Acceptance Confirmation (DAC) and EA has issued a Statement of Design Acceptability (SoDA) to Hualong One.
The CGN and French state-owned power giant EDF signed deals with the British government in September 2016 on building three projects in Britain. The project based in Bradwell, Essex, is expected to use the Hualong One technology. ■
Photo – The Hualong One ZH-65 steam generator being hoisted for shipment in Guangzhou, capital of south China’s Guangdong Province. (Xinhua/Zhai Li)