Connect with us

ASEAN

ဖိလစ်ပိုင်နိုင်ငံတွင် အသက် ၅ နှစ် မှ ၁၁ နှစ်အရွယ်များအား ကာကွယ်ဆေးစတင်ထိုးနှံပေး

ဖိလစ်ပိုင်နိုင်ငံ ကွီဇုန်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် အသက် ၅ နှစ်မှ ၁၁ အရွယ်ရှိသော ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံသည့် ပထမနေ့တွင် ကာကွယ်ဆေးထိုးနှံမှုခံယူနေသော ကလေးငယ်တစ်ဦးအား ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံတွင် ဖေဖော်ဝါရီ ၇ ရက်က ကိုဗစ်-၁၉ ရောဂါ (COVID-19) ကူးစက်မှုအသစ် ၆,၈၃၅ ဦးရှိခဲ့ရာ နိုင်ငံအတွင်း စုစုပေါင်းရောဂါဖြစ်ပွားသူ အတည်ပြုလူနာပေါင်း ၃,၆၁၆,၃၈၇ ဦးအထိရောက်ရှိလာပြီဖြစ်ကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာန (DOH) အရ သိရသည်။

ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူအရေအတွကမှာ ၁၂ ဦးထပ်မံရှိခဲ့သဖြင့် စုစုပေါင်းသေဆုံးသူဦးရေ ၅၄,၅၃၈ ဦးအထိရှိလာပြီဖြစ်သည်။ နိုင်ငံအတွင်း ပိုးတွေ့လူနာနှုန်းမှာ ၁၉.၁ ရာခိုင်နှုန်းထပ်မံကျဆင်းခဲ့သောကြောင့် လက်ရှိရောဂါဖြစ်ပွားမှုမှာ ၁၁၆,၇၂၀ အထိ ရှိလာကြောင်း သိရသည်။

ထို့ပြင် ဖိလစ်ပိုင်နိုင်ငံတွင် ဖေဖော်ဝါရီ ၇ ရက်၌ အသက် ၅ နှစ်မှ ၁၁ အရွယ်ရှိ ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း၊ ယမန်နှစ် မတ်လက ကာကွယ်ဆေးထိုးနှံမှုစတင်ချိန်မှစ၍ ပြည်သူ သန်း ၆၀ ကျော် ကာကွယ်ဆေးအပြည့်အဝထိုးနှံထားပြီးဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုလှိုင်း ၄ ကြိမ် ကြုံတွေ့ခဲ့ရပြီးဖြစ်ကြောင်း၊ တစ်ရက်တည်းရောဂါပိုးတွေ့ရှိသူ အများဆုံးမှာ ယခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ပိုးတွေ့ရှိသူအသစ် ၃၉,၀၀၄ ဦးဖြင့် မှတ်တမ်းတင်ခဲ့ကြောင်း၊ သန်း ၁၁၀ ခန့်ရှိသော ဖိလစ်ပိုင်နိုင်ငံ၌ ရောဂါပိုးစစ်ဆေးပြီးသူအရေအတွက်မှာ ၂၅ သန်းကျော်ရှိကြောင်း သိရသည်။ (Xinhua)

………………………………..
(English Version)
Philippines starts vaccinating 5-11 years old
2022-02-08 09:52:46
MANILA, Feb. 8 (Xinhua) — The Philippines Department of Health (DOH) reported 6,835 new COVID-19 infections on Monday, pushing the number of confirmed cases in the Southeast Asian country to 3,616,387.
The DOH said 12 more people died from COVID-19 complications, bringing the country’s death toll to 54,538. The number of active cases dropped to 116,720 as the country’s positivity rate fell further to 19.1 percent.
The Philippines started the COVID-19 vaccination drive for children aged 5 to 11 on Monday. Over 60 million people have been fully vaccinated since the rollout in March last year.
The Philippines has seen four COVID-19 waves since the outbreak in 2020, reporting the highest single-day tally on Jan. 15 this year with 39,004 new cases. The country, which has around 110 million population, has tested over 25 million people. ■
Photo : A child receives a dose of COVID-19 vaccine during the first day of the vaccination for children aged 5 to 11 at a mall in Quezon City, the Philippines, Feb. 7, 2022. (Xinhua/Rouelle Umali)