Connect with us

Asia

သီရိလင်္ကာနိုင်ငံ၌ ရူပီးတန်ဖိုးလျှော့ချရန်လက်ခံ

သီရလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ ဈေးတစ်ခု၌ ကုန်ပစ္စည်းသယ်ဆောင်လာသူများအား ၂၀၂၁ ခုနှစ်၊ ဇွန် ၂၁ ရက် တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ မတ် ၈ ရက် (ဆင်ဟွာ)

ကြီးမားသည့် ကမ္ဘာ့အရေးအပြောင်းအလဲ နှင့် မကြာသေးမီက ပြည်တွင်း ဖွံ့ဖြိုးတိုးတက်မှုများအပေါ် မူတည်ကာ သီရိလင်္ကာနိုင်ငံ ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ရူပီး ၂၃၀ အဖြစ်ငွေတန်ဖိုးလျှော့ချခွင့် ပြုခဲ့ကြောင်းသိရသည်။

ကမ္ဘာတစ်ဝှမ်းလုံးနှင့် ပြည်တွင်းတွင် မက်ခရိုစီးပွားရေးနှင့် ငွေကြေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ပြီး အပြောင်းအလဲနှင့်သင့်တော်မည့် လုပ်ဆောင်ချက်များကို ထပ်မံဆောင်ရွက်သွားရန်အဆင်သင့်ပြင်ဆင်ထားကြောင်း ဗဟိုဘဏ်က မတ် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသို့လုပ်ဆောင်ရခြင်းမှာ ငွေကြေးဖောင်းပွမှုကိုတည်ငြိမ်စေရန်၊ ပြည်ပရေးရာ၊ ဘဏ္ဍာရေးရာ နှင့် လက်တွေ့ စီးပွားရေးလုပ်ဆောင်မှုများကိုအောင်မြင်စေရန်ဆောင်ရွက်ရခြင်းဖြစ်ကြောင်းဘဏ်မှထုတ်ပြန်ထားသည်။

“ထိုအခြေအနေတွင် ငွေလဲလှယ်နှုန်း၌ ကြီးမားစွာ အလျှော့အတင်းပြုလုပ်နိုင်ခြင်းသည် ဈေးကွက်များအတွင်း ချက်ချင်းအကျိုးသက်ရောက်မှုရှိစေမည်ဖြစ်သည်။ ဗဟိုဘဏ်အနေဖြင့် forex အရောင်းအဝယ်မှာ အမေရိကန်တစ်ဒေါ်လာကို ရူပီး ၂၃၀ ထက် ပိုမများစေသည့် အဆင့်၌ ဆောင်ရွက်ရန်”စီစဉ်ထားကြောင်းထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။

အစောပိုင်းက အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ရူပီး ၂၀၀ ပေါက်ဈေးရှိကြောင်း သိရသည်။ သီရိလင်္ကာ နိုင်ငံမှ စီးပွားရေးပညာရှင်များသည် လွန်ခဲ့သည့်လအနည်းငယ်က အစိုးရအား ရူပီးငွေကို တန်ဖိုးလျှော့ချရန် တိုက်တွန်းခဲ့ကြရာ ယင်းမူဝါဒမှာ Forex အရောင်းအဝယ်ပြတ်လတ်မှုနှင့်အတူ ဈေးပြိုင် ငွေလဲနှုန်းများဖြစ်ပေါ်စေ သည်ကို ဖော်ညွှန်းစေခဲ့ကြောင်းသိရသည်။ (Xinhua)

…………………………..
(English Version)
Sri Lanka allows rupee to devalue
COLOMBO, March 8 (Xinhua) — Sri Lanka’s central bank has allowed the rupee to devalue to 230 per U.S. dollar considering the severity of the external shocks and recent developments domestically.
The central bank said on Monday it will closely monitor the emerging macroeconomic and financial market developments, both globally and domestically, and will stand ready to take further measures as appropriate.
The aim is to achieve stability in inflation, the external sector, the financial sector, and real economic activity, according to the bank.
“In that context, greater flexibility in the exchange rate will be allowed to the markets with immediate effect. The central bank is also of the view that forex transactions would take place at levels which are not more than 230 rupees per U.S. dollar,” the central bank said in a statement.
Earlier the rupee was pegged to the dollar at 200. A number of Sri Lankan economists have been urging the government to devalue the rupee in the past few months, stating that this policy was creating forex shortages and parallel exchange rates. Enditem