Connect with us

Media

မြန်မာနိုင်ငံရန်ကုန်မြို့သို့ ရောက်ရှိလာမည့် ယန်ဇီ-အင်ဒိုချိုင်းနားကျွန်းဆွယ်အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့ဆောင်ရေးရထားကြီး

ချုံချင့်၊ ဧပြီ ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယန်ဇီ မှ အင်ဒိုချိုင်းနားကျွန်းဆွယ် သို့ ပထမဆုံးအကြိမ် ပြေးဆွဲမည့် ကုန်း-ရေ နှစ်သွယ်လမ်းကြောင်းသစ်၏ အပြည်ပြည်ဆိုင်ရာ ကုန်းကြောင်း-ရေကြောင်း ပူးတွဲသယ်ယူပို့ဆောင်ရေးရထားကြီး သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင့် မြူနီစီပယ်ဒေသရှိ ကော်ယွမ်ဆိပ်ကမ်းမှ ဧပြီ ၇ ရက်တွင် စတင်ထွက်ခွါခဲ့ပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့ သို့ ရောက်ရှိလာမည်ဖြစ်သည်။

ကုန်းတွင်းဆိပ်ကမ်းမှ စတင်သည့် ယခုခရီးစဉ် လမ်းကြောင်းသစ်သည် ယန်ဇီမြစ်တစ်လျှောက်ဖြတ်သန်းပြီးနောက် ရန်ကုန်မြို့သို့ရောက်ရှိမည်ဖြစ်ပြီး ချုံချင့်ဒေသနှင့် အိန္ဒိယ သမုဒ္ဒရာတို့ကို ချိတ်ဆက်သည့် ခရီးစဉ်လည်းဖြစ်သည်။ ယင်း ခရီးစဉ်မှာ အပြည်ပြည်ဆိုင်ရာ ကုန်းရေ နှစ်သွယ် ကုန်စည် ကူးသန်းရောင်းဝယ်ရေးစင်္ကြံသစ်၏ မူဘောင်အောင်တွင်ပြေးဆွဲခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနောက်ပိုင်းပြည်နယ်များနှင့် စင်ကာပူနိုင်ငံတို့ ပူးတွဲ တည်ဆောက်သည့် ကုန်သွယ်ရေးနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုလည်းဖြစ်သည်။

ယခု သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုသစ်သည် တရုတ်နိုင်ငံအနောက်ပိုင်းမှ အိန္ဒိယ သမုဒ္ဒရာသို့ လျှင်မြန်စွာရောက်ရှိနိုင်မည့်နောက်ထပ်လမ်းကြောင်းတစ်ခုဖြစ်လာခဲ့ကြောင်း ကုန်စည်ပို့ဆောင်ရေးစင်္ကြံ ဖော်ဆောင်ရေးလုပ်ငန်းဥက္ကဌဖြစ်သူ Wang Yu pei က ဆိုသည်။
အရှေ့ဘက် ကမ်းရိုးတန်းမြို့များမှ ယန်ဇီမြစ်သို့ ပို့ဆောင်ပြီး ထိုမှတစ်ဆင့် ပင်လယ်သို့ရောက်ရှိစေသည့် ယခင်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများနှင့်နှိုင်းယှဉ်ပါက ယခုလမ်းကြောင်းသစ်သည် ရက်ပေါင်း ၂၀ ခန့် ပိုမိုမြန်ဆန်စေမည်ဖြစ်သည်။

ကော်ယွမ်ဆိပ်ကမ်းသည် တရုတ်နိုင်ငံ ချုံချင့် မြူနီစီပယ်ဒေသရှိ အကြီးဆုံးဆိပ်ကမ်းကြီးတစ်ခုဖြစ်ပြီး ယန်ဇီမြစ်အထက်ပိုင်းတွင်တည်ရှိသည့်အပြင် ယန်ဇီမြစ်ဝှမ်းစီးပွားရေးရပ်ဝန်းအပြင် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်ရှ ိဒေသများနှင့်ချိတ်ဆက်ပေးသည့် အဓိက ဆိပ်ကမ်းတစ်ခုလည်းဖြစ်သည်။

၂၀၂၁ ခုနှစ်အကုန်တွင် အပြည်ပြည်ဆိုင်ရာ ကုန်း-ရေ နှစ်သွယ် ကုန်သွယ်ရေးစင်္ကြံသစ်မှ တစ်ဆင့်ရောက်ရှိနိုင်မည့် ဆိပ်ကမ်းစုစုပေါင်းမှာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ နှင့်‌ဒေသပေါင်း ၁၀၇ ခုတွင် ဆိပ်ကမ်းပေါင်း ၃၁၅ ခုအထိ ချဲ့ထွင်သွားမည်ဖြစ်သည်။
ဧပြီ ၂ ရက်ကလည်း တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲသယ်ယူပို့အဆောင်ရေး၏ ကုန်း-ရေ နှစ်သွယ် ချိတ်ဆက်ထားသော လမ်းကြောင်းသစ်တွင် “ချုံချင့်-ရန်ကုန်-အိန္ဒိယသမုဒ္ဒရာ” ရထားကြီးသည် ချုံချင့်မီးရထားကွန်တိန်နာစင်တာမှ ပထမဆုံး စတင်ထွက်ခွာခဲ့ကြောင်း သိရသည်။ (Xinhua)
……………………….
(English Version)
GLOBALink | New int’l land-sea transport service to Indo-China Peninsula launched
CHONGQING, April 7 (Xinhua) — The first outbound international rail-sea freight train from China’s Yangtze River to Indo-China Peninsula left Guoyuan Port in southwest China’s Chongqing Municipality for Myanmar’s Yangon on Thursday.
The new route from the inland port along the Yangtze River to Yangon also links Chongqing with the Indian Ocean. It comes under the framework of the New International Land-Sea Trade Corridor, a trade and logistics passage jointly built by western Chinese provinces and Singapore.
The new transport service offers another quick passage from western China to the Indian Ocean, said Wang Yupei, chairman of the corridor operator.
Compared with traditional logistics routes that extend to eastern coastal cities via the Yangtze River and then to the sea, the new route can save over 20 days on the way.
Guoyuan Port in Chongqing is the largest port on the upper reaches of the Yangtze River and a key point connecting the Yangtze River Economic Belt and regions along the Belt and Road.
By the end of 2021, destinations that can be reached via the New International Land-Sea Trade Corridor had been expanded to 315 ports in 107 countries and regions worldwide.
Produced by Xinhua Global Service