Connect with us

INTERNATIONAL ORGANIZATION

ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ သန်း ၄၀၀ ကျော်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ပြော

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ National Mall တွင် ခရီးသွားဧည့်သည်များအား ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)

ကမ္ဘာလုံးဆိုင်ရာ COVID-19 ရောဂါဖြစ်ပွားမှုသည် ဖေဖော်ဝါရီ ၈ ရက်တွင် သန်း ၄၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်မှ အချက်အလက်များအရ သိရသည်။ယင်းနေ့ ဒေသစံတော်ချိန် ညနေ ၅ :၂၁ နာရီအထိ ကမ္ဘာတစ်ဝန်း ကိုဗစ်ရောဂါကြောင့် လူသေဆုံးမှု ၅,၇၆၁,၂၀၈ ဦး အပါအဝင် ရောဂါကူးစက်ခံရသူ ၄၀၀,၂၄၄,၀၃၁ ဦးရှိလာပြီဖြစ်ကြောင်း အချက်အလက်များက ဖော်ပြထားသည်။

အမေရိကန်နိုင်ငံတွင် ရောဂါကူးစက်ခံရသူ ၇၇,၀၂၅,၀၂၇ ဦးနှင့် သေဆုံးသူ ၉၀၈,၂၆၂ ဦး ရှိပြီး ကမ္ဘာတစ်ဝန်း ရောဂါကူးစက်မှုနှင့် လူသေဆုံးမှု နှစ်ခုလုံးတွင် အမြင့်ဆုံးဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ရောဂါဖြစ်ပွားမှု၏ ၁၉ ရာခိုင်နှုန်းကျော်နှင့် ကမ္ဘာ့သေဆုံးမှု၏ ၁၅ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ကူးစက်ခံရသူ ၄၂,၃၃၉,၆၁၁ ဦးဖြင့် ရောဂါဖြစ်ပွားမှု ဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဘရာဇီးနိုင်ငံကလည်း ရောဂါဖြစ်ပွားမှု ၂၆,၇၇၆,၆၉၂ ဦးရှိသလို ရောဂါနှင့်ဆက်စပ်၍ ကမ္ဘာ့ဒုတိယအများဆုံးသေဆုံးမှု ၆၃၄,၀၅၇ ဦးရှိကြောင်း သိရသည်။

ရောဂါကူးစက်ခံရသူ ၁၂ သန်းကျော်ရှိသော နိုင်ငံများတွင် ပြင်သစ်၊ ဗြိတိန်၊ ရုရှားနှင့် တူရကီတို့ ပါဝင်ပြီး သေဆုံးသူ ၂၀၀,၀၀၀ ကျော်ရှိသည့် အခြားသောနိုင်ငံများမှာ အိန္ဒိယ၊ ရုရှား၊ မက္ကဆီကိုနှင့် ပီရူး စသည့်နိုင်ငံများ ပါဝင်ကြောင်း တက္ကသိုလ်၏ စာရင်းများအရ သိရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ကမ္ဘာလုံးဆိုင်ရာ ရောဂါဖြစ်ပွားမှုအရေအတွက်သည် သန်း ၁၀၀ သို့ စိတ်မကောင်ဖွယ်သမိုင်းမှတ်တိုင်းအဖြစ် ရောက်ရှိခဲ့ပြီး သြဂုတ် ၄ ရက်တွင်မူ သန်း ၂၀၀ အထိ မြင့်တက်လာကာ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၆ ရက်၌ သန်း ၃၀၀ ကျော်လွန်သွားခဲ့ခြင်းဖြစ်သည်။ (Xinhua)

#COVID_19, #400Mln, #JohnsHopkinsUniversity, #Xinhua, #Myanmar, #XinhuaMyanmar, #ကိုဗစ်_၁၉, #သန်း၄၀၀, #ဂျွန်ဟော့ကင်းတက္ကသိုလ်, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ
…………………………………………

Global COVID-19 cases surpass 400 mln: Johns Hopkins University

NEW YORK, Feb. 8 (Xinhua) — Global COVID-19 cases surpassed 400 million on Tuesday, according to data from Johns Hopkins University.

The global case count amounted to 400,244,031, with 5,761,208 deaths worldwide, as of 5:21 p.m. local time (2221 GMT), showed the data.

The United States reported 77,025,027 cases and 908,262 deaths, both the highest counts around the world, accounting for more than 19 percent of the global cases and more than 15 percent of the global deaths.

India recorded the world’s second largest caseload of 42,339,611, followed by Brazil with 26,776,692 cases as well as the world’s second largest death toll of 634,057.

Countries with more than 12 million cases also include France, Britain, Russia and Turkey, while other countries with over 200,000 deaths include India, Russia, Mexico and Peru, according to the university’s tally.

The global caseload reached the grim milestone of 100 million on Jan. 26, 2021, rose to 200 million on Aug. 4 and exceeded 300 million on Jan. 6, 2022. ■

Photo : Tourists spend time on the National Mall in Washington D.C., the United States on Oct. 30, 2021. (Photo by Ting Shen/Xinhua)