Connect with us

North America

အမေရိကန်တွင် COVID-19 ဖြင့် သေဆုံးသူ ၉ သိန်းကျော်ရှိလာသည့်အတွက် “အမျိုးသားဘုရားကျောင်း” ၌ ဝမ်းနည်းခြင်းအထိမ်းအမှတ် ခေါင်းလောင်းထိုး

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူပေါင်း ၉ သိန်းကျော် အသက်ဆုံးရှုံးခဲ့ရခြင်းအပေါ် ဝမ်းနည်းပူဆွေသည့်အနေဖြင့် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ကက်ပီတိုလွှတ်တော်၌ ပြုလုပ်သော အောက်မေ့ဖွယ်အခမ်းအနားသို့ လွှတ်တော်အမတ်များအပါအဝင် လူများစွာ တက်ရောက်လာသည်ကို ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဖေဖော်ဝါရီ ၉ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် COVID-19 ကပ်ရောဂါဖြင့် သေဆုံးသူအရေအတွက်သည် ၉ သိန်းကျော်အထိရှိလာခဲ့ရာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းက ဝါရှင်တန်အမျိုးသားဘုရားကျောင်း(Washington National Cathedral) ၌ အောက်မေ့ဖွယ်အခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ဝါရှင်တန်ဒီစီမြို့ရှိ ဘုရားကျောင်းကြီးတွင် ခေါင်းလောင်အကြိမ်ရေ ၉၀၀ တိတိထိုးနှံခဲ့ပြီး တစ်ကြိမ်သည် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးခဲ့ရသူ ၁,၀၀၀ ဦးစီ အတွက် ရည်စူးကြောင်း သိရသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူပေါင်း ၉ သိန်းကျော် အသက်ဆုံးရှုံးခဲ့ရခြင်းအပေါ် ဝမ်းနည်းပူဆွေသည့်အနေဖြင့် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ကက်ပီတိုလွှတ်တော်၌ ပြုလုပ်သော အောက်မေ့ဖွယ်အခမ်းအနားသို့ လွှတ်တော်အမတ်များအပါအဝင် လူများစွာ တက်ရောက်လာသည်ကို ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူပေါင်း ၉ သိန်းကျော် အသက်ဆုံးရှုံးခဲ့ရခြင်းအပေါ် ဝမ်းနည်းပူဆွေသည့်အနေဖြင့် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ရှိ ကက်ပီတိုလွှတ်တော်၌ ပြုလုပ်သော အောက်မေ့ဖွယ်အခမ်းအနားသို့ လွှတ်တော်အမတ်များအပါအဝင် လူများစွာ တက်ရောက်လာသည်ကို ဖေဖော်ဝါရီ ၇ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

မိနစ် ၉၀ ကြာပြုလုပ်သော ယင်းအောက်မေ့ဖွယ်အခမ်းအနားကို လူမှုကွန်ရက်စာမျက်နှာတွင် တိုက်ရိုက်Live ထုတ်လွှင့်ပြသခဲ့သည်။“ ၂၀၂၀ ပြည့်နှစ်က အစပြုလို့ လူပေါင်း ၅ သောင်း ၊ တစ်သိန်း စသည်ဖြင့် ထပ်ထပ်တိုးသေဆုံးခဲ့ရတဲ့ မတွေးချင်လောက်အောင် ထိန့်လန့်တုန်လှုပ်စရာ ဒီဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးကြီးကို ကျွန်မ မှတ်မိနေတယ်” ဟု Foreign Policy မဂ္ဂဇင်း အယ်ဒီတာချုပ်(ဟောင်း) နှင့် နယူးယောက်မြို့သူတစ်ဦးဖြစ်သူ Susan B. Glasser က ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့သည်။ “ ဒီမှာ သိပ်မကြာတော့ဘူး တစ်သန်း ဖြစ်လာမယ် ” ဟု ဖြည့်စွက်ဖော်ပြထားသည်။

အမေရိကန်နိုင်ငံတွင် လွန်ခဲ့သော နှစ်နှစ်က နိုင်ငံအတွင်း အတည်ပြုလူနာ ပထမဆုံးတစ်ယောက်စတင်တွေ့ရှိချိန်မှစတင်ကာ ယခုအချိန်အထိ COVID-19 ရောဂါဖြင့်သေဆုံးသူအရေအတွက်စုစုပေါင်း ၉ သိန်းကျော်အထိ ရောက်ရှိသွားပြီဖြစ်သည်။

“ ကျွန်တော်တို့ ဆေးပညာဆိုင်ရာ သိပ္ပံနယ်ပယ်မှာ အောင်မြင်ခဲ့ပေမယ့် လူမှုရေးသိပ္ပံနယ်ပယ်မှာ ကျရှုံးခဲ့တယ် ။ လူတွေ ကာကွယ်ဆေးထိုးနှံနိုင်အောင် ဘယ်လို အကူအညီပေးဖို့ ၊ သတင်းအမှားတွေတိုက်ဖျက်ဖို့ ၊ နိုင်ငံရေးမလုပ်ဖို့ စတာတွေအတွက် ကျွန်တော်တို့ ပျက်ကွက်ခဲ့ကြတယ်” ဟု Brown တက္ကသိုလ် ပြည်သူ့ကျန်းမာရေးကျောင်းမှ ဌာနမှူး Ashish Jha က ဆိုသည်။ “ အမေရိကန်မှာ ကျွန်တော်တို့ကျရှုံးခဲ့ရတဲ့ နေရာတွေပဲပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်ပြည်သူများအား ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် တိုက်တွန်းနေစဉ်အတွင်းမှာပင် ယခုကဲ့သို့ လူများစွာသေဆုံးခဲ့ရခြင်းအပေါ် သမ္မတဘိုင်ဒန်က “နောက်ထပ်ဝမ်းနည်းကြေကွဲဖွယ်သမိုင်းတွင်ဖြစ်ရပ်ဆိုးကြီး” ဟူ၍ ပြောကြာခဲ့သည်။

“ ဆေးထိုးကြပါ ၊ ခင်ဗျားတို့ ကလေးတွေကို ဆေးထိုးပေးကြပါ ၊ ပြီးတော့ ခင်ဗျားတို့အသက်အရွယ်အပိုင်းအခြားအကြုံးဝင်ရင် အားဖြည့်ကာကွယ်ဆေးထိုးနှံကြပါ” ဟု ဘိုင်ဒန်က ကြေညာချက်တွင် ပြောကြားခဲ့သည်။ ထို့ပြင် “ အဲဒါက အခမဲ့ထိုးလို့ရတယ် ၊ လွယ်လွယ်လေးပါ ၊ ပြီးတော့ သိပ်လည်း ထိရောက်မှုရှိတယ် ၊ ခင်ဗျားတို့အသက်တွေ ၊ ခင်ဗျားတို့ ချစ်ခင်မြတ်နိုးသူတွေရဲ့အသက်တွေကိုလည်း ကယ်တင်ပေးနိုင်တယ် ” ဟု ဖော်ပြထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက်မှုနှုန်းလျော့ကျလာသည့်အတွက် COVID-19 ကန့်သတ်ချက်များကို ဖြေလျှော့ပေးသော ပြည်နယ်အရေအတွက်သည် အမေရိကန်နိုင်ငံ၌ တစထက်တစ တိုးလာနေသော်လည်း ၇ ရက်ပတ်လုံး နေ့စဉ်သေဆုံးမှုသည် ပျမ်းမျှ ၂,၀၀၀ အထက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံတွင် ဖေဖော်ဝါရီ ၇ ရက် နံနက်ပိုင်းအထိ COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၇ သန်း နီးပါး နှင့် သေဆုံးသူ ၉၀၅,၀၀၀ ဦး ရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အချက်အလက်များအရ သိရသည်။(Xinhua)

…………………………………………
(English Version)

National Cathedral tolls bell for 900,000 lives claimed by COVID-19 in U.S.

WASHINGTON, Feb. 7 (Xinhua) — The Washington National Cathedral paid tribute on Monday evening to the 900,000 lives claimed by the COVID-19 pandemic in the United States.

The cathedral in Washington, D.C. tolled its funeral bell 900 times, once for every 1,000 people who had died of the coronavirus.

The mourning, also livestreamed on social media, took nearly 90 minutes.
“I remember when this particular sad tradition began in 2020, when 50,000 and 100,000 seemed horrible and unthinkable,” tweeted Susan B. Glasser, a staff writer at The New Yorker and former editor-in-chief of Foreign Policy magazine. “Here we are. Soon, no doubt, one million.”

COVID-19 deaths in the United States surpassed 900,000 days ago, roughly two years after the country reported its first fatality.

“We got the medical science right. We failed on the social science. We failed on how to help people get vaccinated, to combat disinformation, to not politicize this,” Ashish Jha, dean of the Brown University School of Public Health, has reportedly said. “Those are the places where we have failed as America.”

U.S. President Joe Biden has called the loss of lives “another tragic milestone,” while continuing to urge Americans to be vaccinated.

“Get vaccinated, get your kids vaccinated, and get your booster shot if you are eligible,” Biden said in a statement. “It’s free, easy, and effective — and it can save your life, and the lives of those you love.”

A growing number of states are moving to ease COVID-19 restrictions, as daily new cases are on the decline nationwide, but the seven-day moving average of added deaths is still well over 2,000.

The United States has reported nearly 77 million COVID-19 infections and 905,000 deaths as of Monday evening, according to data aggregated by Johns Hopkins University.

Photos- Members of the U.S. Congress participate in a moment of silence to mark the passing of 900,000 people due to COVID-19 at the Capitol in Washington, D.C. Feb. 7, 2022. (Photo by Aaron Schwartz/Xinhua)