Connect with us

China

China Eastern လေကြောင်းလိုင်း လေယာဉ်၏ black box နှစ်လုံးကို အချက်ပြစနစ်အဓိပ္ပါယ်ဖော်ခြင်း ဆောင်ရွက်နေ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်လူမျိုး) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထုန်ရှန့်ခရိုင်တွင် China Eastern Airlines လေကြောင်းလိုင်း၏ လေယာဉ် ပျက်ကျသည့်နေရာ၌ ဒုတိယမြောက် black box အား မတ် ၂၇ ရက်က တွေ့ရှိစဉ် (ဆင်ဟွာ)

နန်နင်း၊ မတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်းတွင် မတ် ၂၁ ရက်က ပျက်ကျခဲ့သော China Eastern Airlines လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်၏ ပျံသန်းမှုမှတ်တမ်းတင်စက်များ သို့မဟုတ် black box နှစ်ခုလုံးအား အချက်ပြစနစ် အဓိပ္ပါယ်ဖော်ခြင်း (decode) ဆောင်ရွက်နေပြီဖြစ်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးက မတ် ၃၁ ရက်၌ ပြောကြားခဲ့သည်။

လေယာဉ်ပျက်ကျသောနေရာ၊ အပျက်အစီးပျံ့နှံ့မှုနှင့် အခင်းဖြစ်ပွားရာ အမှတ်အသားများအား တည်နေရာမှတ်သားကာ ဓာတ်ပုံရိုက်ကူးထားပြီးနောက် ကနဦးလေ့လာဆန်းစစ်မှုကို ဆောင်ရွက်နေပြီဖြစ်ကြောင်း တရုတ်နိုင်ငံ မြို့ပြလေကြောင်းစီမံခန့်ခွဲမှုဦးစီးဌာန၊ လေကြောင်းဘေးကင်းရေးရုံး အကြီးအကဲ Zhu Tao က ပြောကြားခဲ့သည်။

လေကြောင်းကျွမ်းကျင်သူများက လေယာဉ်ပျက်ကျမှုဖြစ်နိုင်ခြေ၊ အနေအထားနှင့် မြေပြင်နှင့်တိုက်မိချိန် လေယာဉ်၏ သက်ရောက်အား စသည်တို့ကို လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းများ လုပ်ဆောင်နေကြောင်း Zhu က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“လေကြောင်းထိန်းချုပ်ရေး အလိုအလျောက် ရေဒါစနစ် အချက်အလက်တွေကို လေ့လာဆန်းစစ်ခြင်းဖြင့် ပျက်မကျခင် လေယာဉ်ပျံသန်းမှုလုပ်ငန်းစဉ်အစစ်အမှန်ကို ပြန်လည်ရရှိဖို့ ကြိုစားနေပါတယ်” ဟု ၎င်းက ဆိုပြီး လေယာဉ်ပေါ်ရှိ ခရီးသည်များ၊ ခရီးဆောင်အိတ်၊ ကုန်စည်နှင့် စာများကိုလည်း စစ်ဆေးလျက်ရှိကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
………………………………………………
(English Version)
China Eastern plane’s two black boxes being decoded: official
Source: XinhuaEditor: huaxia2022-03-31 12:56:19
NANNING, March 31 (Xinhua) — Both flight recorders, or black boxes, of the China Eastern Airlines passenger plane that crashed in south China on March 21 are being decoded, an aviation official said Thursday.

Preliminary analysis is being carried out after the site environment, debris distribution and impact marks have been located and photographed, said Zhu Tao, head of the aviation safety office of the Civil Aviation Administration of China.

Aviation experts are also studying and judging the possible trajectory, posture and impact force of the aircraft when hitting the ground, Zhu told a press briefing.

“By analyzing the data of air traffic control’s radar automation system, we’re trying to restore the real flight process before the crash,” he said, adding that information on the flight’s passengers, luggage, cargo and mail is also being examined. ■
Photo : Photo taken on March 27, 2022 shows the second black box recovered at the crash site of the China Eastern Airlines’ plane in Tengxian County, south China’s Guangxi Zhuang Autonomous Region. (Xinhua/Zhou Hua)