China
တရုတ်နိုင်ငံ သမ္မတ ရှီနှင့် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် တွေ့ဆုံ
ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ် တက်ရောက်ရန် ပေကျင်းမြို့သို့ ရောက်ရှိလာသော ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်နှင့် အောက်တိုဘာ ၁၉ ရက်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် လွန်ခဲ့သော ၆၅ နှစ်အကြာက သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ချိန်မှစ၍ သာတူညီမျှမှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိမှုပေါ် အခြေခံ၍ အရွယ်အစားမတူညီသည့် နိုင်ငံများကြား ဆက်ဆံရေး၏ သာဓကကောင်းတစ်ရပ် ချမှတ်နိုင်ခဲ့ကြောင်းနှင့် နှစ်နိုင်ငံ၏ သံမဏိချစ်ကြည်ရေးက ချိုးဖျက်၍မရနိုင်ကြောင်း သမ္မတ ရှီက ပြောခဲ့သည်။
နှစ်နိုင်ငံအနေဖြင့် အဆင့်မြင့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို ထိန်းသိမ်းလျက် ခေတ်သစ်တွင် အေးအတူ ပူအမျှ တရုတ်-ကမ္ဘောဒီးယား အသိုက်အဝန်း တည်ဆောက်ရေး လုပ်ငန်းအစီအစဉ်ကို ကောင်းမွန်စွာ အကောင်အထည်ဖော်သွားမည်ဟု ရှီက ဆိုသည်။
ထို့ပြင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုက ကမ္ဘောဒီးယားနိုင်ငံအား ထင်ရှားသော တိုးတက်မှု အခွင့်အလမ်းများ ဆောင်ကြဉ်းပေးလျက်ရှိကြောင်း သမ္မတ ရှီက ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား လယ်ယာထွက်ကုန်များအား တရုတ်ဈေးကွက်သို့ ပိုမိုဝင်ရောက်လာရန် ကြိုဆိုသလို တရုတ်ခရီးသွားဧည့်သည်များအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ပိုမိုလည်ပတ်နိုင်ရန် တွန်းအားပေးကြောင်းလည်း ရှီက ပြောခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်က ကမ္ဘောဒီးယားအတွက် တရုတ်နိုင်ငံ၏ ကာလရှည်နှင့် တန်ဖိုးရှိသော ပံ့ပိုးကူညီမှုအပေါ် ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော မူဝါဒကို အခိုင်အမာ လိုက်နာလျက် တရုတ်နိုင်ငံ၏ ဗဟိုအကျိုးစီးပွားကိုလည်း ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ချမှတ်ထားသော အရေးကြီးအဆိုပြုချက်များစွာက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရာတွင် အရေးပါသော အခွင့်အလမ်းများနှင့် ပလက်ဖောင်းများ ပံ့ပိုးပေးလျက်ရှိပြီး ကမ္ဘောဒီးယားနိုင်ငံက ၎င်းအဆိုပြုချက်များကို တက်ကြွစွာပံ့ပိုးသူဖြစ်ကြောင်း ဟွန်မန်နက်က ပြောခဲ့သည်။ (Xinhua)
………………………………
(English Version)
Xi meets Cambodian PM
BEIJING, Oct. 19 (Xinhua) — Chinese President Xi Jinping on Thursday met with Cambodian Prime Minister Hun Manet, who is in Beijing to attend the third Belt and Road Forum for International Cooperation.
China and Cambodia have set a good example of relations between countries of different sizes based on equality and mutual benefit since they established diplomatic ties 65 years ago, Xi said, noting that the two countries’ iron-clad friendship is unbreakable.
The two sides should maintain high-level strategic communication and well implement the action plan for building a China-Cambodia community with a shared future in the new era, he said.
Belt and Road cooperation has brought tangible development opportunities to Cambodia, the president said.
China welcomes the entry of more Cambodian farm produce into its market and encourages more Chinese tourists to travel in Cambodia, Xi said.
Hun Manet expressed appreciation for China’s long-time and valuable support for Cambodia, noting that Cambodia firmly pursues a friendly policy toward China and supports China’s core interests.
The series of important initiatives put forward by President Xi have provided important opportunities and platforms for promoting world peace and development, and Cambodia is an active supporter of them, Hun Manet said.
Photo 1,2: Chinese President Xi Jinping meets with Cambodian Prime Minister Hun Manet, who is in Beijing for the third Belt and Road Forum for International Cooperation, at the Great Hall of the People in Beijing, capital of China, Oct. 19, 2023. (Xinhua/Huang Jingwen)