Connect with us

Asia

သီရိလင်္ကာအစိုးရအဖွဲ့က နိုင်ငံ ၇ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်စီမံကိန်း ခွင့်ပြု

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းတွင် ကျင်းပသော ၂၀၁၉ ခုနှစ် တရုတ်နိုင်ငံတကာခရီးသွားလုပ်ငန်းပွဲတော်အတွင်း သီရိလင်္ကာနိုင်ငံမှ အကသမားများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုလံဘို၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ အစိုးရအဖွဲ့က နိုင်ငံ ၇ နိုင်ငံမှ နိုင်ငံသားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးမည့် အဆိုပြုချက်ကို ခွင့်ပြုခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ဝန်ကြီး ဟာရင် ဖာနန်ဒိုက အောက်တိုဘာ ၂၃ ရက် ညပိုင်းက ပြောခဲ့သည်။

အစိုးရအဖွဲ့အနေဖြင့် အိန္ဒိယ၊ တရုတ်၊ ရုရှား၊ မလေးရှား၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် ထိုင်း စသည့်နိုင်ငံများအား ၂၀၂၄ ခုနှစ် မတ် ၃၁ ရက်အထိ ကနဦးစီမံကိန်းအဖြစ် ခွင့်ပြုခဲ့ကြောင်း ယခင်က တွစ်တာဟု လူသိများသော X လူမှုမီဒီယာပေါ်၌ ဝန်ကြီးက ပြောခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည် ၂၀၂၃ ခုနှစ်တွင် ခရီးသွားဧည့်သည် ၂ သန်းအထိ ဝင်ရောက်လာရန် ရည်မှန်းထားရာ ယခင်ရည်မှန်းချက်ဖြစ်သော ၁.၅ သန်းနှင့် နှိုင်းယှဉ်ပါက မြင့်တက်လာခဲ့ကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ၏ ထိပ်တန်း နိုင်ငံခြားဝင်ငွေရရှိစေသော လုပ်ငန်းများအနက် တစ်ခုဖြစ်သည့် ခရီးသွားလုပ်ငန်းသည် စီးပွားရေးနှင့် နိုင်ငံရေးအကျပ်အတည်းများ၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုများကြောင့် အခက်အခဲနှင့် ကြုံတွေ့ခဲ့ရသည်။ (Xinhua)

………………………………
(English Version)
Sri Lankan cabinet approves visa-free project for 7 countries
COLOMBO, Oct. 24 (Xinhua) — Sri Lanka’s cabinet has approved a proposal of offering visa-free entry for nationals from seven countries, Tourism Minister Harin Fernando said on Monday night.
The minister said on X, formerly known as Twitter, that the cabinet approved visa-free to India, China, Russia, Malaysia, Japan, Indonesia and Thailand as a pilot project till March 31, 2024.
Sri Lanka’s tourism industry aims to attract 2 million visitors in 2023, compared to the previous target of 1.5 million.
Tourism, as one of Sri Lanka’s leading foreign exchange earners, has suffered a setback due to the COVID-19 pandemic and economic and political crises in the South Asian country.
Photo: Dancers from Sri Lanka perform during the 2019 China International Travel Mart (CITM) held in Kunming, capital of southwest China’s Yunnan Province, Nov. 15, 2019.(Xinhua/Jiang Wenyao)