Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရထားတိမ်းမှောက်မှုကြောင့် လူ ၁၅ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kishoreganj ခရိုင်တွင် ရထားတိုက်မှုကြောင့် တိမ်းမှောက်သွားသော ရထားတွဲအား မတင်နေသော ကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၏ အရှေ့မြောက်ဘက် ၁၁၇ ကီလိုမီတာခန့်အကွာတွင် ရထားနှစ်စင်း တိုက်မိခြင်းကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ခရိုင်ရဲမှူး Md Mostak Sarker က ဆင်ဟွာသို့ ပြောခဲ့သည်။ဆိပ်ကမ်းမြို့ဖြစ်သော စစ်တကောင်းမြို့သို့ ဦးတည်ထွက်ခွာလာသော ကွန်တိန်နာရထားသည် ဒါကာမြို့သို့ ဦးတည်ခုတ်မောင်းလာသည့် Egarosindhur Express ရထားနှင့် အောက်တိုဘာ ၂၃ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၃:၃၀ နာရီခန့်တွင် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူက ဆိုသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kishoreganj ခရိုင်တွင် ရထားတိုက်မှုကြောင့် တိမ်းမှောက်သွားသော ရထားတွဲအား မတင်နေသော ကယ်ဆယ်ရေးသမားများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Kishoreganj ခရိုင်တွင် ရထားတိုက်သောနေရာတွင် လူအများစုဝေးနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“အပျက်အစီးတွေကြားထဲက လူ ၁၅ ဦးရဲ့ ရုပ်အလောင်းတွေ ပြန်လည်ဆွဲထုတ်နိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့သည်။ ထို့ပြင် ရထားတိုက်မှုအတွင်း Egarosindhur Express ရထား၏ တွဲများစွာ တိမ်းမှောက်ခဲ့ခြင်းကြောင့် လူ ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူအရေအတွက် မြင့်တက်နိုင်ကြောင်း သိရသည်။ကယ်ဆယ်ခံထားရသော ခရီးသည်များမှာလည်း ဒဏ်ရာများရရှိထားသဖြင့် ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း ၎င်းတာဝန်ရှိသူက ပြောခဲ့သည်။အပျက်အစီးများအောက်၌ ပိတ်မိနိုင်ဖွယ်ရှိသူများကို ကယ်ဆယ်ရန် မီးသတ်သမားများနှင့်အတူ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံများ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
Train collision kills 15 in Bangladesh
DHAKA, Oct. 24 (Xinhua) — At least 15 people were killed after two trains collided in Bangladesh’s Kishoreganj district, some 117 km northeast of Dhaka, on Monday, the district’s Additional Superintendent of Police Md Mostak Sarker told Xinhua.
The official said the container train heading towards seaport city Chattogram collided with Dhaka-bound Egarosindhur Express at around 3:30 p.m. local time Monday.
“Fifteen bodies have so far been retrieved from the wreckage,” he said, adding that some 100 people have been injured after several carriages of the Egarosindhur Express overturned in the crash, fearing the death toll may rise significantly.
Most of the rescued passengers sustained injuries and were rushed to the hospitals, said the official.
Hundreds of volunteers and locals joined fire servicemen who had been working frantically to rescue people believed to be trapped under the wreckage.
Photo 1, 2 : Rescuers work to lift a carriage overturned in a train collision in Kishoreganj district, Bangladesh, on Oct. 23, 2023. (Xinhua)
Photo 3: People gather at the site of a train collision in Kishoreganj district, Bangladesh, on Oct. 23, 2023. (Xinhua)