Connect with us

China

တရုတ်နိုင်ငံ မြောက်ပိုင်းတွင် ရုတ်တရက် အအေးပိုလာခြင်းကြောင့် အရေးပေါ်ဆောင်ရွက်မှုများ တိုးမြှင့်ထား

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွမ်းမြို့ရှိ လမ်းမတစ်နေရာတွင် ဆီးနှင်းရှင်းလင်းရေးယာဉ်ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်က ဆီးနှင်းများ ဖယ်ရှားနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် နိုဝင်ဘာ ၆ ရက်က ညဘက်အပူချိန်သည် သုညဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခြင်းဖြင့် ဆောင်းရာသီစတင်ဝင်ရောက်ချိန်မှာ ပုံမှန်ထက် သီတင်းပတ်တစ်ပတ် ပိုစောခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းဒေသတစ်ခွင် နိုဝင်ဘာ ၅ ရက်မှစ၍ လေပြင်းများနှင့် ဆီးနှင်းထုများ ကျဆင်းလာခဲ့သည်။ မြို့တော် တာဝန်ရှိသူများကလည်း အပူပေးစနစ်များ ဆောလျင်စွာ ဆောင်ရွက်ခြင်းနှင့်အတူ စာသင်ကျောင်းများနှင့် စီးပွားရေးလုပ်ငန်းများ ယာယီရပ်နားခြင်း အပါအဝင် အရေးပေါ်ဆောင်ရွက်မှုများ အကောင်အထည်ဖော်ခဲ့သည်။

တရုတ်နိုင်ငံ မြောက်ဘက်ဖျားရှိ ဟေးလုံကျန်းပြည်နယ်တွင် နိုဝင်ဘာ ၅ ရက်က နှင်းမုန်တိုင်းများတိုက်ခတ်ခြင်းအတွက် အနီရောင် သတိပေးချက် ထုတ်ပြန်ထားကြောင်း ဒေသတွင်း မိုးလေဝသဌာနအရ သိရသည်။

ဟေးလုံကျန်းပြည်နယ် မြို့တော် ဟာအယ်ပင်းတွင် နိုဝင်ဘာ ၆ ရက်က ခရီးသည်တင်ရထားဝန်ဆောင်မှုများကို ရပ်ဆိုင်းထားခဲ့ပြီး မြို့အတွင်းရှိ ပညာရေးဆိုင်ရာအဖွဲ့များ၏ သင်တန်းများအားလုံး ပိတ်ထားခဲ့ရကြောင်း သိရသည်။
ဟာအယ်ပင်းမြို့တွင် ဆီးနှင်း၊ ရေခဲဖယ်ရှားရေးစက်နှင့် အသုံးအဆောင်ပစ္စည်း ၂,၇၀၀ ကျော်နှင့်အတူ လူပေါင်း ၂၄,၀၀၀ ကျော်ကို ဆီးနှင်းနှင့် ရေခဲဖယ်ရှားရေးလုပ်ငန်းများအတွက် ဆော်ဩထားကြောင်း နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းအထိ အချက်အလက်များအရ သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွမ်းမြို့ရှိ လမ်းမတစ်နေရာတွင် ဆီးနှင်းရှင်းလင်းရေးယာဉ်ဖြင့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်က ဆီးနှင်းများ ဖယ်ရှားနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွမ်းမြို့ရှိ လမ်းမတစ်နေရာတွင် ဆီးနှင်းများရှင်းလင်းနေသော သန့်ရှင်းရေးဝန်ထမ်းတစ်ဦးကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
Cold snap grips north China, prompting emergency measures
BEIJING, Nov. 6 (Xinhua) — With night temperature forecast to drop to zero degrees Celsius, Beijing on Monday kicked off its heating supply a week earlier than its usual start date for the winter season.
A cold front has ushered in strong winds and heavy snowfall across northern and northeastern China since Sunday. In response, local authorities have implemented emergency measures, including the temporary suspension of classes and business operations, along with an early activation of heating systems.
The northernmost province of Heilongjiang issued a red alert on Sunday for blizzards, according to the local meteorological service.
On Monday, Harbin, the capital city of Heilongjiang, suspended passenger coach services and halted all classes across educational institutions in the city.
Data shows that as of Monday morning, Harbin had mobilized more than 24,000 people for snow and ice clearance operations, along with over 2,700 pieces of snow and ice removal machinery and equipment.
Photo 1 2: A snow removal vehicle cleans snow on a road in Changchun, northeast China’s Jilin Province, Nov. 6, 2023. (Xinhua/Xu Chang)
Photo 3: A sanitation worker operates a snow blower to clean snow on a road in Changchun, northeast China’s Jilin Province, Nov. 6, 2023. (Xinhua/Zhang Nan)