Connect with us

China

ရှီးဇန့်ဒေသက ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး စင်မြင့်သစ်သို့ ဝင်ရောက်

ပေကျင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှီးဇန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ကာလရှည် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ရရှိခြင်းနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းအတွက် အရေးပါသော စင်မြင့်သစ်သို့ ရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၁၀ ရက်၌ ပြောခဲ့သည်။

၂၀၁၂ ခုနှစ်တွင် ကျင်းပခဲ့သော တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ ၁၈ ကြိမ်မြောက် အမျိုးသားကွန်ဂရက်မှစ၍ ရှီးဇန့်ဒေသသည် လုပ်ငန်းတာဝန်အမျိုးမျိုး၌ နယ်ပယ်အားလုံးတွင် တိုးတက်မှုနှင့် သမိုင်းဝင် အောင်မြင်မှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း “ခေတ်သစ် ရှီးဇန့်ဒေသ အုပ်ချုပ်ရေးဆိုင်ရာ CPC မူဝါဒများ- ချဉ်းကပ်မှုနှင့် အောင်မြင်မှုများ” ဟူသော ခေါင်းစဉ်ဖြင့် အသစ်ထုတ်ပြန်သည့် စက္ကူဖြူစာတမ်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် CPC ဗဟိုကော်မတီ ပြန်ကြားရေးဌာန လက်ထောက်ဌာနမှူး ဝမ်ကန်းက ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးရှိ ပြည်သူများနှင့်အတူ ရှီးဇန့်ဒေသသည်လည်း အလွှာအသီးသီး၌ အသင့်အတင့် ကြွယ်ဝပြည့်စုံမှု ရရှိနေပြီဖြစ်ကြောင်း ဝမ်က သတင်းထောက်များကို ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Xizang enters new stage of peace, stability, development: official
BEIJING, Nov. 10 (Xinhua) — Xizang has entered a new and important stage of achieving long-term peace and stability and promoting high-quality development, said a Chinese official on Friday.
Since the 18th National Congress of the Communist Party of China (CPC) in 2012, Xizang has made all-round progress and historic achievements in various undertakings, said Wang Gang, deputy head of the Publicity Department of the CPC Central Committee, at a press conference on the newly released white paper titled “CPC Policies on the Governance of Xizang in the New Era: Approach and Achievements.”
Together with the people of the whole country, Xizang has achieved moderate prosperity in all respects, Wang told reporters.