Connect with us

Media

တရုတ်နိုင်ငံနှင့် စင်ကာပူနိုင်ငံ နယ်ပယ်စုံ အရည်အသွေးမြင့် အနာဂတ်မိတ်ဖက်ဆက်ဆံရေး အဆင့်မြှင့်တင်ရန် ကတိပြု

စင်ကာပူ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နှင့် စင်ကာပူတို့သည် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ခိုင်မာသော ကြံ့ကြံ့ခံမှုနှင့် တက်ကြွမှုကို ပြသသည့်အနေဖြင့် နယ်ပယ်စုံ အရည်အသွေးမြင့် အနာဂတ်မိတ်ဖက်ဆက်ဆံရေး ဆက်လက်အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်က ကတိပြုခဲ့ကြသည်။

စင်ကာပူနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသော တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံ ခေါင်းဆောင်များသည် နှစ်နိုင်ငံ ဆက်ဆံရေးတွင် သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ယခုနှစ် မတ်လက နယ်ပယ်စုံ အရည်အသွေးမြင့် အနာဂတ်မိတ်ဖက်ဆက်ဆံရေးသို့ တိုးမြှင့်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် စင်ကာပူနိုင်ငံနှင့်အတူ ဒေသတွင်း သာယာဝပြောရေးနှင့် တည်ငြိမ်ရေးအတွက် ပံ့ပိုးမှုအသစ်များ ဖော်ဆောင်နိုင်ရန်အလို့ငှာ အရည်အသွေးမြင့် “ရပ်ဝန်းနှင့် ပိုးလမ်း” တည်ဆောက်ရေး၊ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရန် အတူတကွလုပ်ဆောင်ရေး၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံခြင်းနှင့် ဆက်သွယ်ခြင်းတွင် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှု ဖော်ဆောင်ရေး၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ယန္တရားများ ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရေးအတွက် အတူလက်တွဲ ဆောင်ရွက်သွားလိုကြောင်း ဟန်က ပြောခဲ့သည်။ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်းက စင်ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ခိုင်မာသည့် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုရှိသလို စင်ကာပူနိုင်ငံက ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ ချိန်ညှိရေး နက်ရှိုင်းစွာ ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟန်က စင်ကာပူနိုင်ငံ သမ္မတ Tharman Shanmugaratnam နှင့် သီးခြားတွေ့ဆုံရာတွင် တရုတ်နှင့် စင်ကာပူတို့သည် အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များဖြစ်ကြကြောင်း၊ ထိုပူးပေါင်းဆောင်ရွက်မှုသည် ခိုင်မာအားကောင်းသော ကြံ့ကြံ့ခံမှုနှင့် တက်ကြွမှုကို ဖော်ပြလျက်ရှိသလို အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ရလဒ်များ ဖော်ဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောခဲ့သည်။ (Xinhua)

# # ###တရုတ် ###မိတ်ဖက်ဆက်ဆံရေး
……………………………
(English Version)
China, Singapore vow to advance all-round high-quality future-oriented partnership
SINGAPORE, Nov. 8 (Xinhua) — China and Singapore pledged on Wednesday to continue to advance their all-round high-quality future-oriented partnership as bilateral cooperation has shown strong resilience and vitality.
At a meeting with Singaporean Prime Minister Lee Hsien Loong, visiting Chinese Vice President Han Zheng said that leaders of the two countries elevated China-Singapore relations to an all-round high-quality future-oriented partnership in March this year, marking a milestone in the relationship between the two countries.
Han said China will join hands with Singapore to build high-quality “Belt and Road”, work together to upgrade cooperation projects between the two countries, seek closer cooperation in people-to-people exchanges and communication, and make better use of bilateral cooperation mechanisms, so as to make new contributions to regional prosperity and stability.
For his part, Lee said Singapore and China enjoy a profound traditional friendship, and Singapore is ready to cooperate with China in deepening the alignment of their development strategies.
At a separate meeting with Singaporean President Tharman Shanmugaratnam, Han said China and Singapore are important cooperation partners, and their cooperation has shown strong resilience and vitality, which he believed will produce more and better results in the future.