Connect with us

China

တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သောပစ္စည်းရင်းနှီးမြှုပ်နှံမှု ပထမ ၁၀ လအတွင်း ၂.၉ ရာခိုင်နှုန်း မြင့်တက်လာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ Zunyi-Yuqing အဝေးပြေးလမ်းတစ်လျှောက်ရှိ Xiangjiang River Grand တံတားကို ၂၀၂၁ ခုနှစ် ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ မရွှေ့ပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုသည် ၂၀၂၃ ခုနှစ် ပထမ ၁၀ လအတွင်း ယွမ် ၄၁.၉၄ ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၅.၈၅ ထရီလီယံခန့်) ရှိခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၂.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အမျိုးသား စာရင်းအင်းဗျူရိုမှ နိုဝင်ဘာ ၁၅ ရက် အချက်အလက်များအရ သိရသည်။

အဆိုပါ ကာလအတွင်း ကုန်ထုတ်လုပ်မှုကဏ္ဍရှိ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ်ကထက် ၆.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း စာရင်းအင်းဗျူရိုက ဖော်ပြထားသည်။
ပုဂ္ဂလိကကဏ္ဍမှ မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ရင်းနှီးမြှုပ်နှံမှုမှာမူ ယွမ် ၂၁.၅၉ ထရီလီယံခန့်ရှိကာ ယခင်နှစ်ကထက် ၀.၅ ရာခိုင်နှုန်း လျော့နည်းခဲ့သည်။

ထို့ပြင် အခြေခံအဆောက်အအုံ တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံမှုတွင် ယမန်နှစ် အလားတူကာလထက် ၅.၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း အထူးသဖြင့် ရထားလုပ်ငန်း သယ်ယူပို့ဆောင်ရေး၌ ရင်းနှီးမြှုပ်နှံမှုမှာ ၂၄.၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း နိုင်ငံခြားစီးပွားရေးလုပ်ငန်းများမှ မရွှေ့မပြောင်းနိုင်သောပစ္စည်း ရင်းနှီးမြှုပ်နှံမှုမှာ ယခင်နှစ် ကာလတူထက် ၀.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ပြည်တွင်း စီးပွားရေးလုပ်ငန်းများ၏ တိုးတက်မှုမှာ ၃.၂ ရာခိုင်နှုန်း ရှိခဲ့သည်။

အောက်တိုဘာလ တစ်လတည်းတွင်ပင် မရွှေ့မပြောင်းနိုင်သော ရင်းနှီးမြှုပ်နှံမှုမှာ ယခင်လနှင့် နှိုင်းယှဉ်ပါက ၀.၁ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း စာရင်းအင်းဗျူရိုမှ အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
China’s fixed-asset investment up 2.9 pct in first 10 months
BEIJING, Nov. 15 (Xinhua) — China’s fixed-asset investment went up 2.9 percent year on year to about 41.94 trillion yuan (about 5.85 trillion U.S. dollars) in the first ten months of 2023, data from the National Bureau of Statistics showed Wednesday.
During the period, fixed-asset investment in the manufacturing sector rose 6.2 percent year on year, according to the bureau.
Fixed asset investment from the private sector stood at around 21.59 trillion yuan, down 0.5 percent year on year.
Investment in infrastructure construction increased 5.9 percent from the same period last year. In particular, investment in railway transportation expanded 24.8 percent.
Fixed-asset investment stemming from foreign firms grew 0.9 percent year on year in the January-October period, compared to the 3.2 percent growth recorded for domestic enterprises.
In October alone, fixed-asset investment grew 0.1 percent compared with the previous month, data from the bureau showed.
Photo: Aerial photo taken on June 26, 2021 shows the Xiangjiang River Grand Bridge along the Zunyi-Yuqing expressway in southwest China’s Guizhou Province. (Xinhua/Liu Xu)