Connect with us

Politics

မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းခေါင်းဆောင်များ ဖမ်းဆီးမိ၊ မှုခင်းဂိုဏ်းခေါင်းဆောင် မိမိကိုယ်ကိုအဆုံးစီရင်

မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု သံသယရှိသူ ၅ ဦးကို ၂၀၂၃ ခုနှစ် ဩဂုတ် ၂၆ ရက်က လွှဲပြောင်းပေးနေစဉ် (ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး)

ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှု ကျူးလွန်နေသောဂိုဏ်း ခေါင်းဆောင်များဖြစ်သော မြီကော်ဖျင်း (Ming Guoping) ၊ မြီကျွီလန် (Ming Julan) နှင့် မြီကျိန်းကျိန်း (Ming Zhenzhen) တို့ကို ဖမ်းဆီးမိခဲ့ကြောင်းနှင့် ဂိုဏ်းခေါင်းဆောင် မြီရှောက်ချန်း (Ming Xuechang) မှာမူ မိမိကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) က နိုဝင်ဘာ ၁၆ ရက်၌ ကြေညာခဲ့သည်။
အဆိုပါ လေးဦးလုံးမှာ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝန်းကျိုးမြို့ ရဲတပ်ဖွဲ့က နိုဝင်ဘာ ၁၂ ရက်တွင် ဆုကြေးငွေနှင့်တကွ အလိုရှိစာရင်းထုတ်ပြန်ထားသူများဖြစ်သည်။

တရုတ်နိုင်ငံ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ မြီရှောက်ချန်း ဦးဆောင်သော ထိုရာဇဝတ်ဂိုဏ်းသည် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော ဆက်သွယ်ရေးနှင့် အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်နေသည်မှာ အချိန်ကြာမြင့်ပြီဖြစ်သလို ရည်ရွယ်ချက်ရှိရှိ လူသတ်ခြင်း၊ ထိခိုက်နာကျင်စေခြင်းနှင့် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း အပါအဝင် ဆိုးဝါးသော အကြမ်းဖက်မှုများကို ကျူးလွန်ကြောင်း သံသယရှိထားသူများဖြစ်ကြောင်း ဝန်ကြီးဌာနအရ သိရသည်။

မြန်မာနိုင်ငံမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် မြီကော်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန်းတို့အား နိုဝင်ဘာ ၁၆ ရက်က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အဆိုပါ ဂိုဏ်း၏ ပြစ်မှုဆိုင်ရာ အချက်အလက်များကို စေ့စပ်သေချာစွာ စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်းနှင့် ဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း MPS ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြီရှောက်ချန်းမှာမူ နိုဝင်ဘာ ၁၅ ရက် ညပိုင်းက မြန်မာနိုင်ငံဘက်တွင် လိုက်လံဖမ်းဆီးသဖြင့် ပြစ်ဒဏ်ကျခံရမည်ကို ကြောက်ရွံ့ခြင်းကြောင့် မိမိကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း MPS ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များသည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများ၌ အခြေချလျက် တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော ဆက်သွယ်ရေးနှင့် အွန်လိုင်း လိမ်လည်မှုကို ဆက်လက်ဖြိုခွင်းမည်ဖြစ်ကြောင်းနှင့် ပြည်သူများ၏ အသက်အိုးအိမ်ကို အပြည့်အဝ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
Myanmar fraud-gang leaders arrested, chief criminal commits suicide
BEIJING, Nov. 16 (Xinhua) — China’s Ministry of Public Security (MPS) on Thursday announced that Ming Guoping, Ming Julan and Ming Zhenzhen, ringleaders of a telecom and online fraud criminal gang in northern Myanmar’s Kokang Self-Administered Zone, have been arrested, and that the chief criminal of the gang Ming Xuechang has committed suicide.
All four of them were put on a wanted list with a reward by the police in Wenzhou, east China’s Zhejiang Province on Sunday.
Investigations by Chinese police have found that the gang, headed by Ming Xuechang, has long been committing telecom and online fraud targeting Chinese citizens, involving a huge amount of illicit gains, and was suspected of severe violent crimes including intentional homicide, intentional injury and unlawful detention, according to the ministry.
With the collaboration of relevant Myanmarese authorities, Ming Guoping, Ming Julan and Ming Zhenzhen were arrested and transferred to the Chinese police on Thursday. The Chinese police will thoroughly investigate the facts of crimes of the gang and severely punish the criminals in accordance with the law, the MPS said in a statement.
Ming Xuechang committed suicide for fear of punishment as the Myanmarese side hunted him down on Wednesday night, according to the MPS.
Chinese public security organs will continue to crack down on the telecom and online fraud that is based in northern Myanmar and targets Chinese citizens, and resolutely safeguard the people’s lives, property and legitimate rights, the ministry said.
Photo: Myanmar police hand over five telecom and internet fraud suspects to Chinese police at Yangon International Airport in Yangon, Myanmar, Aug. 26, 2023. (Chinese embassy in Myanmar/Handout via Xinhua)