Connect with us

Media

တောင်ကိုရီးယားက မြောက်ကိုရီးယားနှင့် ၂၀၁၈ စစ်ရေးသဘောတူညီချက်တစ်စိတ်တစ်ဒေသအား ဆိုင်းငံ့ထားရန် ဆုံးဖြတ်

ဆိုးလ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားက ၂၀၁၈ ခုနှစ် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးအပြီး ရရှိခဲ့သည့် မြောက်ကိုရီးယားနှင့် စစ်ရေးသဘောတူညီချက် တစ်စိတ်တစ်ဒေသအား ဆိုင်းငံ့ထားရန် နိုဝင်ဘာ ၂၂ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ကိုရီးယားနှစ်နိုင်ငံအကြား စစ်ရေးသဘောတူညီချက်တစ်စိတ်တစ်ဒေသဆိုင်းငံ့ခြင်းအား တောင်ကိုရီးယား ဝန်ကြီးချုပ် Han Duck-soo က ဆိုးလ်မြို့၌ ကြီးမှူးကျင်းပခဲ့သည့် အစိုးရအဖွဲ့အထူးအစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း သိရသည်။

ထိုသို့ဆိုင်းငံ့လိုက်ခြင်းကြောင့် တောင်ကိုရီးယားက ကိုရီးယားနှစ်နိုင်ငံအား ပိုင်းခြားထားသည့် စစ်ရေးနယ်နိမိတ် မျဉ်းလိုင်းတစ်ဝိုက် မြောက်ကိုရီးယားအား ကင်းထောက်ခြင်းနှင့် စောင့်ကြည့်ရေးလုပ်ငန်းများ ပြန်လည် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား ဝန်ကြီးချုပ်က ပြောကြားခဲ့ပြီး ထိုကဲ့သို့သော အစီအမံသည် နိုင်ငံတော်လုံခြုံရေးအတွက် အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
S. Korea decides to partially suspend 2018 military agreement with DPRK
South Korea decided Wednesday to partially suspend the military agreement with the Democratic People’s Republic of Korea (DPRK) that was reached after the 2018 inter-Korean summit.
The partially suspended inter-Korean military pact was approved during an extraordinary cabinet meeting presided over by South Korean Prime Minister Han Duck-soo in Seoul.
With the suspended effectiveness, South Korea will restore reconnaissance and surveillance operations against the DPRK around the Military Demarcation Line dividing the two Koreas, said Han, adding that such a measure is vital for national security.
Xinhua News Agency correspondents reporting from Seoul.(XHTV)