Connect with us

Africa & Middle East

COVID-19 ကူးစက်မည်စိုး၍ ဘရာဇီးနိုင်ငံမြို့ကြီး ၅၈ မြို့တွင် ၂၀၂၂ ကာနီဗယ်ပွဲတော် ဖျက်သိမ်း

ဆောပိုလို၊ နိုဝင်ဘာ ၂၄ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဆောပိုလိုမြို့ နှင့် မီးနပ်စ် ဂျီရော်ရိုက်စ် ပြည်နယ်များရှိ အနည်းဆုံးမြို့ ၅၈မြို့ သည် COVID-19 ဖြစ်ပွားမှု စိုးရွံ့သောကြောင့် ၂၀၂၂ ခုနှစ် ကာနီဗယ်ပွဲတော် အခမ်းအနားများကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း ဒေသဆိုင်ရာသတင်းစာများက နိုဝင်ဘာ ၂၃ ရက်တွင် ဖေါ်ပြခဲ့သည်။ဘရာဇီးနိုင်ငံ ၌ COVID-19 ကူးစက်မှုနှင့် သေဆုံးမှု ဒုတိယလှိုင်းကြောင့် ၂၀၂၁ ခုနှစ်အတွင်းကလည်း နာမည်ကျော် ဘရာဇီး ကာနီဗယ်ပွဲတော်ကို ဖျက်သိမ်းခဲ့သည်။

ဒေသတွင်းသတင်းများအရ မီးနပ်စ် ဂျီရော်ရိုက်စ် ပြည်နယ် ရှိ မြို့လေးမြို့နှင့် ဆောပိုလိုပြည်နယ်တွင် ၅၄ မြို့တို့သည် Francaပွဲတော်၊ Sorocabaပွဲတော် ၊ Suzano ပွဲတော်၊ Botucatu ပွဲတော်၊ Poa ပွဲတော် နှင့် Mogi das Cruzes ပွဲတော်များအပါအဝင် ယခုနှစ်ကျင်းပသော အခမ်းအနားများကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

“ကာနီဗယ်ပွဲတော်ကာလအတွင်း တစ်နိုင်ငံလုံးက လူတွေလာကြလိမ့်မယ်။ ကပ်ရောဂါကြောင့် ကျွန်တော်တို့ ကြုံတွေ့ခဲ့ရသမျှ အန္တရာယ်တွေအပြင် ကျွန်တော်တို့ နောက်ထပ် အန္တရာယ်တွေကို မယူနိုင်တော့ပါဘူး’’ ဟု Franca မြို့တော်ဝန် Alexandre Ferreira က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထို့ပြင်၂၀၂၂ ခုနှစ် ကာနီဗယ် ပွဲတော်အတွက် ၎င်းတို့၏ထောက်ပံ့မှုများကို ဖျက်သိမ်းခဲ့သော Poa မြို့ နှင့် Sorocabaမြို့ အပါအဝင် မြို့အများအပြားသည် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ဘရာဇီးလ်နိုင်ငံ၏ အကျော်ကြားဆုံးမြို့ဖြစ်သော ရီယိုဒီဂျနေရိုမြို့ ကမူ ယခုနှစ် ကာနီဗယ်ပွဲတော်ကျင်းပခြင်းကို ဆက်လက်လုပ်ဆောင်ရန် အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

58 Brazilian cities cancel Carnival 2022 over COVID-19 fears

SAO PAULO, Nov. 23 (Xinhua) — At least 58 cities in southeast Brazil’s states of Sao Paulo and Minas Gerais have decided to cancel Carnival 2022 celebrations for fear of COVID-19 outbreaks, local press reported on Tuesday.
The famous Brazilian festival was cancelled in 2021 amid the second wave of COVID-19 infections and deaths in the South American country.

According to local press reports, four cities in Minas Gerais and 54 in Sao Paulo have decided to cancel the celebrations this year as well, including Franca, Sorocaba, Suzano, Botucatu, Poa and Mogi das Cruzes.

“During Carnival, people from all over the country will be coming and going. We cannot take any more risks after everything we have suffered due to the pandemic,” Mayor of Franca Alexandre Ferreira told reporters.

Additionally, several cities are facing a financial crisis, including Poa and Sorocaba, which cancelled their subsidies for Carnival 2022.

Rio de Janeiro, the Brazilian city most famed for its Carnival celebrations, has also confirmed plans to proceed with this year’s events. Enditem