Connect with us

COVID-19 UPDATES

COVID-19 ရောဂါ ဒီဂျစ်တယ်အသိအမှတ်ပြုလက်မှတ်အား အီးယူ တရားဝင် လက်မှတ်ရေးထိုး

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပကော်မရှင် အဆောက်အအုံအနီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

ဥရောပသမဂ္ဂ (EU) အဖွဲ့အစည်း သုံးခုက နွေရာသီအားလပ်ရက်များအတွက် အချိန်ကိုက်ဖြစ်စေရန် ကျန်းမာရေးခွင့်ပြုချက်အသင့်ရရှိအောင် လက်ချင်းတွဲလျက် ဆောင်ရွက်ခဲ့ပြီးနောက် အီးယူ COVID ဒီဂျစ်တယ်အသိအမှတ်ပြုလက်မှတ် (EUDCC) အား ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ဇွန် ၁၄ ရက်က တရားဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အီးယူကောင်စီကိုယ်စား ဥရောပပါလီမန် ဥက္ကဋ္ဌ David Sassoli ၊ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen နှင့် ပေါ်တူဂီ ဝန်ကြီးချုပ် Antonio Costa တို့က သဘောတူညီချက်ပေါ်၌ ပူးတွဲလက်မှတ်ရေးထိုးခဲ့ကြသည်။

“ယခုအခါ ဘေးကင်းစိတ်ချရတဲ့နည်းလမ်းနဲ့ ကျွန်တော်တို့ ခရီးသွားနိုင်ပါပြီ။ ကျွန်တော်တို့ ကိုယ်တိုင်အတွက်သာမက ကျွန်တော်တို့ကို လက်ခံတဲ့သူတွေ၊ ကျွန်တော်တို့ပြန်လာတဲ့အခါမှာလည်း ကျွန်တော်တို့မိသားစုတွေ၊ အိမ်နီးနားချင်းတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်လည်း ဘေးကင်းစိတ်ချရမှာဖြစ်ပါတယ်” ဟု Costa က ပြောခဲ့သည်။

“ဥရောပကာကွယ်ဆေးကမ်ပိန်းနဲ့ အီးယူအသိအမှတ်ပြုလက်မှတ် အောင်မြင်မှုနဲ့အတူ နွေရာသီကို ကျွန်တော်တို့ အားလုံး မျှော်လင့်လို့ရနိုင်ပါပြီ။ ဘေးကင်းစိတ်ချစွာ ခရီးသွားလာနိုင်ဖို့ပါ။ ပွင့်လင်းတဲ့ဥရောပဆိုတဲ့ သဘောထားကို ပြန်လည်ဆောင်ကြဉ်းလာနိုင်မှာပါ” ဟု von der Leyen က ပြောခဲ့သည်။

EUDCC က EU ဒေသခံများအား ဥရောပသမဂ္ဂနယ်စပ်များအတွင်း နွေရာသီကာလမှာ ထပ်ပြီးကန့်သတ်မှုတွေ မရှိတော့ဘဲနဲ့ ဘေးကင်းစွာခရီးသွားလာနိုင်တော့မှာပါ။ ဥပမာအနေနဲ့ ဗီဇပြောင်းဗိုင်းရပ်စ် စိုးရိမ်ပူပန်မှုအပေါ် လိုအပ်မည်ဟုယူဆလာပါက ခရီးသွားလာခြင်း ကန့်သတ်ချက်များကို လုပ်ကောင်းလုပ်လာနိုင်မည်ဟု ဆိုသည်။

သို့သော်လည်း EUDCC လက်မှတ်သည် ရှင်ဂန်နယ်မြေအတွင်း သွားလာရန်အတွက်မူ မရှိမဖြစ်မဟုတ်ကြောင်း၊ ခရီးသွားလာခွင့် အထောက်အထားတစ်ခုအဖြစ် ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း၊ ကျန်းမာရေးခွင့်ပြုချက်ဆိုသည်မှာ ကိုင်ဆောင်သူအနေဖြင့် ကာကွယ်ဆေးထိုးနှံပြီးကြောင်း၊ COVID-19 မရှိကြောင်း စစ်ဆေးမှုအဖြေရရှိထားပြီးဖြစ်ကြောင်း သို့မဟုတ် ရောဂါမှ သက်သာပျောက်ကင်းကြောင်း သက်သေပြုပေးမည့် လက်မှတ်တစ်ခုသာဖြစ်သည်။ ယင်းအား ဒီဂျစ်တယ် သို့မဟုတ် စာရွက်ပေါ်တွင် ပုံနှိပ်ဖော်ပြခြင်းဖြင့် ရရှိနိုင်ကြောင်း သိရသည်။

အခြားနိုင်ငံအချို့၌ ယင်းလက်မှတ်အား စတင်အသုံးပြုနေပြီဖြစ်သော်လည်း အီးယူဒေသခံများအားလုံးအနေဖြင့် အဆိုပါ အသိအမှတ်ပြုလက်မှတ်ကို ဇူလိုင် ၁ ရက်တွင် ရရှိနိုင်မည်ဖြစ်သည်။ EUDCC တရားဝင်မှုကို အတည်ပြုရန်အတွက် နိုင်ငံများ၏ အဝင်အထွက်လမ်းကြောင်းတစ်ခုကို ထည့်သွင်းထားကြောင်း လစ်တန်စတိန်း၊ ဆွစ်ဇာလန်၊ အိုက်စ်လန်းနှင့် နော်ဝေ စသည့် အီးယူမဟုတ်သော နိုင်ငံ လေးနိုင်ငံကမူ ယင်းလမ်းကြောင်းနှင့် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း သိရသည်။

ဥရောပ COVID အသိအမှတ်ပြုလက်မှတ် အကြံဉာဏ်အား ဥရောပကော်မရှင်က မတ်လ၌ အဆိုပြုခဲ့ခြင်းဖြစ်သည်။ (Xinhua)

————————————
(English Version)
EU officials sign Digital COVID Certificate
Source: Xinhua| 2021-06-14 23:21:32|Editor: huaxia
BRUSSELS, June 14 (Xinhua) — The European Union (EU) digital COVID certificate (EUDCC) was officially signed on Monday in Brussels, Belgium, after the three EU institutions worked hand in hand for the health pass to be ready on time for the summer holidays.
President of the European Parliament David Sassoli, President of the European Commission Ursula von der Leyen, and Prime Minister of Portugal Antonio Costa representing the Council of the EU, appended their signatures on the document.
“Now we can travel in a safe way. Safe for ourselves, for those who host us, and for our families, neighbors and colleagues when we come back,” said Costa.
“With the success of our European vaccination campaign and this new EU certificate, we can all look forward to the summer. To travel safely. And we are bringing back the spirit of an open Europe,” said von der Leyen.
The EUDCC will enable EU residents to travel safely during summer within the borders of the bloc, without additional restrictions. Travel restrictions may be applied if deemed necessary, for example in the case of a variant of concern.
However, the EUDCC will not be a prerequisite to travel within the Schengen area, and will not be considered a travel document. The health pass will be proof that the holder has either been vaccinated, passed a negative COVID-19 test, or has recovered from the disease. It will be either digital or can be printed on paper.
It will be available to all EU residents as of July 1, although some countries have already started using it. A gateway has been put in place for countries to verify the validity of the EUDCC. Four non-EU countries, namely, Liechtenstein, Switzerland, Iceland, and Norway, are also connected to the gateway.
The idea of the European COVID certificate was proposed in March by the European Commission. Enditem
Vehicles run past the European Commission building in Brussels, Belgium, on June 9, 2021. European Union (EU) lawmakers on Wednesday gave their seal of approval to a new travel certificate that will allow people to move freely within the bloc without having to quarantine or taking extra coronavirus tests, paving the way for the pass to start in time for summer. (Xinhua/Zheng Huansong)