Connect with us

CHINA

တရုတ်နိုင်ငံ ကျီလင်ပြည်နယ်၌ အသက် ၁၀၆ နှစ်အရွယ် COVID-19 လူနာ အဖွားအို ရောဂါသက်သာပျောက်ကင်း

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် ချန်ချွမ်းမြို့ရှိ ဆေးရုံတစ်ရုံတွင် ဧပြီ ၃၀ ရက်က အသက် ၁၀၆ နှစ်အရွယ်ရှိ COVID-19 လူနာတစ်ဦး ရောဂါသက်သာပျောက်ကင်းကာ ဆေးရုံမှ ဆင်းခွင့်ရစဉ်(ဆင်ဟွာ)

ချန်ချွမ်း ၊မေ ၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျီလင်ပြည်နယ် မြို့တော် ချန်ချွမ်းမြို့ရှိ ဆေးရုံတစ်ရုံမှ ဧပြီ ၃၀ ရက်တွင် အသက် ၁၀၆ နှစ်အရွယ်ရှိ COVID-19 လူနာ အဖွားအိုတစ်ဦးသည် ရောဂါသက်သာပျောက်ကင်းကာ ဆေးရုံမှ ဆင်းသွားခဲ့ကြောင်း ဒေသတွင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။Li ဟုအမည်ရသော အဖွားအိုသည် ကျီလင်ပြည်နယ်၌ နောက်ဆုံးရောဂါဖြစ်ပွါးချိန်တွင် ဆေးရုံသို့ တက်ရောက်ခဲ့ရကြောင်း သိရသည်။

၎င်းတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ဧပြီလ ၁၄ ရက်တွင် ကျီလင်တက္ကသိုလ်၏ First Bethune ဆေးရုံသို့ တက်ရောက်ကုသမှု ခံယူခဲ့ရသည်။ ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်စစ်ဆေးပြီးနောက် ဆေးရုံက ၎င်းလူနာထံတွင် ဦးဏှောက်သွေးကြောကျဉ်းခြင်း အပါအဝင် ပြင်းထန်သည့်ရောဂါအခံများ ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဧပြီ ၁၃ ရက်မှစတင်ကာ ဆေးရုံသည် မသန်စွမ်းသူများ ၊ သက်ကြီးရွယ်အိုများ နှင့် ၎င်းတို့ကိုယ်တိုင် ဂရုစိုက်နိုင်စွမ်းမရှိသော အခြားလူနာများအား ကုသရာတွင် အထူးပြုသည့် ကုသရေးနေရာတစ်နေရာအား သတ်မှတ်ထူထောင်ထားခဲ့သည်။

ယင်းကုသရေးနေရာသည် လူနာ ၁၃၀ ကျော် လက်ခံကုသခဲ့ပြီး ၎င်းတို့အနက် ၂၀ ဦးမှာ ဆေးရုံမှ ဆင်းသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းဆေးရုံတွင် COVID-19 လူနာပေါင်း ၂,၀၇၆ ဦး တက်ရောက်ကုသမှု ခံယူခဲ့ပြီး ယင်းလူနာများအနက် ၁,၇၃၇ ဦး မှာ ရောဂါသက်သာပျောက်ကင်းကာ ဆေးရုံမှဆင်းသွားခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————-

(English Version)

106-year-old COVID-19 patient cured in China’s Jilin
CHANGCHUN, May 2 (Xinhua) — A 106-year-old COVID-19 patient was cured and discharged from a hospital in Changchun, the capital of northeast China’s Jilin Province on Saturday, said the local authorities.
The patient surnamed Li is the oldest to be admitted to the hospital in the latest outbreak in Jilin.
She was diagnosed with COVID-19 and admitted to the First Bethune Hospital of Jilin University on April 14. Following a comprehensive examination, the hospital found she had serious underlying health conditions, including brain atrophy.
Since April 13, the hospital has set up a treatment area that specializes in treating the disabled, elderly and other patients unable to take care of themselves. The area has received more than 130 patients, of whom 20 have been discharged from the hospital.
Currently, a total of 2,076 COVID-19 patients have been admitted to the hospital, of whom 1,737 have been cured and discharged. ■
Photo – A 106-year-old COVID-19 patient was cured and discharged from a hospital in Changchun, northeast China’s Jilin Province, April 30, 2022. (Xinhua)