Connect with us

North America

အီလွန်မာ့ခ်၏ ကမ်းလှမ်းချက်ကို တွစ်တာ(Twitter)က လက်ခံလိုက်ပြီ

တက်စလာ လျှပ်စစ် ကားကုမ္ပဏီတည်ထောင်သူ အီလွန်မာ့ခ်အားတွေ့ရစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ဦ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

အမေရိကန်ဒေါ်လာ ၄၄ ဘီလီယံ တန်ကြေးရှိသည့် တွစ်တာလူမှုကွန်ရက်(Twitter) ကုမ္ပဏီအား ရှယ်ယာတစ်ခုလျှင် တန်ဖိုး အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၂၀ ဖြင့် ဝယ်ယူရန် တက်စလာ (Tesla) လျှပ်စစ်ကားကုမ္ပဏီ အမှုဆောင်အရာရှိချုပ် အီလွန်မာ့ခ် ( Elon Musk) ၏ ကမ်းလှမ်းချက်ကို တွစ်တာကုမ္ပဏီဘက်က လက်ခံလိုက်ပြီဖြစ်ကြောင်း တွစ်တာက ဧပြီ ၂၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။“ အီလွန်မာ့ခ်၏ ကမ်းလှမ်းချက်ကို တန်ဖိုး ၊ တိကျသေချာမှု နဲ့ ဘဏ္ဍာရေး အခြေအနေအပေါ် အလွန်စေ့စေ့စပ်စပ် အလေးထား ဂရုပြုကာ ကုမ္ပဏီဘုတ်အဖွဲ့အနေနဲ့ ဘက်စုံထောင့်စုံ စဉ်းစားချင့်ချိန် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်” ဟု တွစ်တာ၏ သီးခြားလွတ်လပ်သောဘုတ်အဖွဲ့ဥက္ကဌ Bret Taylor က ဆိုသည်။

တက်စလာ လျှပ်စစ် ကားကုမ္ပဏီတည်ထောင်သူ အီလွန်မာ့ခ်အားတွေ့ရစဉ်(ဆင်ဟွာ)

“ ကမ်းလှမ်းချက်အရောင်းအဝယ်ဟာ ပမာဏကြီးမားတဲ့ငွေသားပရီမီယံတစ်ခုနဲ့ ပေးချေရမှာဖြစ်သလို ဒါဟာ တွစ်တာအစုရှယ်ယာရှင်တွေအတွက် အကောင်းဆုံး ရှေ့ဆက်သွားမယ့် လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ် ” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အရောင်းအဝယ်ကိစ္စရပ်နှင့်ပတ်၍ ဘုတ်အဖွဲ့၏ တစ်ခဲနက်ထောက်ခံအတည်ပြုမှုရရှိခဲ့ကြောင်း နှင့် အစုရှယ်ယာရှင်များ နှင့် စည်းမျဉ်းစည်းကမ်း အတည်ပြုမှုကို ယခုနှစ်အတွင်း အပြီးသတ်လုပ်နိုင်လိမ့်မည်ဖြစ်ကြောင်း ကုမ္ပဏီဘက်ကပြောကြားခဲ့ပြီး “ အခြားသော လုပ်ထုံးလုပ်နည်း အပြီးသတ်အခြေအနေရဲ့ ကျေနပ်လက်ခံမှု” သည် အရောင်းအဝယ်ကိစ္စရပ်များ မပြီးပြတ်သေးခင်အချိန်အထိ အလုံးစုံပြီးမြောက်သော သဘောတူညီချက်ဟု မဆိုနိုင်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

တွစ်တာ၏ အနာဂတ်နှင့်ပတ်သက်၍ “လွတ်လပ်စွာ ပြောဆိုခွင့်” ကို သူ့အနေဖြင့်ထပ်လောင်း ကတိပြုကြောင်း အီလွန်မာ့ခ်က ထပ်မံပြောကြားခဲ့သည်။
“ ကျွန်တော့်ကို ဆိုးဆိုးရွားရွားဝေဖန်ပြစ်တင်တဲ့ဟာမျိုးတောင် တွစ်တာမှုဆက်ပြီး ရှိနေအုံးမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒါဟာလွတ်လပ်စွာပြောဆိုခွင့်ရဲ့ အနှစ်သာရပဲလေ” ဟု ၎င်း၏ တွစ်တာလူမှုကွန်ရက်တွင် အီလွန်မာ့ခ်က ရေးသားဖော်ပြခဲ့သည်။

“ လွတ်လပ်စွာပြောဆိုခွင့်ဟာ ဒီမိုကရေစီမောင်းနှင်အားတစ်ခုရဲ့ အခြေခံအုတ်မြစ်ပဲဖြစ်ပါတယ် ၊ တွစ်တာဟာ လူသားမျိုးနွယ်စုအတွက် အနာဂတ် အရေးကြီး ကိစ္စရပ်တွေကို ငြင်းခုံဆွေးနွေးတဲ့ ဒီဂျစ်တယ်မြို့တော်ရင်ပြင်ကြီးပဲပေါ့ ” ဟု အရောင်းအဝယ်သဘောတူညီချက်နှင့်ပတ်သက်၍ တွစ်တာလူမှုကွန်ရက်တွင် ကြေညာချက်ထုတ်ပြန်ရာ၌ အီလွန်မာ့ခ်က ထိုသို့ မှတ်ချက်ပြုခဲ့သည်။

“ တင်ဆက်မှု အခင်းအကျင်းပုံစံ သစ်တွေနဲ့အတူ တွစ်တာလူမှုကွန်ရက်စာမျက်နှာကို ဒီထက်ပိုပြီးကောင်းမွန်ဖို့ ၊ ပွင့်လင်းတဲ့အရင်းအမြစ်အပေါ် ယုံကြည်မှု ပိုပြီးတိုးလာအောင် ပြဿနာရပ်တွေကို ဖြေရှင်းဖို့ ၊ အသုံးပြုသူတွေကို အနှောင့်အယှက်ပေးတဲ့ spam bots တွေကို ဖယ်ရှားရှင်းလင်းဖို့ နဲ့ လူသားအလုံးအတွက် အစစ်အမှန်တွေ ပေးအပ်ဖို့ အဲဒါတွေအတွက်လည်း ကျွန်တော် လုပ်ပေးချင်ပါတယ်။ တွစ်တာဟာ ကြီးမားတဲ့ အလားအလာကောင်းတွေရှိနေပါတယ်- အဲဒီအခွင့်အလမ်းတွေကို တံခါးဖွင့်ပေးနိုင်အောင် ကုမ္ပဏီ နဲ့ အသုံးပြုသူတွေအတွက် လုပ်ကိုင်ဆောင်ရွက်သွားဖို့ ကျွန်တော်ရည်ရွယ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

…………………………………………

(English Version)

Twitter accepts Elon Musk’s acquisition offer

sAN FRANCISCO, April 25 (Xinhua) — Twitter announced on Monday it has accepted Tesla CEO Elon Musk’s offer to acquire the company at 54.20 U.S. dollars a share, valuing the social media platform at 44 billion dollars.

“The Twitter Board conducted a thoughtful and comprehensive process to assess Elon’s proposal with a deliberate focus on value, certainty, and financing,” Twitter’s Independent Board Chair Bret Taylor said.

“The proposed transaction will deliver a substantial cash premium, and we believe it is the best path forward for Twitter’s stockholders,” he added.

The company said that the transaction was unanimously approved by the board, and it might likely close this year following shareholder and regulatory approval and “the satisfaction of other customary closing conditions,” adding that It’s not a done deal until the matters are resolved.

Musk repeated his refrain that “free speech” is key to Twitter’s future. “I hope that even my worst critics remain on Twitter because that is what free speech means,” he tweeted.
“Free speech is the bedrock of a functioning democracy, and Twitter is the digital town square where matters vital to the future of humanity are debated,” Musk noted in Twitter’s statement announcing the deal.

“I also want to make Twitter better than ever by enhancing the product with new features, making the algorithms open source to increase trust, defeating the spam bots, and authenticating all humans. Twitter has tremendous potential – I look forward to working with the company and the community of users to unlock it,” he added. Enditem
Tesla CEO Elon Musk during the opening day of the Tesla ‘Gigafactory’