Connect with us

North America

အီလွန်မက်စ်က ဉာဏ်ရည်တု (AI) လုပ်ငန်းသစ်အားကြေညာ

ဆန်ဖရန်စစ္စကို ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

Tesla CEO နှင့် တွစ်တာပိုင်ရှင် အီလွန်မက်စ် က “လက်တွေ့အခြေအနေကို နားလည်နိုင်ရန်” xAI ဟုခေါ်သော ဉာဏ်ရည်တု (AI) နည်းပညာလုပ်ငန်းသစ်တစ်ခုကို ဇူလိုင် ၁၂ ရက်တွင် ကြေညာလိုက်ကြောင်း သိရသည်။

ယင်းကုမ္ပဏီသည် မက်စ် ပိုင်ဆိုင်သော X Corp လုပ်ငန်း နှင့် ခွဲထွက်ထားခြင်းဖြစ်ကြောင်း ၎င်း၏ ၀က်ဘ်ဆိုက်တွင် ပြောကြားခဲ့သော်လည်း “ကျွန်တော်တို့ရဲ့ မစ်ရှင် တိုးတက်အောင်မြင်ရန် X (Twitter)၊ Teslaနဲ့ တခြားကုမ္ပဏီတွေနဲ့ နီးနီးကပ်ကပ် လုပ်ဆောင်သွားမှာပါ” ဟု၎င်းကပြောကြားခဲ့သည်။

မက်စ် ဦးဆောင်သော အဖွဲ့အချို့က OpenAI ၏ GPT-3.5 နှင့် GPT-4 chatbots များတွင် လုပ်ဆောင်ခဲ့ ကြောင်း ဝက်ဘ်ဆိုက်အရ သိရသည်။

မက်စ်သည် OpenAI တွင် ကနဦးရင်းနှီးမြှုပ်နှံသူဖြစ်သလို အဆိုပါ ဘုတ်အဖွဲ့၏တစ်စိတ်တစ်ပိုင်းဖြစ်သော်လည်း ၂၀၁၈ ခုနှစ်က ဘုတ်အဖွဲ့မှ နုတ်ထွက်ခဲ့သည်။

ယင်းကုမ္ပဏီအသစ်တွင် Google Research၊ Microsoft Research အပါအဝင် အခြားသော ထိပ်တန်းနည်းပညာကုမ္ပဏီများမှ အင်ဂျင်နီယာများလည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)

Elon Musk launches AI startup

SAN FRANCISCO, July 12 (Xinhua) — Tesla CEO and Twitter owner Elon Musk said Wednesday he is launching an artificial intelligence (AI) startup called xAI to “understand reality.”
The company said on its website that it is separate from Musk-owned X Corp, “but will work closely with X (Twitter), Tesla, and other companies to make progress towards our mission.”
Some of the team led by Musk worked on OpenAI’s GPT-3.5 and GPT-4 chatbots, according to the website.
Musk was an initial investor in OpenAI and part of its board, but he left the board in 2018.
The company also includes engineers from other top tech companies, including Google Research, Microsoft Research. ■
Elon Musk, CEO of Tesla, unveils a suit of batteries for homes, businesses, and utilities at Tesla Design Studio in Hawthorne, California, the United States, April 30, 2015. (Xinhua/Yang Lei)