Connect with us

Europe

သမ္မတပူတင်က ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ဒဏ်ခတ်ပိတ်ဆို့မှုများအား လက်တုံ့ပြန်သည့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုး

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်ကို မတ် ၁၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို ၊ မေ ၄ ရက်(ဆင်ဟွာ)

ရုရှား-ယူကရိန်း ပဋိပက္ခနှင့်ပတ်သက်၍ ၎င်းတို့၏ “ ချစ်ကြည်ရင်းနှီးမှုမရှိသော အပြုအမူများ”ကို လက်တုံ့ပြန်သည့်အနေဖြင့် အဆိုပါ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ နှင့် အဖွဲ့အစည်းများအား လက်တုံ့ပြန်ဒဏ်ခတ်အရေးယူပိတ်ဆို့မှုဆိုင်ရာ အမိန့်ဒီဂရီတစ်ရပ်ကို ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က မေ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုသည် “ ရုရှားနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်ချက်နှင့်အတူ ရုရှားနိုင်ငံ ၊ ရုရှားနိုင်ငံသား နှင့် ရုရှားတရားဝင်အဖွဲ့အစည်းများ၏ ပိုင်ဆိုင်ခွင်များ သို့မဟုတ် ပိုင်ဆိုင်ခွင့်ကို ထိန်းချုပ်ကန့်သတ်ခြင်းများဖြင့် တရားမဝင်ပြုကျင့်ရန် ရည်ရွယ်လုပ်ဆောင်ခဲ့သည့် ချစ်ကြည်ရင်းနှီးမှုမရှိသော အမေရိကန်ပြည်ထောင်စု ၊ နိုင်ငံရပ်ခြားတိုင်းပြည်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများအား” လက်တုံ့ပြန်သည့် တန်ပြန်လုပ်ဆောင်မှုဖြစ်ကြောင်း သိရသည်။

ယင်းအမိန့်စာအရ ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်အောက်တွင် နိုင်ငံခြားသားလူပုဂ္ဂိုလ်တစ်ဦးချင်းစီ နှင့် အဖွဲ့အစည်းများ နှင့် တာဝန်ဝတ္တရား အပြည့်အဝကို ဟန့်တားခြင်း ၊ ၎င်းတို့နှင့်သဘောတူညီချက်များအား ရပ်ဆိုင်းခြင်း သို့မဟုတ် ၎င်းတို့နှင့်အရောင်းအဝယ်ပြုလုပ်ခြင်းကို တားမြစ်ခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် မော်စကိုအနေဖြင့် ယင်းဒဏ်ခတ်အရေးယူထားသော လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံ ရုရှားနိုင်ငံမှ ကုန်ကြမ်းများ နှင့် ထုတ်ကုန်များ တင်ပို့တင်ခြင်းကိုလည်း ပိတ်ပင်တားမြစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းဒဏ်ခတ်ပိတ်ဆို့မှုတွင် ပါဝင်သော လူပုဂ္ဂိုလ်တစ်ဦးချင်းစီ နှင့် အဖွဲ့အစည်းများ၏ အမည်နှင့်အသေးစိတ်အချက်အလက်များကိုမူ အမိန့်ထဲတွင် ထုတ်ဖော်ပြောကြားထားခြင်းမရှိပေ။

ဒဏ်ခတ်ပိတ်ဆို့မှု ခေါင်းစဉ်အောက်တွင် အကြုံဝင်သူများ၏စာရင်းကို အချိန် ၁၀ ရက်အတွင်း ပြုစုထုတ်ပြန်သွားရန် ရုရှားနိုင်ငံအစိုးရအဖွဲ့ကို အမိန့်ပေးထားကြောင်းသိရသည်။(Xinhua)

…………………………………………
(English Versio)

pproves retaliatory sanctions over Russia-Ukraine conflict

MOSCOW, May 3 (Xinhua) — Russian President Vladimir Putin signed a decree on Tuesday on retaliatory sanctions against individuals and entities in response to their “unfriendly actions” over the Russia-Ukraine conflict.

The measures will be taken in retaliation to “the unfriendly actions of the United States, foreign states and international organizations … which aimed at illegally depriving Russia, Russian citizens and Russian legal entities of property rights or restricting their property rights,” and with the aim of “protecting the national interests of Russia,” according to the decree.

The document prohibits fulfilling obligations with foreign individuals and entities under sanctions, concluding deals or carrying out transactions with them. Moreover, Russia will ban the export of raw materials and products from Russia to those it has sanctioned.

The decree does not provide any details of which individuals or entities may be affected by the measures. The Russian government was ordered to compile a list of individuals under sanctions within 10 days.

Photo taken on March 10, 2022 shows the Kremlin in Moscow, Russia. (Xinhua/Bai Xueqi)