Connect with us

News

ယူကရိန်းက ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံတကာအကူအညီ ယူရို ၄.၅ ဘီလီယံ ရရှိ

ယူကရိန်းနိုင်ငံ Irpin မြို့၌ ရွှေ့ပြောင်းနေကြသူများအား မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ မေ ၄ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့် ပဋိပက္ခစတင်ဖြစ်ပွားချိန်မှစ၍ နိုင်ငံတကာ ငွေကြေးအကူအညီ ယူရို ၄.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄.၇၃ ဘီလီယံခန့်) လက်ခံရရှိခဲ့ကြောင်း ယူကရိန်း ဝန်ကြီးချုပ် Denys Shmyhal က မေ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု အစိုးရ ပြန်ကြားရေးဌာနက ဆိုသည်။ယခင်သီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံက ကမ္ဘာ့ဘဏ်ထံမှ ထောက်ပံ့မှုရန်ပုံငွေ ဒေါ်လာ သန်း ၅၀၀ လက်ခံရရှိခဲ့ကြောင်း Shmyhal က ပြောခဲ့သည်။

“ဒီလိုပံ့ပိုးမှုမျိုးကို ကျွန်တော်တို့ အလွန်ပဲကျေးဇူးတင်ပါတယ်။ ဒါဟာလူမှုရေးအကျိုးကျေးဇူးတွေအားလုံး အပြည့်အဝဖော်ဆောင်ဖို့အပြင် အကူအညီပေးရေး အစီအစဉ်အသစ်တွေ ဖွင့်လှစ်ဖို့လည်း အထောက်အကူဖြစ်စေပါတယ်” ဟု Shmyhal က ဆိုသည်။

အစိုးရအနေဖြင့် ပဋိပက္ခအလွန် ကာလနိုင်ငံပြန်လည်ထူထောင်ရေးအတွက် ရန်ပုံငွေရှာဖွေရာတွင် အထောက်အကူဖြစ်စေမည့် ပလက်ဖောင်းတစ်ခုကိုလည်း ကြေညာလျက်ရှိကြောင်း ၎င်းက အသိပေးခဲ့သည်။ (Xinhua)

…………………………………………
(English Versio)
Ukraine gets 4.5 bln euros in int’l aid since start of conflict

KIEV, May 3 (Xinhua) — Ukrainian Prime Minister Denys Shmyhal said on Tuesday that Ukraine has received 4.5 billion euros (about 4.73 billion U.S. dollars) in financial international aid since the start of the conflict with Russia, the government press service said.

Over the past week, Ukraine received 500 million dollars in grant funds from the World Bank, Shmyhal said.

“We are especially grateful for such support. This helps us to maintain all social benefits in full, as well as to open new assistance programs,” Shmyhal said.

He informed that the government had launched a platform which would help raise funds for the country’s post-conflict recovery. ■Photo : People evacuate in Irpin, Ukraine, March 11, 2022. (Photo by Diego Herrera/Xinhua)