Connect with us

Eastern Europe

Azovstal သံမဏိစက်ရုံ၌ ယူကရိန်း စစ်တပ် ထိန်းချုပ်ထားသောနေရာများအား ရုရှား စစ်တပ်က တိုက်ခိုက်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြော

ယူကရိန်းနိုင်ငံ Irpin မြို့တွင် လမ်းပိတ်ဆို့မှုများ လုပ်ဆောင်နေသော ယူကရိန်း စစ်သားများအား မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို/ကိဗ်၊ မေ ၄ ရက် (ဆင်ဟွာ)

ရုရှားတပ်ဖွဲ့ဝင်များက ယူကရိန်းနိုင်ငံ တောင်ပိုင်း မာရီယူပိုးလ်ဆိပ်ကမ်းမြို့ရှိ Azovstal သံမဏိစက်ရုံ၌ ယူကရိန်း စစ်တပ် ထိန်းချုပ်ထားသောနေရာများအား တိုက်ခိုက်လျက်ရှိကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက မေ ၃ ရက်က ပြောကြားခဲ့သည်။Azov တပ်ရင်းရှိ တိုက်ခိုက်ရေးသမားများနှင့် ယူကရိန်း တပ်ဖွဲ့ဝင်များသည် သံမဏိစက်ရုံရှိ ၎င်းတို့ သိမ်းပိုက်ထားသောနေရာများသို့ ရွှေ့ပြောင်းရန် အပစ်အခတ်ရပ်စဲရေးအပေါ် အခွင့်အရေးယူခဲ့ခြင်းဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Vadim Astafyev ၏ ပြောကြားချက်အား ကိုးကားလျက် ရုရှား သတင်းအေဂျင်စီ RIA သတင်းက ဖော်ပြထားသည်။

၎င်းတို့ ထိန်းချုပ်ထားသောနေရာများအား ဖျက်ဆီးရန် အမြောက်တပ်နှင့် လေယာဉ်များ အသုံးပြုခဲ့ကြောင်း Astafyev က ပြောကြားခဲ့သည်။

ရုရှား တပ်ဖွဲ့ဝင်များသည် နေရာပေါင်းများစွာမှ Azovstal စက်ရုံအတွင်းသို့ ထိုးဖောက်ရန် ကြိုးစားလျက်ရှိကြောင်း မာရီယူပိုးလ် ကင်းလှည့်ရဲတပ်ဖွဲ့ အကြီးအကဲ Mykhailo Vershinin ၏ ပြောကြားချက်အား ကိုးကား၍ Ukrinform သတင်းအေဂျင်စီက မေ ၃ ရက်၌ သတင်းဖော်ပြခဲ့သည်။

“အဲဒီမှာ အမြောက်တပ်နဲ့ လေကြောင်းလေ့ကျင့်ရေးက တစ်နေ့လုံးနီးပါးပါပဲ။ အခုတော့ သူတို့က စက်ရုံရဲ့ နေရာတိုင်းမှာ အပြင်းအထန်တိုက်ခိုက်နေကြတယ်။ ကျွန်တော်တို့ ကာကွယ်နေတယ်။ ကျွန်တော်တို့ ပြန်လည်တိုက်ခိုက်သွားမှာပါ” ဟု Vershinin ၏ ပြောကြားချက်အား ကိုးကား၍ သတင်းဖော်ပြထားသည်။

ထို့ပြင် မာရီယူပိုးလ်မှ ပြည်သူ ၁၀၀ ကျော်အား ရွှေ့ပြောင်းပေးခဲ့ကြောင်း ရုရှားနှင့် ယူကရိန်း စစ်တပ်များက မေ ၂ ရက်တွင် ပြောကြားခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြထားသည်။ (Xinhua)

—————————–
(English Version)

Russian Defense Ministry says forces attack firing positions of Ukrainian army at Azovstal
2022-05-04 12:17:53 Category:Military
MOSCOW/KIEV, May 3 (Xinhua) — Russian forces have been attacking the firing positions of the Ukrainian armed forces at the Azovstal steel plant in the southern Ukrainian port city of Mariupol, the Russian Defense Ministry said Tuesday.
The fighters of the Azov Battalion and Ukrainian troops took advantage of the ceasefire at the steel plant to move into their firing positions, Russian news agency RIA Novosti reported, citing Russian Defense Ministry Spokesman Vadim Astafyev.
Artillery and aircraft were being used to destroy the firing positions, Astafyev added.
Russian troops were trying to break into the Azovstal plant from several places, the Ukrinform news agency reported Tuesday, citing Mariupol Patrol Police Chief Mykhailo Vershinin.
“There was artillery and aviation training for almost a day … now they stormed the plant in several places. We are defending. We are fighting back,” Vershinin was quoted as saying.
Both the Russian and Ukrainian militaries said on Monday that more than 100 people were evacuated from Mariupol, local media reported. Enditem
Photo : IRPIN, March 5, 2022 (Xinhua) — Ukrainian soldiers set up roadblocks in Irpin, Ukraine, on March 4, 2022. (Photo by Diego Herrera/Xinhua)