Connect with us

Africa & Middle East

အစ္စတန်ဘူလ်ရှိ မြေအောက်ရေနန်းတော် Basilica Cistern သို့ သွားရောက်လည်ပတ်ခြင်း

အစ္စတန်ဘူလ်ရှိ Basilica Cistern သို့ လာ‌ရောက်လည်ပတ်သော ခရီးသွားများကို ဇူလိုင် ၂၃ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ရှိ မြေအောက်ရေနန်းတော် Basilica Cistern သို့ ခရီးသွားအများအပြား လာရောက်လည်ပတ်ရန် ဆွဲဆောင်နေသည်မှာ ၎င်း၏ ထူးခြားသော ဗိသုကာနှင့် အဆောက်အအုံ ဒီဇိုင်းကြောင့် ဖြစ်သည်။ အဆိုပါရေနန်းတော်သည် အရှည် ၁၄၀ မီတာ၊ အကျယ် ၇၀ မီတာရှိပြီး ၉ မီတာအမြင့်ရှိသော Corinthian ပုံစံ တိုင်လုံးကြီး ၃၃၆ လုံးဖြင့် အမိုးကိုထောက်ပင့်ထားသည်။မြေအောက်ရေနန်းတော်ကို ဧကရာဇ် Justinian I က အေဒီ ၅၄၂ တွင် အစေခံအလုပ်သမားပေါင်း ၇,၀၀၀ ဖြင့် ဘုရားကျောင်းအပျက်အစီးများပေါ်တွင် တည်ဆောက်ခဲ့ပြီး ထိုသို့တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ နန်းတော်ရေသုံးစွဲမှုကို အာမခံရန်နှင့် ရန်သူများ၏ ပိတ်ဆို့တိုက်ခိုက်ခြင်းကို တားဆီးရန် အသင့်ပြင်ထားခြင်းဖြစ်ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ရေနန်းတော်၏ ရေသိုလှောင်နိုင်မှုပမာဏမှာ တန်ချိန် ၁၀၀,၀၀၀ အထိရှိပြီး ရေအပြည့်သိုလှောင်ထားပါက မြို့သူမြို့သား အားလုံးအတွက် သောက်ရေ တစ်လတိုင်တိုင်ထောက်ပံ့ပေးနိုင်ကြောင်း မှတ်တမ်းများတွင် ဖော်ပြထားသည်။ အော်တိုမန်အင်ပါယာခေတ်တွင် ရေနန်းတော်ကို အသုံးမပြုတော့ဘဲ ၁၆ ရာစုအလယ်ပိုင်းတွင် ဒတ်ခ်ျလူမျိုးတို့ အမှတ်မထင်တွေ့ရှိခဲ့ရာမှ အများမြင်ကွင်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြောင်း သိရသည်။ (Xinhua)

#Turkey #Basilica Cistern #Xinhua #Myanmar #XinhuaMyanmar #တူရကီ #ရေနန်းတော် #ဆင်ဟွာ
…………………………………………
探访伊斯坦布尔地下水宫
新华社照片,伊斯坦布尔,2022年7月24日
7月23日,游客在土耳其伊斯坦布尔的地下水宫参观。
土耳其伊斯坦布尔的地下水宫以其独特的建筑风格吸引了众多游客前来参观。整座水宫长140米、宽70米,336根高9米的粗大科林斯式石柱支撑着巨大的砖制拱顶。据史料记载,地下水宫是公元542年,朱斯提尼安大帝动用七千名奴隶在教堂废墟上建成的,一方面为的是保证宫廷用水供给,一方面是防止敌人围困,有备无患。水宫储水量达10万吨之多,如果蓄满了水,据说可供当时全城人喝一个月。到了奥斯曼帝国时期,水宫被废置,直至十六世纪中期,荷兰人无意发现了它,才使其重见天日。
新华社记者 沙达提 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.