Connect with us

Videos

တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် C919 ဂျက်လေယာဉ်များ စမ်းသပ်ပျံသန်းမှုများပြီးစီး

ရှန်ဟိုင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ပြည်တွင်းဖြစ် C919 ဂျက်လေယာဉ် ၆ စင်း ကို စမ်းသပ်ပျံသန်းမှုများအောင်မြင်စွာလုပ်ဆောင် ပြီးစီးခဲ့ကြောင်းသိရသည်။ C919 ဂျက်လေယာဉ် အမျိုးအစားသည် တရုတ်နိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်ထုတ်လုပ်သည့် ဂျက်လေယာဉ်အမျိုးအစားဖြစ်ပြီး ထိုင်ခုံပေါင်း ၁၅၈ ခုံမှ ၁၇၄ ခုံအထိ ရှိကာ အကွာအဝေးအားဖြင့် ၄,၀၇၅ ကီလိုမီတာ မှ ၅,၅၅၅ ကီလိုမီတာအကြားပျံသန်းနိုင်ပါသည်။ လေယာဉ်ကို တရုတ်နိုင်ငံ Commercial Aircraft Corp. of China (COMAC) မှ ထုတ်လုပ်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ပွဲဦးထွက်ပျံသန်းမှုပြုလုပ်ခဲ့သည်။ လက်ရှိအချိန်အထိ COMAC ၌ တစ်ကမ္ဘာလုံးရှိ ဝယ်လက် ၂၈ ဦး မှ C919 လေယာဉ်အစင်းပေါင်း ၈၁၅ စင်း စာ အမှာစာများကို ရရှိထားပြီးဖြစ်ကြောင်းသိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.