Connect with us

Africa & Middle East

တရုတ်ရင်းနှီးမြှုပ်နှံမှုများက ဇင်ဘာဘွေနိုင်ငံ၏ သတ္တုတွင်းကဏ္ဍတိုးတက်မှုကို တွန်းအားသစ်ပေး

ဇင်ဘာဘွေနိုင်ငံ Matebeleland North ပြည်နယ် Hwange မြို့ရှိ သတ္တုတွင်းလုပ်ငန်းခွင်တစ်ခု၌ စကားပြောစက်ဖြင့် ပြောဆိုနေသူတစ်ဦးအား ဇွန် ၁၃ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဟာရာရီ ၊ ဇူလိုင် ၃ ရက်(ဆင်ဟွာ)

သယံဇာတပေါကြွယ်ဝသော တောင်အာဖရိက နိုင်ငံတစ်ခုဖြစ်သော ဇင်ဘာဘွေနိုင်ငံသည် များပြားလှသော ဓာတ်သတ္တုကြွယ်ဝမှုမှ ပိုမိုအမြတ်အစွန်းများ ရရှိစေရန်အလို့ငှါ ဓာတ်သတ္တုထုတ်လုပ်မှုအား တိုးမြှင့်ကာ အကျိုးကျေးဇူးများ ပိုမိုရရှိစေရေးအတွက် ကြိုးပမ်းသည့်အနေဖြင့် သတ္တုတွင်းကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများ စုပြုံဝင်ရောက်လာသည်ကို တွေ့မြင်ရကြောင်း သိရသည်။၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ တန်ဖိုးရှိ ဓာတ်သတ္တုများ ထုတ်ယူခြင်းမှ သတ္တုတွင်းကဏ္ဍဝင်ငွေ လေးဆကျော်ရှိရေး ရည်မှန်းချက်ကြီးတစ်ရပ်ကို ၂၀၁၉ ခုနှစ်တွင် ဇင်ဘာဘွေနိုင်ငံက ချမှတ်ခဲ့ကြောင်း သိရသည်။

ဇင်ဘာဘွေနိုင်ငံ Mashonaland Central ပြည်နယ်ရှိ Shamva ရွှေသတ္တုတွင်း၏ လုပ်ငန်းခွင်မြင်ကွင်းတစ်ခုအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

၂၀၂၁ ခုနှစ်တွင် ဇင်ဘာဘွေနိုင်ငံသည် သတ္တုတင်ပို့မှုများတွင် ဒေါ်လာ ၅ ဒသမ ၇ ဘီလီယံခန့် ရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် စံချိန်တင်ခဲ့သည့် ကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံထက် အမြောက်အများထိုးတက်သွားကြောင်း သိရသည်။
သတ္တုတွင်းကဏ္ဍတွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများမှာ ဇင်ဘာဘွေနိုင်ငံ၏ သတ္တုတွင်းကဏ္ဍ ပြန်လည်အားကောင်းလာရေး နှင့် တိုးတက်ရေးအစီအစဉ်များ ဖြစ်ထွန်းမှုတွင် အရေးပါသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်မည်ခန့်မှန်းရသည်။

ဇွန်လတစ်လတည်းတွင် ဇင်ဘာဘွေနိုင်ငံသမ္မတ Emmerson Mnangagwa က ရွှေ နှင့် လီသီယံ ဓာတ်သတ္တုတူးဖော်ခြင်းတွင် အဓိကတရုတ်ဓာတ်သတ္တုတူးဖော်ရေးစီမံကိန်းနှစ်ခုအား လုပ်ငန်းအပ်နှံခဲ့ကြောင်း သိရသည်။
ဇွန် ၁၀ ရက်တွင် သမ္မတ Mnangagwa က Mashonaland East ပြည်နယ် Mudzi ခရိုင် Makaha မြို့ရှိ Radnor သတ္တုတွင်းအနီး၌ အမေရိကန်ဒေါ်လာ ၃၅ သန်းတန် ရွှေကြိတ်ခွဲပြန်လည်ရယူသည့်စက်ရုံအား လုပ်ငန်းအပ်နှံခဲ့ကြောင်း သိရသည်။

Radnor Mining ဓာတ်သတ္တုတူးဖော်သည့်ကုမ္ပဏီသည် ZimCN ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး ZimCN သည်ဒေသတွင်း နှင့် တရုတ်ရင်းနှီးမြှုပ်နှံသူများအကြား အစုစပ်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဖြစ်ကြောင်း သိရသည်။

“ဒီလိုရင်းနှီးမြှုပ်နှံမှုတွေ ၊ စူးစမ်းရှာဖွေတဲ့လှုပ်ရှားမှုတွေကို တိုးမြှင့်တာတွေ ၊ ပိတ်ထားတဲ့သတ္တုတွင်းတွေ ပြန်ကောင်းလာအောင်လုပ်တာတွေ ၊ သတ္တုတွင်းအသစ်တွေ တူးဖော်တာတွေ ၊ လက်ရှိသတ္တုတွင်းတွေ ချဲ့ထွင်တာတွေနဲ့ ပိုပြီးထိရော်ဖြစ်ထွန်းစေတဲ့ ဓာတ်သတ္တုတူးဖော်တဲ့ နည်းပညာသစ်တွေကို အားကောင်းစေတယ်၊ ၂၀၂၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ ဓာတ်သတ္တုတူးဖော်ရေးကဏ္ဍဆိုင်ရာ ကျွန်တော်တို့ရဲ့ ဓာတ်သတ္တုတူးဖော်ရေးကဏ္ဍရည်မှန်းချက်ကို ဖြည့်ဆည်းပေးရာမှာ အထောက်အကူဖြစ်ပါတယ်”ဟု သမ္မတ Mnangagwa က ပြောကြားခဲ့သည်။

ရွှေသည် ဇင်ဘာဘွေနိုင်ငံ၏ အကြီးဆုံးနိုင်ငံခြားဝင်ငွေ၏ အကြီးဆုံးအရင်းအမြစ် ဖြစ်ပြီး ၎င်းမှာ ဓာတ်သတ္တုတူးဖော်ခြင်းကဏ္ဍတိုးတက်မှုရည်မှန်းချက်အတွက် ကန်ဒေါ်လာ ၄ ဘီလီယံ အကျိုးဆောင်နိုင်မည်ဟု မျှော်မှန်းကြောင်း သိရသည်။
ရွှေစက်ရုံလုပ်ငန်းစတင်လည်ပတ်ထုတ်လုပ်ပြီးနောက်တစ်ပတ်အကြာတွင် သမ္မတ Mnangagwa က Masvingo ပြည်နယ် Bikita ခရိုင်၌ လီသီယံ ဓာတ်သတ္တုတူးဖော်ထုတ်လုပ်ရေးစက်ရုံတစ်ရုံတည်ဆောက်ရန် ဒေါ်လာသန်း ၂၀၀ တန် စီမံကိန်း စတင်ဆောင်ရွက်ခြင်းအခမ်းအနားအား ကြီးမှူးကျင်းပခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့အစိုးရက ဇင်ဘာဘွေနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကုမ္ပဏီတွေရဲ့ ဆန္ဒကို အလေးထားပါတယ်။ ဒါက အားလုံးအတွက် အပြန်အလှန် အကျိုးရှိစေပြီးတော့ ကျွန်တော်တို့ရဲ့ စီးပွားရေး ကဏ္ဍအသီးသီးမှာ ရင်းနှီးမြှုပ်နှံကြတဲ့ ထိပ်တန်းအဆင့် တရုတ်လုပ်ငန်းစုအများအပြားကို ဖြစ်ပေါ်ခဲ့ပါတယ်။”ဟု သမ္မတ Mnangagwa က ပြောကြားခဲ့သည်။
ထိုအပြင် ဤရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘာလုံးဆိုင်ရာလျှပ်စစ်ကားလုပ်ငန်းတွင် ဇင်ဘာဘွေနိုင်ငံ၏ အခြေအနေအား ခိုင်မာလာစေကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဇင်ဘာဘွေနိုင်ငံမှာ လီသီယံ ဓာတ်သတ္တုတူးဖော်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုက ကုန်ထုတ်လုပ်ရေးလုပ်ငန်းတန်ဖိုးကွင်းဆက် တိုးတက်နှင့်ချိတ်ဆက်မယ်လို ကျွန်တော်ခန့်မှန်းထားတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ဇင်ဘာဘွေနိုင်ငံ၏ များပြားလှသည့်လီသီယံသတ္တုသိုက်များကြောင့် နိုင်ငံသည် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးအား ဦးတည်သည့် စွမ်းအင် သုတေသန ၊ ဖွံ့ဖြိုးတိုးတက်မှု ၊ ထုတ်လုပ်မှု နှင့် ဒေသတွင်း လီသီယံအခြေခံဖြေရှင်းချက်များ၏ ဗဟိုတစ်ခု ဖြစ်လာရန် အနေအထားရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

Bikita လီသီယံသဘောတူညီချက်သည် တရုတ်နိုင်ငံ၏ Zhejiang Huayou Cobalt သတ္တုတွင်းလုပ်ငန်းကုမ္ပဏီက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဒေါ်လာ ၄၂၂ သန်းဖြင့် ဟာလာရယ်မြို့အနီးရှိ Arcadia လီသီယံသတ္တုတွင်းအား ဝယ်ယူခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
စီမံကိန်းအား လာမည့်နှစ်တွင် အလျှင်အမြန် အကောင်အထည်ဖော်မည်ဖြစ်ပြီး သတ္တုရိုင်းတန်ချိန် ၄ ဒသမ ၅ သန်းဝန်းကျင် သန့်စင်ပေးနိုင်ပြီး တစ်နှစ်လျှင် လီသီယံသတ္တုရိုင်းသန့် တန်ချိန် ၄၀၀,၀၀၀ ထုတ်လုပ်ပေးနိုင်သည့် စက်ရုံတစ်ရုံအား တည်ဆောက်ရေး နှင့် သတ္တုတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဝန်းကျင် ရင်းနှီးမြှုပ်နှံသွားရန် ရည်မှန်းထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

ဇင်ဘာဘွေနိုင်ငံသည် အာဖရိက၏ လီသီယံသတ္တု အများဆုံးရှိသောနေရာအား ပိုင်ဆိုင်ထားသည်။ ဇင်ဘာဘွေနိုင်ငံသည် လီသီယံတင်ပို့မှုများအား ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၂ သန်းရှိရာမှ လာမည့်နှစ်မှစတင်ကာ ဒေါ်လာ သန်း ၅၀၀ ရရှိရေး ကြီးမားသောရည်မှန်းချက်အား ချမှတ်ခဲ့ကြောင်း သိရသည်။

ရွှေ နှင့် စိန် သတ္တုတူးဖော်မှုများအပြင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများသည် အခြားတွင်းထွက်ပစ္စည်းများဖြစ်သော လီသီယံ ၊ ရွှေ ၊ သတ္တုထည် ၊ စိန် ၊ နီကယ်စသည့် သတ္တုတူးဖော်ရေးတွင် စိတ်ဝင်စားမှုရှိကြကြောင်း သိရသည်။
ကမ္ဘာ့ထိပ်တန်း နီကယ် နှင့် သံမဏိထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော တရုတ်နိုင်ငံ၏ Tsingshan Holdings Group က ဟာလာရယ်မြို့မှ ကီလိုမီတာ ၁၉၀ ခန့်အကွာရှိ Mvuma မြို့၌ သံသတ္တုရိုင်းသတ္တုတွင်း နှင့် ကာဗွန်သံမဏိစက်ရုံတစ်ရုံအား တည်ဆောက်နေကြောင်း သိရသည်။

ဒေါ်လာ တစ်ဘီလီယံတန်စီမံကိန်း ပြီးစီးပါက ဒေသတွင်း၌ အကြီးဆုံးသံမဏိစက်ရုံများအနက် တစ်ရုံ ဖြစ်လာမည် ဖြစ်ကာ အဓိကသံမဏိထုတ်လုပ်သောနိုင်ငံအဖြစ် ဇင်ဘာဘွေနိုင်ငံကို အားဖြည့်ပေးနိုင်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။
ဒေသတွင်းအကျိုးခံစားခွင့်အတွက် အစိုးရ၏ တွန်းအားပေးမှုအား ပံ့ပိုးပေးရန်အတွက် ဇင်ဘာဘွေနိုင်ငံ၌ အကြီးဆုံး ferrochrome ထုတ်လုပ်သူများအနက် တစ်ခုဖြစ်သည့် Tsingshan ၏ ကုမ္ပဏီခွဲ AfroChine သည် သတ္တုထည်အရည်ကျိုစက်ရုံတည်ဆောက်မှုတွင် ပမာဏအများအပြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်တွင် Tsingshan ၏ တစ်ခြားကုမ္ပဏီခွဲဖြစ်သည့် Dinson Colliery ကုမ္ပဏီက Matebeleland North ပြည်နယ် Hwange မြို့၌ ၎င်းတို့၏ စက်ရုံ၌ ကုတ်မီးသွေးထုတ်လုပ်မှု စတင်ခဲ့ပြီးနောက် ဇင်ဘာဘွေနိုင်ငံ၏ တန်ဖိုးမြှင့်ဆောင်ရွက်မှုသည် အရေးပါသောအားပေးမြှင့်တင်မှုကို ရရှိခဲ့ကြောင်းလည်း သိရသည်။
ထင်ရှားသောတရုတ်ရင်းနှီးမြှုပ်နှံမှုများသည် အနက်ရောင်နှမ်းဖတ်ကျောက် သတ္တုတူးဖော်ရေး ၊ ထုတ်လုပ်ရေး ၊ ကျောက်မီးသွေး တူးဖော်ခြင်း ၊ ထုတ်လုပ်ခြင်း နှင့် ဓာတ်အားထုတ်လုပ်ခြင်း ၊ နီကယ်တို့တွင် ရှိကြောင်းလည်း သိရသည်။ (Xinhua)

————————–
(English Version)

Chinese investments give new impetus to Zimbabwe’s mining sector growth
Source: Xinhua Editor: huaxia 2022-07-02 20:16:16
Zimbabwe is witnessing an influx of Chinese investments in the mining sector, as the resource-rich southern African country seeks to increase mineral production and maximize beneficiation in order to get better returns from its vast mineral wealth.
HARARE, July 2 (Xinhua) — Zimbabwe is witnessing an influx of Chinese investments in the mining sector, as the resource-rich southern African country seeks to increase mineral production and maximize beneficiation in order to get better returns from its vast mineral wealth.
In 2019, Zimbabwe set out an ambitious drive to more than quadruple mining sector revenue by hauling minerals worth 12 billion U.S. dollars by 2023.
In 2021, the country earned about 5.7 billion dollars in mineral exports, a huge leap from 3.2 billion dollars recorded the previous year.
Chinese investments in the mining sector are expected to play a significant role in the realization of Zimbabwe’s mining sector recovery and growth plans.
In the month of June alone, Zimbabwean President Emmerson Mnangagwa commissioned two major Chinese mining projects in gold and lithium mining.
On June 10, Mnangagwa commissioned a 35 million U.S. dollar gold crush and recovery plant by Radnor mine in Makaha, Mudzi district in the Mashonaland East Province.
Radnor Mining firm, is a subsidiary of ZimCN, a partnership between local and Chinese investors.
“Such investments, enhanced exploration activities, the resuscitation of closed mines, opening of new mines, expansion of existing mines, and adoption of new and more efficient mining techniques are contributing to the realization of our mining sector target of a 12 billion U.S. dollar mining sector by 2023,” said Mnangagwa.
Gold is Zimbabwe’s largest foreign currency earner, and the precious metal is expected to contribute 4 billion dollars towards the envisaged mining sector growth ambition.
A week following the commissioning of the gold plant, Mnangagwa officiated the launch of Sinomine’s 200 million dollar project to build a lithium mining and processing plant in Bikita, Masvingo Province.
“My government cherishes the willingness of companies from the People’s Republic of China to invest in Zimbabwe. This has led to a number of top tier Chinese conglomerates investing in various sectors of our economy, with win-win benefits for all,” Mnangagwa said.
In addition, he said the investment solidifies Zimbabwe’s position in the global electric car industry.
“It is my expectation that the development of the lithium mining sector in Zimbabwe will lead to growth of value chain linkages in the manufacturing industry,” said Mnangagwa.
He added that given Zimbabwe’s vast lithium deposits, the country is positioned to become a center of research, development and manufacturing of green energy and lithium-based solutions in the region.
The Bikita lithium deal followed China’s Zhejiang Huayou Cobalt’s acquisition of the Arcadia lithium mine near Harare for 422 million dollars in December last year.
“We intend to develop the project rapidly over the next year and invest around 300 million U.S. dollars to develop the mine and construct a process plant with a capacity to treat around 4.5 million tonnes of ore and produce 400,000 tonnes of lithium concentrate per annum,” the company said.
Zimbabwe possesses Africa’s largest lithium reserves. The country has set an ambitious target of earning 500 million dollars from lithium exports starting from next year from 2 million in 2017.
Apart from gold and diamond mining, investors from China have also shown interest in the mining of lithium, gold, chrome, diamonds, nickel, among other minerals.
China’s Tsingshan Holdings Group, the world’s top producer of nickel and stainless steel, is constructing an iron ore mine and a carbon steel plant in Mvuma, about 190 km from Harare.
The one billion dollar project, which upon completion will become one of the largest steel plants in the region, is expected to reinvigorate Zimbabwe as a major steel producer.
To support the government’s push for local beneficiation, AfroChine, a subsidiary of Tsingshan, and one of the largest ferrochrome producers in Zimbabwe, has made notable investments in the construction of chrome smelters.
Last year Zimbabwe’s value addition drive also received a major boost after Dinson Colliery Company, another subsidiary of Tsingshan, commenced coke production at its plant in Hwange, Matebeleland North Province.
Notable Chinese investments have also been recorded in black granite mining and processing, coal mining, processing and power generation, nickel, among others. ■
Photo 1 – Panashe Shayawabaya, a Chinese language interpreter, speaks through a walkie-talkie at a mining site in Hwange, Matebeleland North Province, Zimbabwe, on June 13, 2022. (Photo by Tafara Mugwara/Xinhua)
Photo 2 – The file photo shows a track loader driver goes about his work at Shamva Gold Mine in Mashonaland Central, Zimbabwe, Nov. 18, 2020. (Xinhua/Shaun Jusa)