Connect with us

Videos

တရုတ်နိုင်ငံ၏ အနောက်ပိုင်းမှ အရှေ့ပိုင်းသို့ လျှပ်စစ်သွယ်တန်းပေးပို့ရေး စီမံကိန်းစတင်

ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အနောက်ပိုင်းမှ အရှေ့ပိုင်းသို့ လျှပ်စစ်ဓါတ်အားပို့လွှတ်ရေး ၏ အဓိက အစိတ်အပိုင်းကြီး တစ်ခုအား ဇူလိုင် ၁ ရက်တွင်စတင်ခဲ့ရာ ယင်းမှာ မတူညီသည့်ဒေသများအကြား ဟန်ချက်ညီစွာဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင်ရာတွင် ထပ်မံမြှင့်တင်ပေးနိုင်ခဲ့သည်။
ပိုင်ဟဲ့ထန်း-ကျန်းစူး ၈၀၀ ကီလိုဗို့ထ် UHV လျှပ်စစ်ဓါတ်အားတိုက်ရိုက်ပို့လွှတ်ရေးစီမံကိန်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်မှ တရုတ်နိုင်ငံအရှေ့ပိုင်းလျှပ်စစ် စွမ်းအင် သုံးစွဲမှုများပြားသည့်ဒေသဖြစ်သော ကျန်းစုပြည်နယ်သို့ သန့်စင်သည့်ရေအားလျှပ်စစ်ကို ပို့လွှတ်ပေးသည်။

ဓါတ်အားပို့လွှတ်ရေးလိုင်းမှာ ၂,၀၈၀ ကီလိုမီတာခန့် အရှည်ရှိသည်။ယင်းမှာ သမားရိုးကျ တိုက်ရိုက်လျှပ်စစ်ပေးပို့မှု နှင့် အနေအထားအလိုက် လျှပ်စစ်ပို့လွှတ်မှုနည်းပညာတို့ကို ပေါင်းစပ်ထားသည့် နည်းပညာသစ်ဖြင့် လျှပ်စစ်ပို့ဆောင်သော ကမ္ဘာ့ပထမဆုံး UHV လျှပ်စစ်တိုက်ရိုက်ပို့လွှတ်ရေးစီမံကိန်းတစ်ခု ဖြစ်သည်။

တရုတ်နိုင်ငံ၏ အနောက်ဘက်မှ အရှေ့ဘက်သို့လျှပ်စစ်သွယ်တန်းပေးပို့ခြင်းအစီအစဉ်သည် နိုင်ငံ၏ လျှပ်စစ်စွမ်းအင် ထောက်ပံ့ရေးနှင့် ဒေသအသီးသီးရှိ လျှပ်စစ်လိုအပ်ချက်များကို ဟန်ချက်ညီမျှမှုရှိစေရန် စီမံဆောင်ရွက်ခြင်းဖြစ်သည်။

စီမံကိန်းသည် တရုတ်နိုင်ငံအနောက်ပိုင်းဒေသများတွင် ကြွယ်ဝလျက်ရှိသည့် လျှပ်စစ်ဓါတ်အား အရင်းအမြစ်များအား တရုတ်နိုင်ငံအရှေ့ပိုင်းဒေသများတွင် စီးပွားရေးလုပ်ငန်းဆောင်တာများအတွက် မရှိမဖြစ်အသုံးပြုရသည့် လျှပ်စစ်ဓါတ်အားများအဖြစ် လွှဲပြောင်းပို့ဆောင်ပေးခြင်း ဖြစ်သည်။

စီမံကိန်းကြောင့် ကျောက်မီးသွေးတန်ချိန်ပေါင်း ၁၄ သန်းကို ချွေတာနိုင်ပြီး ၎င်းမှ နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ထုတ်လွှတ်မှုတန်ချိန်ပေါင်း ၂၅ သန်းကျော်ကို လျှော့ချရာတွင် အထောက်အကူဖြစ်စေမည် ဟုသိရသည်။ (Xinhua)

……………………………..
(English Version)
Major project of China’s west-to-east power transmission program starts operation
A major part of China’s west-to-east power transmission program kicked off operation Friday, a further boost to the coordinated development among different regions.

The Baihetan-Jiangsu 800-kilovolt ultra-high-voltage (UHV) direct current power transmission project transmits clean hydropower from the southwestern province of Sichuan to east China’s economic powerhouse Jiangsu Province.

The transmission line stretches about 2,080 km.

It is the world’s first UHV direct current power transmission project using a new approach that combines the conventional direct current and flexible direct current technologies.

China’s west-to-east power transmission program seeks to balance the country’s electricity supply and demand in different regions.

It transmits the electricity surplus in western regions rich in power-generating resources to eastern regions which need much electricity to power economic activities.

Some 14 million tonnes of coal could be saved thanks to the project, which can help reduce carbon dioxide emissions by over 25 million tonnes every year.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.