Connect with us

Africa & Middle East

BRICS စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာရန် တောင်အာဖရိကအရာရှိ တောင်းဆို

ပုံစာ- တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျင့်ပြည်နယ် ရှမန်းမြို့ ၌ ၂၀၂၂ ခုနှစ် မေ ၂၃ တွင်ကျင်းပပြုလုပ်သည့် စက်မှုလုပ်ငန်းအင်တာနက် နှင့် ဒီဂျစ်တယ် ထုတ်ကုန်ဆိုင်ရာ BRICS Forum အစည်းအဝေးတွင် တက်ရောက်လာကြသူများအားတွေ့ရစဉ်(ဆင်ဟွာ)

ဂျိုဟန်နစ္စဘတ် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

ကမ္ဘာကြီးတွင် စိန်ခေါ်မှုအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေရသဖြင့် BRICS အဖွဲ့အနေဖြင့် စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာစေရန် နှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် တောင်အာဖရိကနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဌာန(DIRCO) ၏ အာရှ နှင့် အရှေ့အလယ်ပိုင်းရေးရာ ဒုတိယညွှန်ကြားရေးမှူးချုပ် Anil Sooklal က တောင်းဆိုခဲ့သည်။“ BRICS အဖွဲ့ဝင် နိုင်ငံအားလုံးကို သိပ်ကိုရှင်းလင်းတဲ့ပြောကြားမှုတစ်ခုလုပ်ချင်ပါတယ် ၊ ကျွန်တော်တို့ဟာ စည်းလုံးညီညွတ်ရမယ်၊ ပိုပြီးလည်း ကျွန်တော်တို့ရဲ့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရမယ် ၊ ကမ္ဘာ့တောင်ဘက်အခြမ်းနဲ့ အပြန်အလှန်ချိတ်ဆက်မှုကို တိုးလုပ်သွားဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆင်ဟွာသို့ပြောကြားခဲ့သည်။

Sooklal က BRICS ပူးပေါင်းဆောင်ရွက်မှုသည် နယ်ပယ်ကဏ္ဍများစွာတွင် အပေါင်းလက္ခဏာအသီးအပွင့်များ ရရှိခဲ့ကြောင်း ဆိုသည်။
“ ကျွန်တော်တို့ဟာ BRICS ကာကွယ်ဆေး သုတေသနနဲ့ ဖွံ့ဖြိုးမှု စင်တာကို တည်ဆောက်ခဲ့ပါတယ် ၊ အဲဒီနေရာမှာ ကာကွယ်ဆေးထုတ်လုပ်ဖို့ ၊ ထုတ်လုပ်နိုင်စွမ်း ၊ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်တွေ အတွက် အချက်အလက်တွေကို စုဆောင်း ရရှိပါတယ် ” ဟု ၎င်း ကဆိုသည်။

ဘဏ္ဍာရေးဆိုင်ရာရှေ့တန်းစစ်မျက်နှာအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်အသစ်သည် BRICS ပူးပေါင်းဆောင်ရွက်မှုအတွက် အပေါင်းလက္ခဏာခွန်အားသစ်တစ်ခုကို ပေးစွမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။ “ စီမံကိန်းအရေအတွက်များစွာမှာ ပြီးခဲ့တဲ့ ငါးနှစ်တာကာလကစလို့ ဘဏ်ဟာ သိပ်ကိုခိုင်မာစွာ တည်ရှိလာခဲ့ပါတယ် ၊ ကျွန်တော်တို့ရဲ့ အခြေခံအဆောက်အဦတည်ဆောက်မှုနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေမှာ အသုံးပြုဖို့ အားလုံးကို ထောက်ပံ့ပေးခဲ့ပါတယ် ၊ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ် အောက်ကနေ တောင်အာဖရိကနိုင်ငံဟာ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ အကျိုးဖြစ်ထွန်းခဲ့ပါတယ်” ဟု ဆက်ပြောကြားခဲ့သည်။

Sooklal က ကမ္ဘာ့တောင်ပိုင်းတွင် စိန်ခေါ်မှုအမျိုးမျိုးဖြင့် ရင်ဆိုင်ကြုံတွေ့နေရခြင်း ၊ ကမ္ဘာလုံးဆိုင်ရာပထဝီနိုင်ငံရေး နှင့် စီးပွားရေးအခင်းအကျင်းတွင် လွဲမှားသောမျဉ်းကြောင်းများဖြစ်ပေါ်နေရာ ယင်းမှာ အချို့သောနိုင်ငံများကို မျက်နှာသာပေးသည့် မတူညီသော နိုင်ငံတကာဗိသုကာ အခင်းအကျင်းကြောင့် BRICS အနေဖြင့် ဆက်စပ်သက်ရောက်မှုရှိနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။

“BRICS အနေနဲ့ ဒီစိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နဲ့ ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ နိုင်ငံတွေက သက်ရောက်မှုရှိတဲ့ ကိစ္စရပ်တွေအပေါ် ခြေရာခံဖို့ စုပေါင်းလုပ်ဆောင်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါဟာ BRICS တစ်ခုတည်းက လုပ်ရမယ့်အရာမျိုးမဟုတ်ဘဲ ဈေးကွက်ပေါ်ထွန်းစနဲ့ ကမ္ဘာ့တောင်ဘက်အခြမ်းမှာ ပြောဆိုနိုင်ကြမယ့် ဖွံ့ဖြိုးဆဲနိုင်တွေနဲ့အတူ BRICS ရဲ့မိတ်ဖက်တွေကလည်းပဲ လုပ်ရမယ့်အရာပါ ။ လက်ရှိကမ္ဘာလုံးဆိုင်ရာဗိသုကာ ပုံစံမျိုးကို ကျွန်တော်တို့ လက်မခံနိုင်သလို အားလုံးပါဝင်ပြီး ပိုမိုကိုယ်စားပြုတဲ့ အခင်းအကျင်းကို ဖော်ဆောင်ဖို့ ပိုမိုအားထုတ်ဆောင်ရွက်သွားရမှာဖြစ်ပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ကမ္ဘာကြီးတွင် အထူးသဖြင့် ကမ္ဘာ့တောင်ဘက်အခြမ်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ၊ ယူကရိန်းအကျပ်အတည်း ၊ စီးပွားရေးစိန်ခေါ်မှုများ ၊ အစားအစာနှင့်စွမ်းအင် မလုံလောက်ခြင်း ခြိမ်းခြောက်မှု နှင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပို့ကွင်းစက် အနှောက်အယှက်ခံရမှုတို့ဖြင့် ကြုံတွေ့ခံစားနေရပြီး အများစုမှာ ကမ္ဘာ့ကုလသမဂ္ဂစနစ်အပြင်ဘက်က အချို့သောနိုင်ငံအနည်းငယ်က လုပ်ဆောင်ခဲ့သည့် မျှတမှုမရှိသော တစ်ဖက်သတ်ပိတ်ဆို့အရေးယူမှုများ၏ အကျိုးဆက်များဖြစ်ကြောင်း ၎င်းကဆိုသည်။

“ ဒါကြောင့် ကျွန်တော်တို့ပြောဆိုကြရမှာပါ။ အဲဒီမမျှတတဲ့လုပ်ရပ်တွေကို ဆန့်ကျင်ဖို့ စုစုစည်းစည်းလုပ်ဆောင်ရပါမယ် ” ဟု Sooklal က ဆိုသည်။

“ မမျှတတဲ့စနစ်ကြီးကို စိန်ခေါ်ဖို့ ကမ္ဘာ့တောင်ဘက်အခြမ်းမှာ စုပေါင်း အင်အားစု တစ်ရပ်နဲ့ တုန့်ပြန် သွားခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။(Xinhua)

——————————–

Interview: S. African official calls for BRICS to strengthen solidarity
JOHANNESBURG, June 5 (Xinhua) — The BRICS should strengthen solidarity and deepen cooperation as the world confronts multiple challenges, said Anil Sooklal, deputy director-general for Asia and the Middle East at the Department of International Relations and Cooperation (DIRCO) of South Africa.
“There was a clear call from all of the BRICS countries that we need to solidify, even more, our cooperation and that we need to interact more with the global South,” he told Xinhua.
Sooklal said the BRICS cooperation has yielded positive results in many sectors. “We launched the BRICS Vaccine Research and Development Center, where we collectively address the issues of vaccine production, the issue of capacity, especially in developing countries.”
On the financial front, the New Development Bank has been a positive force for BRICS cooperation, he said. “In terms of the number of projects that have been initiated over the past five years since the bank came into existence, where it has assisted all of us in terms of our infrastructure and sustainable development projects. South Africa has benefited to the tune of over billions of U.S. dollars on projects under the New Development Bank.”
Sooklal said the BRICS remain relevant due to many challenges facing the global South and fault lines in the global geopolitical and economic landscape, where there is an unbalanced international architecture that favors certain countries.
“I think BRICS has to work collectively to address these challenges and fast track the issues affecting the countries of the global South. Therefore not only BRICS, but also BRICS’ partnership with the emerging market and developing countries can be a voice of the global South, calling for actions to ensure that we don’t accept the current uneven global architecture, and should make it more inclusive and representative,” he added.
The world, especially the global South, has been suffering from the COVID-19 pandemic, the crisis in Ukraine, economic challenges, threats to food and energy security and global supply chains disruption, most of which are the result of unjust unilateral sanctions imposed outside the United Nations system by a select few countries.
“So we have to speak out and act collectively against these unjust measures,” Sooklal said. “I think the best way is to act as a collective force in the global South to challenge the unjust system.”

 

Photo – Participants attend the opening ceremony of the BRICS Forum on Development of Industrial Internet and Digital Manufacturing in Xiamen, southeast China’s Fujian Province, May 23, 2022. (Xinhua/Lin Shanchuan)