Connect with us

China

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အခြေစိုက် ကနေဒါ ကောင်စစ်ဝန်ချုပ်ရုံးမှ သံတမန်အရာရှိတစ်ဦးအား “မကြိုဆိုထိုက်သူ”အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကြေညာ

ပေကျင်း၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ အခြေစိုက် ကနေဒါ ကောင်စစ်ဝန်ချုပ်ရုံးမှ သံတမန်အရာရှိတစ်ဦးအား “မကြိုဆိုထိုက်သူ” အဖြစ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၉ ရက်တွင် ကြေညာခဲ့သည်။

ကနေဒါနိုင်ငံ တိုရွန်တိုမြို့ အခြေစိုက် တရုတ် ကောင်စစ်ဝန်ချုပ်ရုံးမှ သံတမန်တစ်ဦးအား “မကြိုဆိုထိုက်သူ” အဖြစ် ကနေဒါ အစိုးရက
မေ ၉ ရက်တွင် ကြေညာခဲ့သည်။ ထို့အပေါ် တရုတ်နိုင်ငံက ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်းနှင့် ခိုင်မာစွာ ကန့်ကွက်ကြောင်းဖော်ပြခဲ့သလို အလေးအနက်ထား ဖြေရှင်းရန်နှင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ကြောင်း ကနေဒါဘက်သို့ အဆိုပြုပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ၏ အဓိပ္ပါယ်မဲ့လုပ်ဆောင်အပေါ် ညီမျှသည့် တုံ့ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံက ဆုံးဖြတ်ထားရာ ရှန်ဟိုင်းမြို့ အခြေစိုက် ကနေဒါ ကောင်စစ်ဝန်ချုပ်ရုံး၏ ကောင်စစ်ဝန် Jennifer Lynn Lalondeကို ““မကြိုဆိုထိုက်သူ””အမည်စာရင်းတွင် ထည့်သွင်းပြီး မေ ၁၃ ရက်မတိုင်မီ တရုတ်နိုင်ငံမှ ထွက်ခွါရန် တောင်းဆိုထားကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လိုအပ်ပါက တစ်ဆင့်တိုး တုံ့ပြန်ပိုင်ခွင့် ထားရှိသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………..
(Chinese Version)
外交部发言人宣布加拿大驻上海总领馆一名外交官为“不受欢迎的人”
新华社北京5月9日电 外交部发言人9日宣布加拿大驻上海总领馆一名外交官为“不受欢迎的人”。
5月9日,加拿大政府宣布将中国驻多伦多总领馆一名外交官列为“不受欢迎的人”。中方对此表示强烈谴责和坚决反对,已向加方提出严正交涉和强烈抗议。
针对加方无理行径,中方决定采取对等反制措施,将加拿大驻上海总领馆领事甄逸慧列为“不受欢迎的人”,已要求其5月13日前离华。中方保留作出进一步反应的权利。(完)