Connect with us

Africa & Middle East

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းတွင် မုန်တိုင်းကြောင့် သေဆုံးသူ ၅,၅၀၀ ကျော် ရှိပြီ ဖြစ်

လစ်ဗျားနိုင်ငံ Derna မြို့ ရေဘေးဒဏ်သင့်နေရာအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ -The eastern-based government of Libya/Handout via Xinhua)

ထရီပိုလီ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းဒေသတွင် ဟာရီကိန်းမုန်တိုင်း “Daniel” ကြောင့် သေဆုံးသူ ၅,၅၀၀ ကျော် ရှိပြီး လူ ၁၀,၀၀၀ ခန့် ပျောက်ဆုံးနေကြောင်း လစ်ဗျား အမျိုးသား ညီညွတ်ရေး အစိုးရ ကျန်းမာရေးဝန်ကြီးဌာန၏ အရေးပေါ်ရေးရာဌာနက စက်တင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။

မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ လစ်ဗျားနိုင်ငံ အရှေ့ပိုင်းဒေသတွင် သေဆုံးသူ ၅,၅၀၀ ကျော်၊ ဒဏ်ရာရသူ ၇,၀၀၀ ကျော်နှင့် ပျောက်ဆုံးနေသူ ၁၀,၀၀၀ ခန့် ရှိကြောင်း အရေးပေါ်ရေးရာဌာန ပြောရေးဆိုခွင့်ရှိသူ Usama Aliင က ယင်းနေ့တွင် ဆင်ဟွာကို ပြောကြားခဲ့သည်။
ကပ်ဘေးကြောင့် ယင်းဒေသတွင် လူပေါင်း ၃၀,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့ပြီး အခြေခံကုန်ပစ္စည်းများ ဆိုးရွားစွာ လိုအပ်နေကြောင်း သိရသည်။

လက်ရှိ ကပ်ဘေးသင့်ဒေသများတွင် ရုပ်အလောင်းများ အဆက်မပြတ် ဆယ်ယူနေရကြောင်းနှင့် သေဆုံးဒဏ်ရာရသူ နောက်ဆုံး မည်မျှရှိသည်ကို အတည်မပြုနိုင်သေးကြောင်း Usama Aliင ကဆိုသည်။
ဟာရီကိန်းမုန်တိုင်း “Daniel” သည် စက်တင်ဘာ ၁၀ ရက်က လစ်ဗျားနိုင်ငံ အရှေ့ပိုင်းဒေသ မြေထဲပင်လယ်ကမ်းခြေမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခြင်းကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ အရှေ့ပိုင်းဒေသ မြို့များ ဖြစ်သည့် Derna ၊ Bayda နှင့် Shehat တို့တွင် သေဆုံးဒဏ်ရာရမှု အများအပြား ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ကပ်ဘေးဒဏ်သင့် ဒေသများကို နိုင်ငံတကာ အသိုက်အဝန်းက ကူညီပံ့ပိုးမှုများ ပေးကြရန် လစ်ဗျား သမ္မတ ကောင်စီ ဥက္ကဋ္ဌ Mohammad al-Manfi က စက်တင်ဘာ ၁၁ ရက်တွင် တိုက်တွန်းထားသည်။ (Xinhua)

…………………………………
(Chinese Version)
利比亚东部飓风遇难人数已超5500人
新华社突尼斯9月13日电(记者潘晓菁)的黎波里消息:利比亚民族团结政府卫生部的应急部门13日说,飓风“丹尼尔”在利比亚东部地区已造成超过5500人遇难,另有约1万人失踪。
应急部门发言人乌萨马•阿里当天在接受新华社记者电话采访时说,因飓风引发的洪水在利比亚东部地区已造成5500多人死亡,7000多人受伤,约1万人失踪。灾害造成该地区约3万人流离失所,基本物资严重短缺。他表示,目前在受灾地区不断打捞起遗体,尚无法确认最终伤亡人数。
飓风“丹尼尔”10日在利比亚东部地中海沿岸登陆并引发洪水,在东部城市德尔纳、贝达和舍哈特造成大量人员伤亡。利比亚总统委员会主席曼菲11日呼吁国际社会向上述灾区提供援助。
1. 这是9月11日在利比亚东部城市德尔纳拍摄的洪水过后的景象。新华社发(利比亚国民代表大会任命的政府供图)