Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား လိုက်ပါစီးနင်း

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း Halim ဘူတာပလက်ဖောင်းပေါ်တွင် မြန်နှုန်းမြင့် ဘက်စုံသုံးလျှပ်စစ်ရထား (EMU) တစ်စင်းနှင့် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော သမ္မတ ဂျိုကိုဝီဒိုဒိုကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒိုသည် တရုတ်နိုင်ငံက အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်အောက်ရှိ အထင်ကရစီမံကိန်းတစ်ခုဖြစ်သော ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထား (HSR) ပေါ်၌ စက်တင်ဘာ ၁၃ ရက်က လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း Halim ဘူတာပလက်ဖောင်းပေါ်တွင် မြန်နှုန်းမြင့် ဘက်စုံသုံးလျှပ်စစ်ရထား (EMU) ၏ ခရီးသည်ခုံ၌ ထိုင်နေသော သမ္မတ ဂျိုကိုဝီဒိုဒိုကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း Halim ဘူတာပလက်ဖောင်းပေါ်တွင် မြန်နှုန်းမြင့် ဘက်စုံသုံးလျှပ်စစ်ရထား (EMU) ၏ ခရီးသည်ခုံ၌ ထိုင်နေသော သမ္မတ ဂျိုကိုဝီဒိုဒိုကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

သမ္မတ ဝီဒိုဒိုသည် မြို့တော် ဂျကာတာတွင် Halim ဘူတာတည်ဆောက်ရေးလုပ်ငန်းကို သွားရောက်စစ်ဆေးခဲ့ကြောင်း၊ HSR ဖြင့် အနောက်ဂျာဗားပြည်နယ် Padalarang ဘူတာသို့ ဆိုက်ရောက်ပြီးနောက် ရထားပြေးဆွဲရေး ဖွင့်ပွဲအတွက် အလုံးစုံပြင်ဆင်မှုလုပ်ငန်းအစီရင်ခံမှုကိုလည်း နားထောင်ခဲ့ကြောင်း သိရသည်။
ဝီဒိုဒိုက တရုတ်နှင့် အင်ဒိုနီးရှား အလုပ်သမားများ၏ ကြိုးပမ်းအားထုတ်မှုများအတွက် ချီးကျူးပြောကြားခဲ့ပြီး ဂျကာတာ-ဘန်ဒေါင်း HSR ကို အောက်တိုဘာလအစောပိုင်းတွင် စီးပွားရေးလုပ်ငန်းသုံးလည်ပတ်ပြေးဆွဲရန် တရားဝင်စတင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရထားစီးနင်းရသည့် အတွေ့အကြုံမှာ အဆင်ပြေချောမွေ့၍ သက်သောင့်သက်သာရှိကြောင်း ဝီဒိုဒိုက ပြောခဲ့သည်။ အင်ဒိုနီးရှားပြည်သူများအနေဖြင့် ဂျကာတာမြို့နှင့် ဘန်ဒေါင်းမြို့ကြား ယာဉ်အသွားအလာ အခက်အခဲကို သက်သာစေရန် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို မကြာခဏအသုံးပြုကြမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သမ္မတ ဝီဒိုဒိုသည် ဒုတိယမြောက် သမ္မတသက်တမ်းအတွင်း HSR စီမံကိန်းကို ကြည့်ရှုစစ်ဆေးသည့် စတုတ္ထအကြိမ် ဖြစ်ကြောင်းနှင့် မြန်နှုန်းမြင့်ရထား လိုက်ပါစီးနင်းခြင်းမှာမူ ပထမဆုံးဖြစ်ကြောင်း သိရသည်။
ဂျကာတာ-ဘန်ဒေါင်း HSR သည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာနှင့် အနောက်ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်းအား ချိတ်ဆက်ထားခြင်းဖြစ်သည်။

တစ်နာရီလျှင် ၃၅၀ ကီလိုမီတာနှုန်းဖြင့် ပြေးဆွဲရန် ဒီဇိုင်းထုတ်လုပ်ထားသော အဆိုပါ ရထားလမ်းသည် အရှည် ၁၄၂.၃ ကီလိုမီတာရှိပြီး မြို့နှစ်မြို့ကြား ခရီးသွားကြာမြင့်ချိန်ကို ၃ နာရီကျော်ရှိရာမှ မိနစ် ၄၀ ခန့်အထိ လျှော့ချပေးမည် ဖြစ်သည်။

အဆိုပါ စီမံကိန်းသည် တရုတ်နိုင်ငံ၏ ရထားလုပ်ငန်းစနစ်များ၊ နည်းပညာနှင့် စက်မှုလုပ်ငန်းယန္တရားများကို အပြည့်အဝအသုံးပြုသည့် ပထမဆုံး ပြည်ပရှိ မြန်နှုန်းမြင့်ရထားလမ်းပရောဂျက်လည်း ဖြစ်သည်။ (Xinhua)

………………………………
(English Version)
Indonesian president takes ride on Jakarta-Bandung High-Speed Railway
JAKARTA, Sept. 13 (Xinhua) — Indonesian President Joko Widodo took a ride Wednesday on the Jakarta-Bandung High-Speed Railway (HSR), a landmark project under the China-proposed Belt and Road Initiative.
Widodo examined the construction progress at Halim Station in the capital Jakarta, and listened to the report of overall preparation for the opening to operation after arriving at Padalarang Station in West Java province by the HSR.
Speaking highly of the efforts made by Chinese and Indonesian workers, Widodo said the Jakarta-Bandung HSR would officially start commercial operation in early October.
Widodo described the train-taking experience as smooth and comfortable. He expressed his hope for the Indonesian people to use public transportation more frequently to ease the traffic pressure between Jakarta and Bandung.
This was the fourth time during Widodo’s second presidential term to inspect the HSR project and the first time for him to take the HSR.
The Jakarta-Bandung HSR connects Indonesia’s capital Jakarta and West Java’s provincial capital Bandung.
With a design speed of 350 km per hour, the railway spanning 142.3 km will cut the journey between the two cities from over three hours to around 40 minutes.
It is the first overseas high-speed railway project that fully uses Chinese railway systems, technology, and industrial components.
Photo 1: Indonesian President Joko Widodo poses for photos with a high-speed electric multiple unit (EMU) train on the platform of Halim Station of the Jakarta-Bandung High-Speed Railway in Jakarta, Indonesia, Sept. 13, 2023. (Xinhua/Xu Qin)
Photo 2: Indonesian President Joko Widodo sits in the cabin of a high-speed electric multiple unit (EMU) train for the Jakarta-Bandung High-Speed Railway in Indonesia, Sept. 13, 2023. (Xinhua/Xu Qin)