Connect with us

Africa & Middle East

ကရာချိတိုက်ခိုက်မှုပြီးနောက် ပါကစ္စတန်နိုင်ငံက တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ဆက်လက်တိုးမြှင့်သွားမည်ဟု ပါကစ္စတန်သမ္မတ ပြောကြား

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူများအတွက် ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi က ဧပြီ ၃၀ ရက်တွင် အစ္စလာမ်မာဘတ်မြို့ရှိ တရုတ်သံရုံး၌ ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ မေ ၁ ရက်(ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ ကရာချိမြို့၌ ယခုသီတင်းပတ်အစောပိုင်းတွင် အကြမ်းဖက်တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ပြီးနောက် ဧပြီ ၃၀ ရက်တွင် ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi သည် ပါကစ္စတန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ၎င်းတို့၏ ဆက်ဆံရေးအား လျော့ပါးစေရန် မည်သို့သောကြံစည်အားထုတ်မှုမျိုးမဆို တားဆီးပိတ်ပင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကရာချိတက္ကသိုလ်ရှိ ကွန်ဖြူးရှပ်အင်စတီကျု့၏ ကျောင်းကြို/ပို့ ဗင်ကားတစ်စီးသည် ဧပြီ ၂၆ ရက်တွင် တိုက်ခိုက်ခံရပြီး တရုတ်ကျောင်းဆရာ သုံးဦး သေဆုံးခဲ့ကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi က အစ္စလာမ်မာဘတ်မြို့ရှိ တရုတ်နိုင်ငံသံရုံးသို့ သွားရောက်ခဲ့စဉ်အတွင်း ကျောင်းဆရာများ သေဆုံးခဲ့သည်နှင့်ပတ်သက်၍ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပြီး တိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့သည်။ သမ္မတ Arif Alvi က ပါကစ္စတန်နိုင်ငံအနေဖြင့် အကြမ်းဖက်ဝါဒကို ဆန့်ကျင်တိုက်ဖျက်ရန် တက်နိုင်သမျှ လုပ်ဆောင်သွားမည် ဖြစ်ပြီး နိုင်ငံတွင်းရှိ တရုတ်နိုင်ငံသားများ နှင့် အဖွဲ့အစည်းများ၏ ဘေးကင်းလုံခြုံမှုကို အာမခံကြောင်း ပြောကြားခဲ့သည်။

သေဆုံးသွားသူများသည် ပါကစ္စတန်နိုင်ငံ နှင့် တရုတ်နိုင်ငံတို့အကြား ပြည်သူအချင်းချင်း ကူးလူးဆက်ဆံရေး မြှင့်တင်ပေးခဲ့သည့် ချစ်ကြည်ရေး သံတမန်များ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့ပြီး အကြမ်းဖက်သမားများသည် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ တည်ဆောက်မှု နှင့် ပါကစ္စတန်-တရုတ် ချစ်ကြည်ရေးကို ထိခိုက်ပျက်စီးစေရေး ရည်ရွယ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု နှင့် စင်္ကြံတည်ဆောက်ရေးသည် ပါကစ္စတန်နိုင်ငံ၏ သံမဏိကဲ့သို့ ခိုင်မာသည့် ညီအကို ဖြစ်သည့် တရုတ်နိုင်ငံ၏ အားပေးမှုမပါဝင်ဘဲ အောင်မြင်နိုင်မည် မဟုတ်ကြောင်း သမ္မတ Arif Alvi က အလေးအနက် ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသံရုံးမှ သံရုံးတာဝန်ခံ Pang Chunxue က ပါကစ္စတန်နိုင်ငံ သမ္မတ Arif Alvi ၏ လာရောက်မှုအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး တရုတ်နိုင်ငံအနေဖြင့် အကြမ်းဖက်တိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးကာ ပြစ်မှုကျူးလွန်သူများအား တရားမျှတမှု ယူဆောင်ပေးရန် ပါကစ္စတန်ဘက်အား တောင်းဆိုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံရှိ တရုတ်နိုင်ငံသားများ ၊ စီမံကိန်းများ နှင့် အဖွဲ့အစည်းများ၏ ဘေးကင်းလုံခြုံမှုရှိစေရန် ပါကစ္စတန်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်ကာ ဒေသတွင်းငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေးအား မြှင့်တင်သွားမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
Pakistan to continue advancing ties with China after Karachi attack, says president
ISLAMABAD, April 30 (Xinhua) — Pakistan will thwart any attempt to undermine its relations with China, Pakistani President Arif Alvi said here on Saturday, after a terrorist attack killed three Chinese nationals in Karachi earlier this week.
A shuttle passenger van of the Confucius Institute at the University of Karachi was attacked on Tuesday, which has left three Chinese teachers killed.
During his visit to the Chinese Embassy in Islamabad, the president expressed condolences to the Chinese side over the deaths of the teachers, and strongly condemned the attack, saying that Pakistan will spare no effort to fight against terrorism and ensure the safety of Chinese citizens and institutions in the country.
The victims were friendly ambassadors who promoted people-to-people exchanges between Pakistan and China, he said, adding that the terrorists aimed at damaging the Pakistan-China friendship and the construction of the China-Pakistan Economic Corridor.
Pakistan’s development and the corridor construction cannot be achieved without the support of China, an “iron brother” of Pakistan, the president stressed.
Pang Chunxue, charge d’affaires of the Chinese Embassy in Pakistan, thanked Alvi for his visit, and said that China strongly condemns the terrorist attack and has asked the Pakistani side to investigate the incident and bring the perpetrators to justice.
China will join hands with Pakistan to ensure the safety of the Chinese citizens, projects and institutions in Pakistan, combat terrorism and promote regional peace and stability, she added. ■
Photo – Pakistani President Arif Alvi signs a condolence book for the victims of a terrorist attack at the Chinese Embassy in Islamabad, Pakistan, April 30, 2022. A shuttle passenger van of the Confucius Institute at the University of Karachi was attacked on Tuesday, which has left three Chinese teachers killed. (Xinhua/Jiang Chao)