Connect with us

CHINA

COVID-19 ကူးစက်မှု ရုတ်တရက်မြင့်တက်လာခြင်းကို ထိန်းချုပ်ရန် ပေကျင်းမြို့၌ ကန့်သတ်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

တရုတ်နိုင်ငံပေကျင်းမြို့ Daxing ခရိုင်၌ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် ဒေသခံတစ်ဦးကို ကျန်းမာရေးဝန်ထမ်းတစ်ဦးက နျူကလိအက်စ်စစ် စစ်ဆေးရန် နှာခေါင်းတို့ဖက် နမူနာ ရယူနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၁ ရက်(ဆင်ဟွာ)

စနေနေ့တွင် စတင်သည့် အလုပ်သမားနေ့အားလပ်ရက် ၅ ရက်တာ ကာလအတွင်း လူအများအပြားသွားလာလှုပ်ရှားခြင်းမှ ရောဂါကူးစက်မှု မြင့်တက်လာမည်ကို အကောင်းဆုံးလျှော့ချနိုင်ရန်အတွက် တရုတ်နိုင်ငံ ပေကျင်းမြို့တော်၌ COVID-19 ကန့်သတ်မှုများကို တိုးမြှင့် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံပေကျင်းမြို့ Daxing ခရိုင်၌ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် ဒေသခံများ နျူကလိအက်စစ် စစ်ဆေးမှုခံယူရန် ကိုယ်ရေးအချက်အလက်များကို ကျူအာကုတ်စနစ်ဖြင့် ဖြည့်သွင်းနေစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံပေကျင်းမြို့ Daxing ခရိုင်၌ ၂၀၂၂ ခုနှစ် ဧပြီ ၃၀ ရက်တွင် ဒေသခံများ နျူကလိအက်စစ် စစ်ဆေးမှုခံယူရန် ကိုယ်ရေးအချက်အလက်များကို ကျူအာကုတ်စနစ်ဖြင့် ဖြည့်သွင်းနေစဉ်(ဆင်ဟွာ)

ပြီးခဲ့သော သောကြာနေ့ ညနေ ၃ နာရီ မှ စနေနေ့ ညနေ ၃ နာရီအထိ ကာလအတွင်း ပေကျင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ပြည်တွင်းကူးစက်မှု အတည်ပြုလူနာသစ် ၅၉ ဦး နှင့် လက္ခဏာမပြကူးစက်မှု ၈ ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။ ဧပြီ ၂၂ ရက်မှ စတင်ကာ မြို့တော်အတွင်းရှိ ခရိုင် ၁၃ ခုတွင် ပြည်တွင်းကူးစက်မှု အတည်ပြုလူနာပေါင်း ၂၉၅ ဦးထိ ရှိခဲ့ကြောင်း သိရသည်။

ပေကျင်းမြို့တွင် ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအမြင့်ဆုံး နေရာ ၆ ခု နှင့် ကူးစက်မှု အလယ်အလတ်အဆင့် နေရာ ၂၃ ခုရှိကြောင်း သိရသည်။

ပေကျင်းမြူနီစပယ်စီးပွားရေးဗျူရို Ding Jianhua ၏ ပြောကြားချက်အရ ပေကျင်းမြို့၌ နောက်ဆုံးဖြစ်ပွားခဲ့သော ကူးစက်မှုအများစုသည် စားသောက်ဆိုင်များမှ တဆင့်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဆင့်ပွားကူးစက်မှုများအန္တရာယ်လျော့ပါးရေးအတွက် စားသောက်ဆိုင်များ၌ ဆိုင်ထိုင်စားသောက်ခွင့်ကို ယာယီဆိုင်းငံ့ထားပြီး မေ ၁ ရက် မှ ၄ ရက်အထိ ကာလအတွင်း ပါဆယ်ဖြင့် (အိမ်အရောက်ပို့စနစ်)ဝယ်ယူခြင်းကိုသာ ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

ထို့ပြင် ပေကျင်းမြို့၌ မိုးရွာသွန်းသော နေ့ရက်များအတွက် အဆင်ပြေချောမွေ့စေရေး ယာယီဆေးရုံများကို တည်ဆောက်သွားရန်လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအချိန်အထိ ပေကျင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများအတွက် ကုတင် ၄,၀၀၀ ကျော်ကို အသင့်အနေအထား အရံပြင်ဆင်ထားရှိပြီး အများစုကို လိုအပ်ချက်အရ ယာယီဆေးရုံများသို့ အလုံးအရင်းဖြစ် ပို့ဆောင်ပေးလျက်ရှိကြောင်း ပေကျင်းမြူနီစပယ်ကော်မရှင် ဒုတိယညွှန်ကြားရေးမှူး Li Ang က ဧပြီ ၃၀ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ ယာယီဆေးရုံတွေကိ ရောဂါဝေဒနာအလယ်အလတ်အဆင့် ခံစားရသူတွေနဲ့ လက္ခဏာမပြကူးစက်သူတွေကို ကုသဖို့ တည်ဆောက်ထားတာဖြစ်ပြီး ဒါဟာ ကပ်ရောဂါ ကူးစက်ပြန့်နှံ့မှု လမ်းကြောင်းကို ဖြတ်တောက်ပစ်ဖို့အတွက် ထိရောက်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ပြီးတော့ ဆေးဘက်ဆိုင်ရာအရင်းအမြစ်တွေကို ဝန်ပိအားမဖြစ်အောင် လျှော့ချဖို့နဲ့ ပြည်သူတွေကို အချိန်နဲ့တစ်ပြေးညီရောဂါကုသမှုပေးနိုင်အောင် သေချာစေဖို့ သိပ်ကိုအရေးပါတဲ့ လုပ်ဆောင်ချက်လည်းဖြစ်ပါတယ်” ဟု Li က ဆိုသည်။

ဒေသခံများအားအနေဖြင့် အလွန်အမင်ထိတ်လန့်မှုဖြစ်ပွားရန် မလိုအပ်ကြောင်း ၊ လက်ရှိတွင် “ ပေကျင်းမြို့၌ လူနာသိပ်အများကြီးမရှိသေးပါဘူး ဒါပေမယ့် ကျွန်တော်တို့ဘက်ကတော့ ကြိုတင်ပြင်ဆင်မှုအစီအစဉ်ကို လုပ်ထားရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အလုပ်သမားနေ့(မေဒေး) အားလပ်ရက်အတွင်း အများပြည်သူဆိုင်ရာနေရာများသို့ ဝင်ထွက်သွားလာသူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးမှု(နျူကလိအက်စစ် စစ်ဆေးမှု)တွင် ရောဂါကင်းရှင်းကြောင်းရလဒ်ထုတ်ဖော်ပြသရန်လိုအပ်ကြောင်း သိရသည်။

ပန်းခြံများ ၊ ဖျော်ဖြေရေးအတွက် အမိုးပွင့်နေရာများ နှင့် ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှု အခမ်းအနားနေရာများသည် အားလပ်ရက်ကာလအတွင်း ဧည့်သည်ဝင်ရောက်ခွင့်ကို အမြင့်ဆုံးဝင်ဆံ့နိုင်သောအရေအတွက်၏ ထက်ဝက်ကိုသာ ခွင့်ပြုပေးသွားမည်ဖြစ်သည်။

ထို့ပြင်မြို့တော်အစိုးရအနေဖြင့် မေ ၅ ရက်မှ စတင်ကာ အများပြည်သူဆိုင်ရာနေရာများ လာရောက်လည်ပတ်သူများ သို့မဟုတ် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် အသုံးပြုသူများအနေဖြင့် ၇ ရက်တာအတွင်း စစ်ဆေးထားသည့် ရောဂါပိုးကင်းရှင်းကြောင်း နျူကလိအက်စစ် စစ်ဆေးမှုရလဒ်ကို ထုတ်ဖော်ပြသရမည်ဖြစ်ပြီး မေ ၃ ရက် မှစတင်ကာ ပြည်သူများ၏ ကျန်းမာရေးအတွက် နျူကလိအက်စစ် အခမဲ့စစ်ဆေးပေးခြင်း အစီအစဉ်များကို စတင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

…………………………………..
(English Version)
China Focus: Beijing ups restrictions to contain latest COVID-19 flare-ups
BEIJING, April 30 (Xinhua) — The Chinese capital city of Beijing intensified restrictive measures against COVID-19 on Saturday to best reduce cross-infection as high mobility is expected during the five-day Labor Day holiday starting from Saturday.
Beijing reported 59 new locally transmitted confirmed COVID-19 cases and eight asymptomatic cases between 3 p.m. Friday and 3 p.m. Saturday. A total of 295 local infections in 13 districts have been logged in the city since April 22.
Beijing now has six high-risk areas and 23 medium-risk areas for COVID-19.
According to Ding Jianhua with the Beijing Municipal Commerce Bureau, many cases in the lastest upsurge in Beijing were infected at restaurants. Thus, to reduce the risk of cross-infection, restaurants in Beijing will suspend eat-in and switch to delivery services from May 1 to 4.
Beijing is also preparing to construct makeshift hospitals for a rainy day.
So far, about 4,000 beds have been reserved for COVID-19 infections in Beijing, and more venues are being transformed into large-scale makeshift hospitals in case of need, Li Ang, deputy director of the Beijing Municipal Health Commission, told a press conference on Saturday.
“The makeshift hospitals are built to treat mild cases and asymptomatic carriers, which is an effective means to block the spread of the epidemic. It’s also vital to reduce overuse of medical resources and ensure that citizens get medical treatment in time,” said Li.
Li added that residents need not panic as there are currently “not so many patients in Beijing, but we should plan ahead.”
A negative nucleic acid test result is required to enter public venues during the Labor Day holiday.
Parks, open venues for entertainment and cultural activities will cap the number of visitors at half of the maximum flow during the holiday.
The city government also requires people who enter public places or take public transport to hold a negative nucleic acid test within seven days starting from May 5. Nucleic acid testing will be made available to citizens free of charge from May 3 to facilitate the public.
Photo – A medical worker takes a swab sample from a resident for nucleic acid testing in Daxing District, Beijing, capital of China, April 30, 2022. (Xinhua/Peng Ziyang)