Connect with us

Europe

ရုရှားက ပစိဖိတ်သမုဒ္ဒရာတွင် ကြီးမားသော စစ်ရေးလေ့ကျင့်မှု ပြီးဆုံး

ပစိဖိတ်သမုဒ္ဒရာတွင် စစ်ရေးလေ့ကျင့်မှုအတွင်း လက်နက်များပစ်ခတ်နေသည်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇွန် ၁၀ ရက်က ထုတ်ပြန်ထားသည်ကို တွေ့ရစဉ်

မော်စကို၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ စစ်တပ်က ပစိဖိတ်သမုဒ္ဒရာတွင် စစ်ရေးလေ့ကျင့်မှုအကြီးအကျယ်ပြုလုပ်ခြင်းကို ဇွန် ၁၀ ရက်က အဆုံးသတ်ခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

သီတင်းပတ်ကြာ ပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုများအတွင်း တိုက်ခိုက်ရေးလေ့ကျင့်မှု ၃၀၀ ကျော် ပြုလုပ်ခဲ့ပြီး ယင်းအနက် လေ့ကျင့်မှု ၁၇၀ တွင်လက်နက်များလက်တွေ့အသုံးပြုမှုလည်း ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

သင်္ဘောသားများကလည်း ရေငုပ်သင်္ဘောများရှာဖွေခြင်း၊ အမြေက်ပစ်ခတ်ခြင်းနှင့် တိကျမှုမြင့်မားသော ပင်လယ်အခြေစိုက်လက်နက်များဖြင့် ပစ်မှတ်များအား တိုက်ခိုက်ခြင်း စသည်တို့အား လေ့ကျင့်ခဲ့ကြသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုများအတွင်း ရုရှား ပစိဖိတ်ရေယာဉ်တပ်ဖွဲ့မှ စစ်လေယာဉ်များနှင့် ထောက်ပံ့ရေးယာဉ် ၄၀ ကျော်အပြင် လေယာဉ် ၂၀ ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
Russia completes massive military drills in the Pacific
Source: XinhuaEditor: huaxia2022-06-11 03:26:14
MOSCOW, June 10 (Xinhua) — The Russian military wrapped up large-scale exercises in the Pacific Ocean on Friday, according to an official statement.
During the week-long drills, more than 300 combat exercises were conducted, 170 of which involved the practical use of weapons, the Russian Defense Ministry said in a statement.

The sailors practiced searching submarines, firing artillery and striking targets with high-precision sea-based weapons.

More than 40 warships and support vessels as well as about 20 aircraft of the Russian Pacific Fleet participated in the exercises. ■
Photo :
Screengrab of footage released by the Russian Defense Ministry on June 10, 2022 shows weapon firing during drills in the Pacific Ocean.