Connect with us

Africa & Middle East

ကဘူးလ်မြို့၌ စုံတွဲ ပေါင်း ၇၀ အတွက် ပရဟိတအဖွဲ့က မင်္ဂလာပွဲကြီး စီစဉ်ပေး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့၌ ဇွန် ၁၃ ရက်တွင်ပြုလုပ်သည့် စုံတွဲများစွာ ပါဝင်သော မင်္ဂလာပွဲကြီးတစ်ခု၌ သတိုးသားများကို တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဇွန် ၁၅ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့၌ စုံတွဲပေါင်း ၇၀ အတွက် ဒေသတွင်းပရဟိတအဖွဲ့အစည်းက မင်္ဂလာဆောင်ပွဲကြီးတစ်ခုကို စီစဉ်ပေးခဲ့ကြောင်း နိုင်ငံပိုင် Bakhtar သတင်းအေဂျင်စီက ဇွန် ၁၄ ရက်တွင် ဖော်ပြခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့၌ ဇွန် ၁၃ ရက်တွင်ပြုလုပ်သည့် စုံတွဲများစွာ ပါဝင်သော မင်္ဂလာပွဲကြီးတစ်ခု၌ သတိုးသမီးများကို တွေ့ရစဉ်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်မြို့၌ ဇွန် ၁၃ ရက်တွင်ပြုလုပ်သည့် စုံတွဲများစွာ ပါဝင်သော မင်္ဂလာပွဲကြီးတစ်ခု၌ သတို့သားများကို တွေ့ရစဉ်(ဆင်ဟွာ)

“မနေ့တုန်းက ကဘူးလ်မြို့မှာ စုံတွဲ ၇၀ အတွက် Silab ဖောင်ဒေးရှင်းက မင်္ဂလာပွဲကြီးတစ်ခုကို ကျင်းပပြုလုပ်ခဲ့ပါတယ်။စီးပွားရေးပြသနာတွေကြောင့် ဒီစုံပွဲတွေက တစ်ဦးချင်း မင်္ဂလာပွဲတွေ မစီစဉ်နိုင်ခဲ့ပါဘူး။”ဟု Bakhtar သတင်းအေဂျင်စီက သတင်းတွင် ဖော်ပြထားသည်။

အာဖဂန်နစ္စတန်နိုင်ငံ၌ လက်ထပ်ပွဲကျင်းပခြင်းက ကုန်ကျစရိတ်ကြီးမားသည်။ ပုံမှန်မင်္ဂလာပွဲတစ်ခုတွင် သတိုးသား၏ မိသားစုသည် သတိုးသား နှင့် သတိုးသမီးမိသားစု နှစ်ဘက်လုံးမှ ဧည့်သည် ရာနှင့်ချီကို ဖိတ်ကြားရပြီး ပုံမှန်အားဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ မှ ၂၀,၀၀၀ အထိ ကုန်ကျကြောင်း သိရသည်။
တာလီဘန်ဦးစီးသော အုပ်ချုပ်ရေးအဖွဲ့က ထိမ်းမြားလက်ထပ်ခြင်းနှင့်ပတ်သက်၍ ငွေဖြုန်းတီးခြင်းကို ရှောင်ကြဉ်ရန် ပြည်သူများအား ပြောကြားထားကြောင်း သိရသည်။ (Xinhua)

…………………………….
(English Version)

Charity body arranges mass wedding for 70 couples in Kabul
Source: Xinhua Editor: huaxia 2022-06-15 10:34:16
A local charity organization has arranged a mass wedding party in Afghanistan’s capital city Kabul for 70 couples who were unable to arrange wedding parties individually due to economic problems.
KABUL, June 15 (Xinhua) — A local charity organization has arranged a mass wedding party for 70 couples in Afghanistan’s capital city Kabul, the state-run Bakhtar news agency reported Tuesday.
“The Silab Foundation held a mass wedding for 70 couples in Kabul yesterday. The couples were unable to arrange wedding parties individually due to economic problems,” Bakhtar said in its report.
In Afghanistan, holding a marriage ceremony is expensive. In a normal wedding party, the groom’s family has to invite hundreds of guests from both groom and bride families which normally costs at least 10,000 to 20,000 U.S. dollars.
The Taliban-run administration has called on people to avoid wasting money on marriages.■
Photo 1 – Photo taken on June 13, 2022 shows grooms at a mass wedding party in Kabul, Afghanistan. (Str/Xinhua)
Photo 2 – Photo taken on June 13, 2022 shows brides at a mass wedding party in Kabul, Afghanistan. (Str/Xinhua)
Photo 3 – Photo taken on June 13, 2022 shows grooms at a mass wedding party in Kabul, Afghanistan. (Str/Xinhua)