Connect with us

မြန်မာ-ENG

အမေရိကန်နိုင်ငံတွင် ရေကြီးရေလျှံမှုပြင်းထန်ခြင်းကြောင့် Yellowstone အမျိုးသားဥယျာဉ်ကို ယာယီပိတ်ထား

အမေရိကန်နိုင်ငံ Yellowstone အမျိုးသားဥယျာဉ်၏ အရှေ့မြောက်ဘက်ဝင်ပေါက်လမ်းအား Lamar မြစ်က တိုက်စားနေသည်ကို ဇွန် ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- U.S. National Park Service/Handout via Xinhua)

လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံတွင် ရေကြီးရေလျှံမှုပြင်းထန်ခြင်း၊ ကျောက်တုံးပြိုကျခြင်းနှင့် ရာသီဥတုဆိုးဝါးသော အခြေအနေများကြောင့် အကြီးဆုံးနှင့် လူသိအများဆုံး အမျိုးသားဥယျာဉ်များအနက် တစ်ခုဖြစ်သော Yellowstone အမျိုးသားဥယျာဉ်၏ ဝင်ပေါက်များအားလုံးကို ယာယီပိတ်ထားလိုက်ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ Yellowstone အမျိုးသားဥယျာဉ်၏ မြောက်ဘက်ဝင်ပေါက်တစ်လျှောက် Gardner မြစ်အား အမေရိကန် အမျိုးသားဥယျာဉ်ဝန်ဆောင်မှုမှ ဇွန် ၁၃ ရက်က ထုတ်ပြန်သော ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ – U.S. National Park Service/Handout via Xinhua)

အမေရိကန်နိုင်ငံ Soda Butte ပျော်ပွဲစားနေရာအနီး Yellowstone အမျိုးသားဥယျာဉ်တစ်နေရာကို အမေရိကန် အမျိုးသားဥယျာဉ်ဝန်ဆောင်မှုမှ ဇွန် ၁၃ ရက်က ထုတ်ပြန်သော ဓာတ်ပုံ၌ တွေ့ရစဉ် (ဓာတ်ပုံ – U.S. National Park Service/Handout via Xinhua)

Wyoming ပြည်နယ်၏ အနောက်မြောက်ဘက်စွန်းတွင် ကျယ်ပြန့်စွာတည်ရှိပြီး မွန်တားနားနှင့် အိုင်ဒါဟို ပြည်နယ်များအထိ ကျယ်ဝန်းသော စတုရန်းကီလိုမီတာ ၈၉၉၁ ရှိသည့် ကန္တာရအပန်းဖြေနေရာအား အနည်းဆုံး ဇွန် ၁၅ ရက်တစ်ရက်လုံး ဧည့်သည်များဝင်ရောက်ခြင်းကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း အဆိုပါဥယျာဉ်၏ တရားဝင်ဝက်ဘ်ဆိုက်က ဇွန် ၁၃ ရက် မွန်းလွဲပိုင်းတွင် တင်ခဲ့သော သတင်းထုတ်ပြန်ချက်၌ ဥယျာဉ်တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ပန်းဥယျာဉ်မှာ စံချိန်တင် ရေကြီးရေလျှံတဲ့ ဖြစ်ရပ်တွေနဲ့ မိုးရွာသွန်းခြင်းများစွာ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် ပြည်တွင်းခရီးသွားများအားလုံးအတွက် Yellowstone ကိုပိတ်ထားဖို့ ဆုံးဖြတ်ချက် ချခဲ့တာဖြစ်ပါတယ်” ဟု Yellowstone အမျိုးသားဥယျာဉ် ကြီးကြပ်ရေးမှူး Cam Sholly က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

“လမ်းနဲ့ တံတား ပျက်စီးမှုတွေ၊ မြေပြိုမှုတွေနဲ့ အခြားကိစ္စတွေ အများကြီးဖြစ်ပွားနေတဲ့ ဥယျာဉ်မြောက်ဘက်ပိုင်းကို ရွှေ့ပြောင်းဖို့ ပထမဦးစားပေးထားပါတယ်” ဟု Sholly က ပြောကြားခဲ့သည်။ ဥယျာဉ်တာဝန်ရှိသူများအနေဖြင့်လည်း “မွန်တားနားကောင်တီနဲ့ ပြည်နယ်တို့နဲ့အတူ နေရာအချို့က လတ်တလော ရေနဲ့ လျှပ်စစ်မီး မရရှိတဲ့ ဒေသခံတွေအတွက် မရှိမဖြစ် ထောက်ပံ့မှုတွေပေးအပ်ဖို့ လုပ်ဆောင်နေပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။

ခရီးသည်များအနေဖြင့် ရေကြီးရေလျှံမှုလယ်ဗယ်များ မြင့်မားလာမည်ဟု ခန့်မှန်းခြင်းနှင့် ရေနှင့် စွန့်ပစ်ရေစနစ်များ စိုးရိမ်မှုများကြောင့် ၎င်းဥယျာဉ်၏ တောင်ဘက်ခြမ်းမှလည်း ရွှေ့ပြောင်းသွားမည်ဖြစ်ကြောင်း ဥယျာဉ်ကြီးကြပ်ရေးမှူးက မှတ်ချက်ပြုခဲ့သည်။

နွေရာသီသည် Yellowstone ဥယျာဉ်၌ လူဝင်ရောက်မှုအများဆုံးဖြစ်လေ့ရှိသည်။ ယမန်နှစ်က ခရီးသွားဧည့်သည် ၄.၈၆ သန်းခန့် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

သည်းထန်စွာရွာသွန်းသောမိုးများကြောင့် တံတားများ မျောပါခြင်း၊ လမ်းများပျက်စီးခြင်း ဖြစ်ပေါ်ခဲ့ကာ ဘေးလွတ်ရာရွှေ့ပြောင်းခြင်းလုပ်ငန်းကိုလည်း ချက်ချင်းဆောင်ရွက်ခဲ့ကြောင်းနှင့် Yellowstone အမျိုးသားဥယျာဉ်အတွင်းနှင့် အနီးဝန်းကျင်ရှိရပ်ကွက်များမှာလည်း ရေကြီးရေလျှံမှု အပြင်းထန်ဆုံးနေရာအချို့၌ ပါဝင်ကြောင်း ဒေသတွင်းသတင်းစာ Helena Independent Record က သတင်းဖော်ပြခဲ့သည်။ (Xinhua)

………………………..
(English Version)

Yellowstone National Park in U.S. closed temporarily due to heavy flooding
Source: XinhuaEditor: huaxia2022-06-15 07:30:10
LOS ANGELES, June 14 (Xinhua) — All entrances to the Yellowstone National Park, one of the largest and best-known national parks in the United States, have been closed temporarily due to heavy flooding, rockslides, and extremely hazardous conditions, authorities said.

The 8,991-square-kilometer wilderness recreation area, largely in the northwest corner of Wyoming and extending into Montana and Idaho states, will remain closed to visitors through at least Wednesday, said park officials in a news release posted on the park’s official website Monday afternoon.

“Due to record flooding events in the park and more precipitation in the forecast, we have made the decision to close Yellowstone to all inbound visitation,” said Cam Sholly, the superintendent of the Yellowstone National Park, in a statement.

“Our first priority has been to evacuate the northern section of the park where we have multiple road and bridge failures, mudslides and other issues,” said Sholly, adding that park officials “are working with the county and State of Montana to provide necessary support to residents, who are currently without water and power in some areas.”

The superintendent also noted that visitors will be evacuated from the southern loop of the park due to anticipated higher flood levels and concerns with water and wastewater systems.

Summer is usually the busiest season in Yellowstone. The park attracted approximately 4.86 million visitors last year.

Local newspaper Helena Independent Record reported that torrential rains have washed out bridges, eroded roadways and prompted evacuations, and communities in and around the Yellowstone National Park are among some of the hardest hit. ■
Photo 1 : Photo released by U.S. National Park Service on June 13, 2022 shows the Lamar River eroding the Yellowstone National Park’s Northeast Entrance Road, the United States. All entrances to the Yellowstone National Park, one of the largest and best-known national parks in the United States, have been closed temporarily due to heavy flooding, rockslides, and extremely hazardous conditions, authorities said. (U.S. National Park Service/Handout via Xinhua)
Photo 2 : Photo released by U.S. National Park Service on June 13, 2022 shows the Gardner River alongside the Yellowstone National Park’s North Entrance Road, the United States. All entrances to the Yellowstone National Park, one of the largest and best-known national parks in the United States, have been closed temporarily due to heavy flooding, rockslides, and extremely hazardous conditions, authorities said. (U.S. National Park Service/Handout via Xinhua)
Photo 3 : Photo released by U.S. National Park Service on June 13, 2022 shows part of the Yellowstone National Park’s Northeast Entrance Road washed out near Soda Butte Picnic Area, the United States. All entrances to the Yellowstone National Park, one of the largest and best-known national parks in the United States, have been closed temporarily due to heavy flooding, rockslides, and extremely hazardous conditions, authorities said. (U.S. National Park Service/Handout via Xinhua)