Connect with us

Economy

တရုတ်နိုင်ငံ ချုံချင့်မြို့၏ နိုင်ငံခြားကုန်သွယ်မှုမှာ ပထမ သုံးလပတ်အတွင်း မြင့်တက်

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ဦးတည်ထွက်ခွါမည့် ကုန်တင်ရထားတစ်စင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်၊ ကျန့်ကျင်းခရိုင်ရှိ Xiaonanya ဘူတာမှ မတ် ၂ ရက်က ထွက်ခွာလာစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစီပယ်ဒေသ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ် ပထမသုံးလပတ်အတွင်း ယွမ် ၁၉၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃၀.၇ ဘီလီယံခန့်) ကျော်ရှိခဲ့ပြီး ယမန်နှစ်ကထက် ၉.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ချုံချင့် အကောက်ခွန်အာဏာပိုင်များက ဧပြီ ၂၀ ရက်က ပြောကြားခဲ့သည်။သွင်းကုန်များအနေဖြင့် ယမန်နှစ်ကထက် ၁.၆ ရာခိုင်နှုန်းဖြင့် ယွမ် ၆၉.၄ ရာခိုင်နှုန်းနီးပါး ရှိခဲ့သလို ပို့ကုန်များမှာလည်း ၁၄ ရာခိုင်နှုန်းဖြင့် ယွမ် ၁၂၇.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ သွင်းကုန်နှင့် ပို့ကုန်မှာလည်း ဆက်လက်အားကောင်းခဲ့သည်။ ပထမသုံးလပတ်အတွင်း ချုံချင့်ရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ သွင်းကုန်နှင့် ပို့ကုန်မှာ ယွမ် ၉၈.၉ ဘီလီယံအထိ ရောက်ရှိခဲ့ရာ ယမန်နှစ်ကထက် ၁၂ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ သွင်းကုန်နှင့် ပို့ကုန်မှာလည်း ယွမ် ၈၀.၃ ဘီလီယံအထိ ရောက်ရှိခဲ့ကာ ယမန်နှစ်ကထက် ၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်းနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများမှာမူ ယွမ် ၁၇.၇ ဘီလီယံဖြင့် ၅.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) နှင့် အီးယူတို့နှင့် ချုံချင့်၏ နိုင်ငံခြားကုန်သွယ်မှုမှာ ယွမ်၃၂.၆ ဘီလီယံခန့်နှင့် ယွမ် ၂၉.၈ ဘီလီယံခန့် အသီးသီးရှိခဲ့ကြောင်း၊ ယခင်နှစ်ကထက် ၈ ရာခိုင်နှုန်းနှင့် ၅.၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် ရပ်ဝန်းနှင့်ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများနှင့် ချုံချင့်မြူနီစီပယ်ကြား ကုန်သွယ်မှုမှာလည်း ယမန်နှစ်ကထက် ၁၃.၄ ရာခိုင်နှုန်း မြင့်တက်လာခဲ့ရာ ယွမ် ၅၆.၉ ဘီလီယံအထိ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

#China, #Chongqing, #ForeignTrade, #Xinhua, #Myanmar, #XinhuaMyanmar, #တရုတ်, #ချုံချင့်, #နိုင်ငံခြားကုန်သွယ်မှု, #ဆင်ဟွာ, #မြန်မာ #ဆင်ဟွာမြန်မာ

…………………………………………
(English Version)

Chongqing’s foreign trade grows 9.3 pct in Q1

Source: Xinhua

Editor: huaxia

2022-04-20 16:36:15
CHONGQING, April 20 (Xinhua) — Southwest China’s Chongqing Municipality saw its foreign trade exceed 197 billion yuan (about 30.7 billion U.S. dollars) in the first quarter of 2022, an increase of 9.3 percent year on year, the city’s customs authorities said Wednesday.

Of the total, exports rose 14 percent year on year to 127.7 billion yuan, while imports gained 1.6 percent to nearly 69.4 billion yuan.

The import and export of foreign-invested enterprises remained vigorous. In the first quarter, the import and export of foreign-invested enterprises in Chongqing reached 98.9 billion yuan, up 12 percent year on year. The import and export of private enterprises reached 80.3 billion yuan, up 7 percent year on year, and that of state-owned enterprises reached 17.7 billion yuan, up 5.4 percent.

During the period, Chongqing’s foreign trade with the Association of Southeast Asian Nations (ASEAN) and the EU stood at about 32.6 billion yuan and 29.8 billion yuan, respectively, up 8 percent and 5.6 percent from the previous year.

The municipality’s trade with countries along the Belt and Road reached 56.9 billion yuan with a year-on-year increase of 13.4 percent. ■
Photo : Aerial photo shows a cargo train bound for Vientiane, Laos, departing from Xiaonanya station in Jiangjin District, southwest China’s Chongqing Municipality, March 2, 2022. (Xinhua/Tang Yi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.